ရာဇာပလ္လင်ထက်မှာ ခြင်္သေ့တော့ ခြင်္သေ့ … ဒါပေမယ့် …

နိုင်ငံတော်ဇာတာဆိုတာ လွတ်လပ်ရေးရပြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စတင် တည်ဆောက်ခဲ့ တဲ့ နေ့ ရက်အချိန်တို့ နဲ့တွဲယူထားတာကို ပြောတာပါ။ ၄-၁-၁၉၄၈ နေ့ လွတ်လပ်ရေးရယူဖို့ အချို့က ရက်ကိုအင်္ဂလိပ်က သတ်မှတ်ပေးတယ်။ အချိန်နာရီသာ မြန်မာက တွက်ယူရတာလို့ အမှတ်မှားပြီးပြောနေ ကြတယ်။
အဲလိုမဟုတ်ပါဘူး၊ နေ့ရက်အားလုံး ကျနော်တို့ နိုင်ငံသားတွေ ရွေးခွင့်ပေးထားတာပါ။
အောင်ဆန်းအက်တလီစာချုပ်ပြီးကတည်းကအမျိုးသားခေါင်းဆောင်အပါအ၀င်ဖြစ်တဲ့ဆရာကြီးဒီးဒုတ်ဦး ဘချို က ဗေဒင်ဆရာပျဉ်းမနားဦးသန်းမောင်ကို “ကျုပ်တို့ ၄၈ခုနှစ်၊ နှစ်ဆန်းမှာပဲ လွတ်လပ်ရေးယူမယ်။
ဇန်န၀ါရီထဲ အကောင်းဆုံးရက် နေ့အချိန် ရွေးထားပေးပါလို့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ အာဇာနည်ထဲမှာ ဆရာကြီးတို့
ပါသွားရှာတော့ ဦးသန်းမောင်ရွေးတဲ့ရက်ကို သိမသွားရရှာပါ။ နောက်
နုအက်တလီ စာချုပ်အပြီးမှာ လွတ်လပ်ရေးကို၁၉၄၈ခုနှစ်၊ ဇန်န၀ါရီအတွင်းရယူဖို့ ထပ်မံအတည်ပြု ပါ တယ်။
ဒါကြောင့် ဗေဒင်ပညာရှင်ဆရာကြီးများ၊သံဃာတော်များပါ စည်းဝေးစေပြီးနေ့၊ ရက်၊အချိန်ရွေးစေပါတယ်။
အချင်းချင်းပညာပြငြင်းခုံနေကြတာနဲ့အစည်းအဝေး(၃)ကြိမ်လုံးဘာမှမဆုံးဖြတ်နိုင်ခဲ့ပါ။ ဒါ့ပြင်ပုဂ္ဂိုလ်တစ်ဦး က စားပွဲပေါ်ဓားထောက်ပြီးသူရွေးတဲ့ရက်အတည်ပြုရမယ်လို့ အာဏာပြလာတဲ့အထိ တုတ်တပြက်ဓား
တပြက်ဖြစ်ခဲ့တယ်။
တပြက်ဖြစ်ခဲ့တယ်။
ဒါကြောင့် ဗိုလ်ခင်မောင်လေးက
ဗိုလ်လက်ျာရဲ့ဆရာ ပဲခူးဘဏ်မန်နေဂျာ ဦးသက်တင်ကိုပဲ တိတ်တဆိတ် တွက်ခိုင်း ပြီး ရွေးချယ်ခဲ့ရတယ်လို့ ဝေဒပညာသမိုင်းမှာ မှတ်တမ်းရှိပါတယ်။
အဲဒီလို ဆရာဦးသက်တင် တွက်ယူချိန်လူကြီးများနဲ့ဗိုလ်ခင်မောင်လေး ပြောခဲ့တာက“ကျုပ်တို့ အမြန်ဆုံး လွတ်လပ်ချင်ပြီဗျာ အနည်းဆုံးရက်ထဲက အကောင်းဆုံးအချိန်ကိုသာ ရွေးပေးပါ”တဲ့။ ဒါကြောင့် ဇန်န၀ါရီ
လ (၄)ရက်တနင်္ဂနွေနေ့ ဖြစ်လာခဲ့ရတာပါ။
အချိန်နာရီကိုတော့ အတိသောမကြာသပတေးရဲ့
ကယ်တင်စောင့်ရှောက်နိုင်စွမ်းကို အားကိုးပြီး ရှာယူ တယ် ဆိုပါတယ်။ အဲဒီတော့ ကြာသပတေးက ပြိတ္တရာသီမှာ ရှိနေတာ ဆိုတော့ ကြာသပတေးနဲ့ ဥဒယ လဂ် ပူးချင်ရင် နံနက်(၄)နာရီကျော်၊ တြိဂိုဏ်းအမြင်ရချင် ရင် နေ့(၁၂)နာရီအတွင်းကိန်းဖွဲ့ချင်ရင် ည
နေ(၃)နာရီကျော်ဆိုပြီး အချိန် (၃)မျိုးရတယ်။ အသင့်တော်ဆုံးဖြစ်တဲ့လဂ်ပူးချိန်ကို နှစ်သက် တာကြောင့် နံနက်(၄)နာရီ (၂၀)ကို ရွေးခဲ့တာပါ။

ဆရာဦးကိုယုကတော့ ဒါကိုပဲ ဖိုးတွမ်တီးလွတ်လပ်ရေးတဲ့။
အင်္ဂါဂြိုဟ်ကြီး
ခြင်္သေ့ကြီးကောင်းကင်ပေါ် မွန်းတည့်ချိန် ရယူခဲ့တဲ့ လွတ်လပ်ရေး။ ရပ်တည်တဲ့နေရာ ကလဲ
ခြင်္သေ့ ပုံကြယ်စုရဲ့ သိဟ်ရာသီ။သိဟ်ခြင်္သေ့ဟောက် ကန်ကြာပေါက်၊
တူမီးတောက်ဆိုတဲ့ ထဲကေ ကာင်ြး မတ်ခြင်း နှစ်မျိုးအကြုံးဝင်နေတာကိုနှစ်သက်ခဲ့တာလဲပါတယ်။ သိဟ်ရာသီခြင်္သေ့ရုပ်ပုံကြီးထဲ ခြင်္သေ့ဂြိုဟ်
။ အင်္ဂါရပ်နေတာဟာ ဋ္ဌာနဗလ ရရှိတယ်။ မွန်းတည့်ဆိုတော့ပိုပြီးအားပြည့်တယ်။ ကန်ရာသီကညာပျိုရုပ်ပုံ
နက္ခတ်အုပ်စုထဲအမျိုးသမီးဂြိုဟ်တနင်္လာရောက်ရှိခဲ့တာလဲဋ္ဌာနဗလအားပြည့်တာဖြစ်တယ်။
နက္ခတ်ဆရာရဲ့ နှစ်သက်ရခြင်း အကြောင်းအရင်းပေါ့လေ။
ဒီလို
ခြင်္သေ့ဂြိုဟ်အင်္ဂါကြီးဟာ(စစ်)ကိုလဲ ကာရကကိုယ်စားပြုတာမို့ နက္ခတ်ဗေဒင်ဟောစားသူများအနက် လုပ်စား တတ်သူ ဖားစားတတ်သူတွေအချို့ကဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်တွေကြီးစိုးခဲ့တဲ့ နှစ်(၅၀) လုံးလုံး“ကောင်းရင်ရာဇာပလ္လင်ပေါ်က ထာဝရကြီးစိုးမဲ့ ခြင်္သေ့ကြီး”ရယ်လို့ ၀ိသေသပြု ဂုဏ်ပုဒ်တွေနဲ့
အမွှန်းတင်ခဲ့ကြတယ်။
စစ်အင်္ဂါခြင်္သေ့ဂြိုဟ်ကြီး ဋ္ဌာနဗလအားပြည့်စုံနေတာမို့ဒီနိုင်ငံမှာ(စစ်အုပ်ချုပ်ရေး)သာလျှင်ခိုင်မြဲမယ်။
စစ်လောကမှမဟုတ်သူရာဇာပလ္လင်ပေါ်လုံးဝမရောက်နိုင်၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့ရင်လည်း ပလ္လင်ပေါ် ကြာရှည်မမြဲတိုင်းပြည် ပြိုကွဲမယ်၊ ဆုံးရှုံးမယ် စသဖြင့်စစ်အာဏာတည်မြဲရေး ကျားကန်ပြီး
ထောက် ကူပေးနေကြတယ်။
ပညာအလွဲသုံးစားပြုကြတာပေါ့လေ။ ဒါတွေဟာလဲ ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်ဖြစ်သွားမှာပါ။
သူ့အလုပ်သူလုပ်နေတဲ့ နာစတအကာသ
သုတေသနအဖွဲ့ကြီးကပဲ သူတို့အဟောထုတ်ဖို့ ထုတ်ပြန်ပေးနေ ရ သလိုလို။အင်တာနက်နဲ့ကွန်ပျူတာနဲ့တွက်ယူမှ သိပ္ပံနည်းကျအစစ်အမှန်လိုလို“ဟိတ်”တွေနဲ့ ဟန့်ထား ကြ တယ်။
ဝိဇ္ဇာမယဥာဏ်တွေနဲ့ အာကာသကို အဘိဓာန်ပါဝါနဲ့ကြည့်ရှုပြီး ပါရမီရင့်သန်လှသည့် မေတ္တာအထုအထည်ြ
ဖင့် ဝေဒဥပဒေသတွေထားတော်မူခဲ့ကြတဲ့အရှေ့တိုင်းသူတော်စင်ကြီးများကိုကျောခိုင်းပြီးရိုးရာကိုဆန့်ကျင်တာ ကိုပဲခေတ်မီတယ်လို့ ယူဆနေကြ လုပ်စားနေကြတာပါလေ။
ကြုံကြိုက်တုန်း ထပ်ဖြည့်ပြောချင်တာက
အခု ခေတ်မီဟောပြောနေသူတွေက “ရာသီဖွား,ရာသီဖွား”နဲ့
ရေးကြ ပြောကြ လုပ်နေကြတဲ့ကိစ္စကျွန်တော်တို့အရှေ့တိုင်းရဲ့ နိရာယနစံနစ်မှာ ရာသီဖွားအသုံးမရှိဘူး။
အနောက်တိုင်းရဲ့(သာယနစနစ်)မှာ သာရှိတာ။ သာယနနဲ့ နံရာယနတို့က ၂၄ ဒီဂရီခန့်ထိကွာတာဆိုတော့
ရာသီကွဲသည်ထိ ကွာခြားသွားတာ။ သူတို့က အာယနံအံသာမနှုတ်ပဲ တွက်ယူတာမို့ တနင်္ဂနွေဂြိုဟ်ရောက်
ရာသီကို အဓိကထားပြီး ဟောကြပြောကြ စရိုက်လက္ခဏာဘာဝ အကျိုးပေးသုံးသပ်ကြတာမို့ သူတို့မှာ“ရာ
သီဖွား”နဲ့ သုံးကြတာပါ။ ကျွန်တော်တို့နိရာယနမှာ ခိုင်မာတိကျတဲ့ ဥဒယလဂ်ရာသီနဲ့ စန္ဒြလင်္ဂရာသီတို့ ကသာ ကံဖတ်ကြားမှု အတွက် အခြေခံစစ်စစ်ဖြစ်ပါတယ်။

ဒါထားတော့ ရှေ့ဆက်ရအောင်။
ခက်တယ်ဗျာ ခြင်္သေ့ကတော့ ခြင်္သေ့ပါပဲ
ဒါပေမယ် …ခြင်္သေ့အကြောင်းပြောရင်း ကျွန်တော်တို့က တသက် မမေ့နိုင်တဲ့ ခြင်္သေ့ပုံပြင်လေး ထည့်ပြောချင်လာတယ်။
ဒီလို ကောဇာသက္ကရာဇ် ၁၁၅၂ ခုနှစ်
တပို့တွဲလမှာ ဘိုးတော်ဗဒုံမင်းကြီးကမင်းကွန်းကိုစတင်တည်တော်မူခဲ့ တယ်။
ကောဇာ ၁၃၅၂ ခု တပို့တွဲလမှာနှစ်(၂၀၀)ပြည့်ခဲ့ပြီ။ ခရစ် ၁၉၉၁ပါ။ အဲဒီကာလမှကျွန်တော်တို့မင်းကွန်းမှာ
လူအဖြစ်နေပြီလေ။ ဒီနှစ်(၂၀၀)ပြည့်နှစ်အတွက် တာဝန်ကျေချင်တယ်။ဒါကြောင့် နှစ်(၂၀၀)တိတိပြည့်တဲ့ ၁၈-၂-၁၉၉၁ ရက်နေ့မှာ ကျွန်တော်တို့ အနုပညာသမားသူငယ်ချင်းများဖြစ်ကြတဲ့ ပန်းချီညမင်းကျော်၊ပန်းချီ ကိုစုနဲ့ ကျွန်တော်တို့ဦးဆောင်ပြီးနှစ်(၂၀၀)ပြည့်အမှတ်တရတစ်ခုလုပ်ကြဖို့ကြံစည်တယ်အခြားမိတ်ဆွေ သူငယ်ချင်းတွေ ဆရာတော်၊ သံဃာတော်တွေကလည်းအားပေးကူညီကြမယ်။

ဒါနဲ့ ၁၈-၂-၁၉၉၁ နေ့မှာ မင်းကွန်း
နှစ်(၂၀၀)ပြည့် ယဉ်ကျေးမှုအနုပညာပြပွဲဆိုပြီး (ပန်းချီဂယ်လာရီ) ဖွင့် လှစ်ပြသနိုင်ခဲ့ကြတယ်။ ထူးထူးခြားခြားကဆရာဥတ္တရလွင်ပြင် ဦးသန်းဌေး(သင့်နော်)ဆရာဦးမြသောင်း ၊ ဆရာပိုင်စိုးဝေတို့နဲ့ ဆရာအော်ပီကျယ်တို့က “စာပေဟောပြောပွဲ” ဖြင့် နှစ်(၂၀၀) ရာပြည့်ကိုအားဖြည့် ချီးမြှင့်ပေးခဲ့ကြတယ်။ တိပိဋကဓရဆရာတော်ဘုရားကိုယ်တိုင်အနုမောဒနာတရားချီးမြှောက်ဖွင့်ပေးခဲ့တယ်။ပန်းချီပြခန်း ကိုတော့ ပန်းတျာကျောင်းအုပ်ကြီးဆရာဦးခင်မောင်စန်းက ဖဲကြိုးဖြတ်ပေးခဲ့ကြတယ်။ ပန်းချီအနုပညာလောကရဲ့
သမိုင်းမှာတော့ ရန်ကုန်ရဲ့ ပြင်ပမှာ ပထမဆုံးဖွင့်လှစ်နိုင်သည့် (ပန်းချီဂယ်လာရီ)လို့ မော်ကွန်းဝင်သွား ပါပြီ။
အဲတစ်ခုထည့်ပြောချင်တာက အဲဒီအချိန်မှာ စစ်အုပ်ချုပ်ရေးသွေးလန့်ပြီးဂယောင်ခြောက်ခြားရမ်းကားနေ တဲ့ အချိန်ဗျ။ အရေါ်အခင်းပြီးလို့ (၂)နှစ်၊(၆)လ၊ (၁၀)ရက်ပဲ ရှိသေးတာလေ။
အဲဒီပြပွဲအတွက်
ကျွန်တော်တို့ဌာနဆိုင်ရာတွေအားလုံးကို ဖိတ်စာပို့တယ်။အာဏာပိုင်အဖွဲ့အစည်းထဲက
ဘယ်သူမှမလာပါ။ ကျေးရွာအဆင့်က လူတောင်မလာပါ။ မန္တလေးရှေးဟောင်းသုတေသနကတော့ ညွန် ကြားရေးမှူးကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက လူကိုယ်တိုင်သာမလာ တာပါ။ ဖွင့်ပြီး(၃)ရက်အကြာမှာ ပြသနာလာပါတော့တယ်။
ခွင့်ပြုမိန့်မယူဘဲ
ပန်းချီပြခန်းဖွင့်လို့တဲ့ ကျွန်တော်နဲ့ကိုစုကို ဖမ်းပါတယ်။ သံဃာတော်များနဲ့ တိပိဋကဆရာေ တ်ာကြီး ကိုယ်တိုင် ဖွင့်ပေးတာပါလို့ဆိုတော့စကားလမ်းကြောင်း တစ်မျိုးပြောင်းသွားတယ်။
“မောင်ရင်တို့ ပန်းချီပြခန်းထဲမှာ
ခေါင်းမပါတဲ့ ခြင်္သေ့ကြီးပုံ(၂၀)ကျော် ချိတ်ထားတယ်။ အဲဒါ နိုင်ငံတော် အကြီး အကဲကို ကဲ့ရဲ့ လှောင်ပြောင်ထားတာပဲ။
နိုင်ငံတော် မထီမဲ့မြင်လုပ်မှုနဲ့ တရားစွဲမယ်” တဲ့။ ပြိုကျနေတဲ့ မင်းကွန်းခြင်္သေ့ကြီးပုံတွေကို အပြစ်လာရှာ တာပါ။

အဲဒါ အင်္ဂါသားဦးစောမောင်ကို ခြင်္သေ့ယူဆသလား ဗိုလ်ချုပ်မှူးကြီးကိုပဲ အင်္ဂါခြင်္သေ့နဲ့ယူဆသလား
မသိပါ။ ခက်ပြီ။
“အဲဒါ ပန်းချီသဘောအရ မျက်မြင်ရေးတဲ့
အောက်ဒိုးပုံပါ ကျွန်တော်တို့ရေးတာလည်း မဟုတ်ပါဘူး။ ပန်တျာကျောင်းသားတွေပါဆိုပြီး ကျောင်းအုပ်ကြီးဦးဇော်ဝင်း(သစ်ထွင်း)က ကျောင်းသားများကိုယ်တိုင်လက်
မှတ်ထိုးနဲ့တကွသက်သေခံပါတယ်။ လူတောင်ပုံတူရေးသေးတာလက်မှတ်တူလောက်တော့ ဘာခက်လဲ ဆိုပြီး ကျွန်တော်တို့ကိုပဲ မဲပါတယ်။ နောက်ဆုံး ရန်ကုန်-မန္တလေးပန်းခီအနုပညာလောကသားတွေမနေ သာတော့ဘဲ ယဉ်ကျေးမှုဝန်ကြီး ထီလာစစ်သူဆီ မေတ္တာရပ်ခံပေးကြတော့မှ ကျွန်တော်တို့ (နိုင်ငံတော်ပြစ် မှု)ကလွတ်ရပါတော့တယ်။
ခေါင်းမပါတဲ့ ခြင်္သေ့ကြီးကို
အကြောင်းပြုပြီး ခေါင်းမပါတဲ့လူတွေက ခေါင်းခြောက်အောင် နှိပ်စက်ခံရတဲ့ လက်တွေ့ အဖြစ်ပါဗျာ။ အဆုံးလက်မှတ်သားစရာလေး ပြောဦးမယ်။ ပြန်လွှတ်မဲ့နေ့မှာ မြို့နယ်အာဏာ ပိုင်က သူ့ရုံးခန်းကိုခေါ်ပြီး သြ၀ါဒချွေတယ်။ သူ့စားပွဲပေါ်မှာ ကျွန်တော်တို့ ပို့ထားတဲ့ လက် ရေးဖိတ် စာလေးေ တွ စီလို့ ကိုစုရဲ့ ၀ါးပင်ပုံကလေးတွေနဲ့ “မောင်ရင်တို့ကနိုင်ငံအကြီးအကဲကို စော်ကားရုံ မက ငါ့ကိုလည်း ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်” ဆိုတော့ ကျွန်တော်က “ဘာများမှား မိပါသလဲခင်ဗျာ” လို့မေးတော့ ဖိတ်စာလေးတွေ ထိုးပြပြီး “အဲဒီဖိတ်စာက စော်ကားထားတာပဲ” ဆိုတော့ ကျွန်တော်က “အဲဗျာ
ဘယ်လိုကြောင့်လဲဗျာ” လို့မေးတော့ “အဲဒီဝါးပင်ပုံတွေက ဒို့ကို ပုဇွန်ပုတ်သင်ဝါးပင်လိပ်ခေါင်းနွား သိုးမြေခွေးဆိုတဲ့အ,ဂုဏ်(၆)ပါးထဲက လေယူရာယိမ်းသူ စားသူ၊ ၀ါးသူတွေ နာယကဂုဏ်မရှိသူတွေလို့
ရည်ရွယ်တာမဟုတ်လား” တဲ့ အမလေး သေပါလေရောဗျာ။ အဲသလောက်အောက်တန်းကျတဲ့အတွေး တစ်ခါမှ မတွေးမိပေါင်ဗျာ။
သူတို့တောင်ပြန်သနားမိသေးတော့ …
ကဲ ခြင်္သေ့အကြောင်း နောက်တစ်ပတ်မှ ဆက်ကြစို့။

ဦးကိုဦး(မင်းကွန်း)
- See more at:
http://www.lightofmandalay.com/entries/2846#sthash.0y8J5rCY.dpuf
နိုင်ငံတော်ဇာတာဆိုတာ လွတ်လပ်ရေးရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကြီး စတင်တည်ဆောက်ခဲ့တဲ့ နေ့ရက်အချိန်တို့ နဲ့တွဲယူထားတာကို ပြောတာ
ပါ။ ၄-၁-၁၉၄၈ နေ့ လွတ်လပ်ရေးရယူဖို့ အချို့က ရက်ကို အင်္ဂလိပ်က သတ်
မှတ်ပေးတယ်။ အချိန်နာရီသာ မြန်မာက တွက်ယူရတာလို့ အမှတ်မှားပြီး
ပြောနေကြတယ်။ အဲလိုမဟုတ်ပါဘူး၊ နေ့ရက်အားလုံး ကျနော်တို့ နိုင်ငံသား
တွေ ရွေးခွင့်ပေးထားတာပါ။ အောင်ဆန်းအက်တလီစာချုပ်ပြီးကတည်းက
အမျိုးသားခေါင်းဆောင်အပါအ၀င်ဖြစ်တဲ့ ဆရာကြီးဒီးဒုတ်ဦးဘချိုက ဗေဒင်
ဆရာပျဉ်းမနားဦးသန်းမောင်ကို “ကျုပ်တို့ ၄၈ခုနှစ်၊ နှစ်ဆန်းမှာပဲ လွတ်လပ်
ရေးယူမယ်။ ဇန်န၀ါရီထဲ အကောင်းဆုံးရက် နေ့အချိန် ရွေးထားပေးပါလို့
ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ အာဇာနည်ထဲမှာ ဆရာကြီးတို့ ပါသွားရှာတော့ ဦးသန်းမောင်ရွေးတဲ့ရက်
ကို သိမသွားရရှာပါ။ နောက် နုအက်တလီစာချုပ်အပြီးမှာ လွတ်လပ်ရေးကို
၁၉၄၈ခုနှစ်၊ ဇန်န၀ါရီအတွင်းရယူဖို့ ထပ်မံအတည်ပြုပါတယ်။ ဒါကြောင့် ဗေ
ဒင်ပညာရှင်ဆရာကြီးများ၊သံဃာတော်များပါ စည်းဝေးစေပြီးနေ့၊ရက်၊အချိန်
ရွေးစေပါတယ်။အချင်းချင်းပညာပြငြင်းခုံနေကြတာနဲ့အစည်းအဝေး(၃)ကြိမ်
လုံးဘာမှမဆုံးဖြတ်နိုင်ခဲ့ပါ။ ဒါ့ပြင် ပုဂ္ဂိုလ်တစ်ဦးက စားပွဲပေါ်ဓားထောက်ပြီး
သူရွေးတဲ့ရက်အတည်ပြုရမယ်လို့အာဏာပြလာတဲ့အထိ တုတ်တပြက်ဓား
တပြက်ဖြစ်ခဲ့တယ်။
ဒါကြောင့် ဗိုလ်ခင်မောင်လေးက ဗိုလ်လက်ျာရဲ့ဆရာ ပဲခူးဘဏ်မန်နေဂျာ ဦး
သက်တင်ကိုပဲ တိတ်တဆိတ်တွက်ခိုင်း ပြီး ရွေးချယ်ခဲ့ရတယ်လို့ ဝေဒပညာ
သမိုင်းမှာ မှတ်တမ်းရှိပါတယ်။ အဲဒီလို ဆရာဦးသက်တင်တွက်ယူချိန်လူကြီး
များနဲ့ဗိုလ်ခင်မောင်လေး ပြောခဲ့တာက“ကျုပ်တို့အမြန်ဆုံး လွတ်လပ်ချင်ပြီ
ဗျာ အနည်းဆုံးရက်ထဲက အကောင်းဆုံးအချိန်ကိုသာ ရွေးပေးပါ”တဲ့။ ဒါ
ကြောင့် ဇန်န၀ါရီလ (၄)ရက်တနင်္ဂနွေနေ့ ဖြစ်လာခဲ့ရတာပါ။
အချိန်နာရီကိုတော့ အတိသောမကြာသပတေးရဲ့ ကယ်တင်စောင့်ရှောက်နိုင်
စွမ်းကို အားကိုးပြီး ရှာယူတယ်ဆိုပါတယ်။ အဲဒီတော့ ကြာသပတေးက ပြိတ္တ
ရာသီမှာ ရှိနေတာဆိုတော့ ကြာသပတေးနဲ့ ဥဒယလဂ်ပူးချင်ရင် နံနက်(၄)
နာရီကျော်၊ တြိဂိုဏ်းအမြင်ရချင်ရင် နေ့(၁၂)နာရီအတွင်းကိန်းဖွဲ့ချင်ရင် ည
နေ(၃)နာရီကျော်ဆိုပြီး အချိန် (၃)မျိုးရတယ်။ အသင့်တော်ဆုံးဖြစ်တဲ့လဂ်
ပူးချိန်ကို နှစ်သက်တာကြောင့် နံနက်(၄)နာရီ (၂၀)ကို ရွေးခဲ့တာပါ။ ဆရာဦး
ကိုယုကတော့ ဒါကိုပဲ ဖိုးတွမ်တီးလွတ်လပ်ရေးတဲ့။
အင်္ဂါဂြိုဟ်ကြီး ခြင်္သေ့ကြီးကောင်းကင်ပေါ် မွန်းတည့်ချိန် ရယူခဲ့တဲ့ လွတ်လပ်
ရေး။ ရပ်တည်တဲ့နေရာကလဲ ခြင်္သေ့ပုံကြယ်စုရဲ့ သိဟ်ရာသီ။
သိဟ်ခြင်္သေ့ဟောက် ကန်ကြာပေါက်၊ တူမီးတောက်ဆိုတဲ့ထဲကကောင်းမြတ်
ခြင်း နှစ်မျိုးအကြုံးဝင်နေတာကိုနှစ်သက်ခဲ့တာလဲပါတယ်။သိဟ်ရာသီခြင်္သေ့
ရုပ်ပုံကြီးထဲ ခြင်္သေ့ဂြိုဟ်။ အင်္ဂါရပ်နေတာဟာ ဋ္ဌာနဗလ ရရှိတယ်။ မွန်းတည့်
ဆိုတော့ပိုပြီးအားပြည့်တယ်။ ကန်ရာသီကညာပျိုရုပ်ပုံနက္ခတ်အုပ်စုထဲအမျိုး
သမီးဂြိုဟ်တနင်္လာရောက်ရှိခဲ့တာလဲဋ္ဌာနဗလအားပြည့်တာဖြစ်တယ်။နက္ခတ်
ဆရာရဲ့ နှစ်သက်ရခြင်း အကြောင်းအရင်းပေါ့လေ။
ဒီလို ခြင်္သေ့ဂြိုဟ်အင်္ဂါကြီးဟာ(စစ်)ကိုလဲ ကာရကကိုယ်စားပြုတာမို့ နက္ခတ်
ဗေဒင်ဟောစားသူများအနက်လုပ်စားတတ်သူ ဖားစားတတ်သူတွေအချို့က
ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်တွေကြီးစိုးခဲ့တဲ့ နှစ်(၅၀)လုံးလုံး“ကောင်းရင်
ရာဇာပလ္လင်ပေါ်က ထာဝရကြီးစိုးမဲ့ ခြင်္သေ့ကြီး”ရယ်လို့ ၀ိသေသပြုဂုဏ်ပုဒ်
တွေနဲ့ အမွှန်းတင်ခဲ့ကြတယ်။ စစ်အင်္ဂါခြင်္သေ့ဂြိုဟ်ကြီး ဋ္ဌာနဗလအားပြည့်စုံ
နေတာမို့ဒီနိုင်ငံမှာ(စစ်အုပ်ချုပ်ရေး)သာလျှင်ခိုင်မြဲမယ်။စစ်လောကမှမဟုတ်
သူရာဇာပလ္လင်ပေါ်လုံးဝမရောက်နိုင်၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့
ရင်လည်းပလ္လင်ပေါ် ကြာရှည်မမြဲတိုင်းပြည် ပြိုကွဲမယ်၊ ဆုံးရှုံးမယ် စသဖြင့်
စစ်အာဏာတည်မြဲရေးကျားကန်ပြီး ထောက်ကူပေးနေကြတယ်။ပညာအလွဲ
သုံးစားပြုကြတာပေါ့လေ။ ဒါတွေဟာလဲ ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်
ဖြစ်သွားမှာပါ။
သူ့အလုပ်သူလုပ်နေတဲ့ နာစတအကာသ သုတေသနအဖွဲ့ကြီးကပဲ သူတို့အ
ဟောထုတ်ဖို့ထုတ်ပြန်ပေးနေရသလိုလို။အင်တာနက်နဲ့ကွန်ပျူတာနဲ့တွက်ယူ
မှ သိပ္ပံနည်းကျအစစ်အမှန်လိုလို“ဟိတ်”တွေနဲ့ဟန့်ထားကြတယ်။ဝိဇ္ဇာမယ
ဥာဏ်တွေနဲ့ အာကာသကို အဘိဓာန်ပါဝါနဲ့ကြည့်ရှုပြီး ပါရမီရင့်သန်လှသည့်
မေတ္တာအထုအထည်ဖြင့် ဝေဒဥပဒေသတွေထားတော်မူခဲ့ကြတဲ့အရှေ့တိုင်း
သူတော်စင်ကြီးများကိုကျောခိုင်းပြီး၊ ရိုးရာကိုဆန့်ကျင်တာကိုပဲခေတ်မီတယ်
လို့ ယူဆနေကြ လုပ်စားနေကြတာပါလေ။
ကြုံကြိုက်တုန်း ထပ်ဖြည့်ပြောချင်တာက အခု ခေတ်မီဟောပြောနေသူတွေ
က “ရာသီဖွား,ရာသီဖွား”နဲ့ ရေးကြ ပြောကြ လုပ်နေကြတဲ့ကိစ္စကျွန်တော်တို့
အရှေ့တိုင်းရဲ့ နိရာယနစံနစ်မှာ ရာသီဖွားအသုံးမရှိဘူး။ အနောက်တိုင်းရဲ့
(သာယနစနစ်)မှာ သာရှိတာ။ သာယနနဲ့ နံရာယနတို့က ၂၄ ဒီဂရီခန့်ထိကွာ
တာဆိုတော့ ရာသီကွဲသည်ထိ ကွာခြားသွားတာ။ သူတို့က အာယနံအံသာ
မနှုတ်ပဲ တွက်ယူတာမို့ တနင်္ဂနွေဂြိုဟ်ရောက်ရာသီကို အဓိကထားပြီး ဟော
ကြပြောကြ စရိုက်လက္ခဏာဘာဝ အကျိုးပေးသုံးသပ်ကြတာမို့ သူတို့မှာ“ရာ
သီဖွား”နဲ့ သုံးကြတာပါ။ ကျွန်တော်တို့နိရာယနမှာ ခိုင်မာတိကျတဲ့ ဥဒယ
လဂ်ရာသီနဲ့ စန္ဒြလင်္ဂရာသီတို့ကသာ ကံဖတ်ကြားမှု အတွက် အခြေခံစစ်စစ်
ဖြစ်ပါတယ်။
ဒါထားတော့ ရှေ့ဆက်ရအောင်။
ခက်တယ်ဗျာ ခြင်္သေ့ကတော့ ခြင်္သေ့ပါပဲ ဒါပေမယ် …
ခြင်္သေ့အကြောင်းပြောရင်း ကျွန်တော်တို့က တသက်မမေ့နိုင်တဲ့ ခြင်္သေ့ပုံပြင်
လေး ထည့်ပြောချင်လာတယ်။
ဒီလို ကောဇာသက္ကရာဇ် ၁၁၅၂ ခုနှစ် တပို့တွဲလမှာ ဘိုးတော်ဗဒုံမင်းကြီးက
မင်းကွန်းကို စတင်တည်တော်မူခဲ့တယ်။ ကောဇာ ၁၃၅၂ ခု တပို့တွဲလမှာ
နှစ်(၂၀၀)ပြည့်ခဲ့ပြီ။ ခရစ် ၁၉၉၁ပါ။ အဲဒီကာလမှ ကျွန်တော်တို့မင်းကွန်းမှာ
လူအဖြစ်နေပြီလေ။ ဒီနှစ်(၂၀၀)ပြည့်နှစ်အတွက် တာဝန်ကျေချင်တယ်။ဒါ
ကြောင့် နှစ်(၂၀၀)တိတိပြည့်တဲ့ ၁၈-၂-၁၉၉၁ ရက်နေ့မှာ ကျွန်တော်တို့ အနု
ပညာသမားသူငယ်ချင်းများဖြစ်ကြတဲ့ ပန်းချီညမင်းကျော်၊ ပန်းချီကိုစုနဲ့ ကျွန်
တော်တို့ဦးဆောင်ပြီးနှစ်(၂၀၀)ပြည့်အမှတ်တရတစ်ခုလုပ်ကြဖို့ကြံစည်တယ်
အခြားမိတ်ဆွေသူငယ်ချင်းတွေ ဆရာတော်၊ သံဃာတော်တွေကလည်းအား
ပေးကူညီကြမယ်။
ဒါနဲ့ ၁၈-၂-၁၉၉၁ နေ့မှာ မင်းကွန်း နှစ်(၂၀၀)ပြည့် ယဉ်ကျေးမှုအနုပညာပြပွဲ
ဆိုပြီး (ပန်းချီဂယ်လာရီ) ဖွင့်လှစ်ပြသနိုင်ခဲ့ကြတယ်။ ထူးထူးခြားခြားကဆရာ
ဥတ္တရလွင်ပြင် ဦးသန်းဌေး(သင့်နော်) ဆရာဦးမြသောင်း၊ ဆရာပိုင်စိုးဝေတို့
နဲ့ ဆရာအော်ပီကျယ်တို့က “စာပေဟောပြောပွဲ” ဖြင့် နှစ်(၂၀၀) ရာပြည့်ကို
အားဖြည့်ချီးမြှင့်ပေးခဲ့ကြတယ်။ တိပိဋကဓရဆရာတော်ဘုရားကိုယ်တိုင်အနု
မောဒနာတရားချီးမြှောက်ဖွင့်ပေးခဲ့တယ်။ ပန်းချီပြခန်းကိုတော့ ပန်းတျာ
ကျောင်းအုပ်ကြီးဆရာဦးခင်မောင်စန်းက ဖဲကြိုးဖြတ်ပေးခဲ့ကြတယ်။ ပန်းချီ
အနုပညာလောကရဲ့ သမိုင်းမှာတော့ ရန်ကုန်ရဲ့ ပြင်ပမှာ ပထမဆုံးဖွင့်လှစ်
နိုင်သည့် (ပန်းချီဂယ်လာရီ)လို့ မော်ကွန်းဝင်သွားပါပြီ။
အဲတစ်ခုထည့်ပြောချင်တာက အဲဒီအချိန်မှာ စစ်အုပ်ချုပ်ရေးသွေးလန့်ပြီး
ဂယောင်ခြောက်ခြားရမ်းကားနေတဲ့အချိန်ဗျ။ အရေါ်အခင်းပြီးလို့ (၂)နှစ်၊
(၆)လ၊ (၁၀)ရက်ပဲ ရှိသေးတာလေ။
အဲဒီပြပွဲအတွက် ကျွန်တော်တို့ဌာနဆိုင်ရာတွေအားလုံးကို ဖိတ်စာပို့တယ်။
အာဏာပိုင်အဖွဲ့အစည်းထဲက ဘယ်သူမှမလာပါ။ ကျေးရွာအဆင့်က လူ
တောင်မလာပါ။ မန္တလေးရှေးဟောင်းသုတေသနကတော့ ညွန်ကြားရေး
မှူးကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက လူ
ကိုယ်တိုင်သာမလာတာပါ။ ဖွင့်ပြီး(၃)ရက်အကြာမှာ ပြသနာလာပါတော့
တယ်။
ခွင့်ပြုမိန့်မယူဘဲ ပန်းချီပြခန်းဖွင့်လို့တဲ့ ကျွန်တော်နဲ့ကိုစုကို ဖမ်းပါတယ်။ သံ
ဃာတော်များနဲ့ တိပိဋကဆရာတော်ကြီးကိုယ်တိုင် ဖွင့်ပေးတာပါလို့ဆိုတော့
စကားလမ်းကြောင်း တစ်မျိုးပြောင်းသွားတယ်။
“မောင်ရင်တို့ ပန်းချီပြခန်းထဲမှာ ခေါင်းမပါတဲ့ ခြင်္သေ့ကြီးပုံ(၂၀)ကျော် ချိတ်
ထားတယ်။ အဲဒါ နိုင်ငံတော် အကြီးအကဲကို ကဲ့ရဲ့ လှောင်ပြောင်ထားတာပဲ။
နိုင်ငံတော် မထီမဲ့မြင်လုပ်မှုနဲ့ တရားစွဲမယ်” တဲ့။ ပြိုကျနေတဲ့ မင်းကွန်းခြင်္သေ့
ကြီးပုံတွေကို အပြစ်လာရှာတာပါ။ အဲဒါ အင်္ဂါသားဦးစောမောင်ကို ခြင်္သေ့ယူ
ဆသလား ဗိုလ်ချုပ်မှူးကြီးကိုပဲ အင်္ဂါခြင်္သေ့နဲ့ယူဆသလား မသိပါ။ ခက်ပြီ။
“အဲဒါ ပန်းချီသဘောအရ မျက်မြင်ရေးတဲ့ အောက်ဒိုးပုံပါ ကျွန်တော်တို့ရေး
တာလည်း မဟုတ်ပါဘူး။ ပန်တျာကျောင်းသားတွေပါဆိုပြီး ကျောင်းအုပ်ကြီး
ဦးဇော်ဝင်း(သစ်ထွင်း)က ကျောင်းသားများကိုယ်တိုင်လက်မှတ်ထိုးနဲ့တကွ
သက်သေခံပါတယ်။ လူတောင်ပုံတူရေးသေးတာလက်မှတ်တူလောက်တော့
ဘာခက်လဲဆိုပြီး ကျွန်တော်တို့ကိုပဲ မဲပါတယ်။ နောက်ဆုံး ရန်ကုန်-မန္တလေး
ပန်းခီအနုပညာလောကသားတွေ မနေသာတော့ဘဲ ယဉ်ကျေးမှုဝန်ကြီး ထီ
လာစစ်သူဆီ မေတ္တာရပ်ခံပေးကြတော့မှ ကျွန်တော်တို့ (နိုင်ငံတော်ပြစ်မှု)က
လွတ်ရပါတော့တယ်။
ခေါင်းမပါတဲ့ ခြင်္သေ့ကြီးကို အကြောင်းပြုပြီး ခေါင်းမပါတဲ့လူတွေက ခေါင်း
ခြောက်အောင် နှိပ်စက်ခံရတဲ့ လက်တွေ့အဖြစ်ပါဗျာ။ အဆုံးလက်မှတ်သား
စရာလေး ပြောဦးမယ်။ ပြန်လွှတ်မဲ့နေ့မှာ မြို့နယ်အာဏာပိုင်က သူ့ရုံးခန်း
ကိုခေါ်ပြီး သြ၀ါဒချွေတယ်။ သူ့စားပွဲပေါ်မှာ ကျွန်တော်တို့ ပို့ထားတဲ့ လက်
ရေးဖိတ်စာလေးတွေစီလို့ ကိုစုရဲ့ ၀ါးပင်ပုံကလေးတွေနဲ့ “မောင်ရင်တို့က
နိုင်ငံအကြီးအကဲကို စော်ကားရုံမက ငါ့ကိုလည်း ကိုယ်ထိလက်ရောက်စော်
ကားခဲ့တယ်” ဆိုတော့ ကျွန်တော်က “ဘာများမှား မိပါသလဲခင်ဗျာ” လို့မေး
တော့ ဖိတ်စာလေးတွေ ထိုးပြပြီး “အဲဒီဖိတ်စာက စော်ကားထားတာပဲ” ဆို
တော့ ကျွန်တော်က “အဲဗျာ ဘယ်လိုကြောင့်လဲဗျာ” လို့မေးတော့ “အဲဒီ
ဝါးပင်ပုံတွေက ဒို့ကို ပုဇွန်ပုတ်သင်ဝါးပင်လိပ်ခေါင်းနွားသိုးမြေခွေးဆိုတဲ့
အ,ဂုဏ်(၆)ပါးထဲက လေယူရာယိမ်းသူ စားသူ၊ ၀ါးသူတွေ နာယကဂုဏ်မရှိ
သူတွေလို့ ရည်ရွယ်တာမဟုတ်လား” တဲ့ အမလေး သေပါလေရောဗျာ။ အဲ
သလောက်အောက်တန်းကျတဲ့အတွေး တစ်ခါမှ မတွေးမိပေါင်ဗျာ။
သူတို့တောင်ပြန်သနားမိသေးတော့ …
ကဲ ခြင်္သေ့အကြောင်း နောက်တစ်ပတ်မှ ဆက်ကြစို့။
ဦးကိုဦး(မင်းကွန်း)
- See more at: http://www.lightofmandalay.com/entries/2846#sthash.0y8J5rCY.dpuf

No comments:
Post a Comment