HOME

Saturday, November 2, 2013

ချီလီကာရဲ့ ညဘုရင်မ တွေကို ကယ်တင်ကြပါ


အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရှစ်သျှနယ် ချီလီကာရေကန်ကြီးမှာ နေ၀င်ပြီဆိုတာနဲ့ ကျွဲအုပ်တွေဟာ သူတို့ရဲ့ ညစားကျက် ကွင်းများရှိရာ ရေကန်စပ်သို့ အုပ်လိုက်ချီပြီး ဆင်းကြပါတော့တယ်။ ပင်လယ်စပ်နဲ့ နီးတဲ့ ရေကန်ကြီးမို့လည်း ငန်ပြပြ အရသာရှိတဲ့ စားကျက်မြေမျိုးမှာမွေးမြူလို့ရနိုင်တဲ့ ပြိုင်စံရှား သြရှစ်သျှ၊ ချီလီကာ ကျွဲမျိုးတွေပါ။ ဒီကျွဲတွေဟာ ပါတ်ဝန်းကျင် ကျေးရွာသားတွေရဲ့ အသက်မွေးမှု ဘ၀များစွာနဲ့ ချီလီကာရေ ကန်ကြီးရဲ့ ဇီဝပါတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းပေးနေတဲ့ ကျေးဇူးရှင် သတ္တ၀ါတွေပါပဲ။

ချာလီကာရေကန်ကြီးရဲ့ ညဖက်ဘုရင်မများလို့ခေါ်တဲ့ ဒီကျွဲအုပ်ကြီးတွေကို LIFE (Local Livestock for the Empowerment of Rural People) လို့ အမည်ပေးထားတဲ့ အိန္ဒိယပြည်က ကျေးလက်ပြည်သူ့ ဘ၀မြှင့်တင်ရေးနှင့် ဒေသတွင်း မွေးမြူ ရေးလုပ်ငန်း အဖွဲ့ကလည်း တဖက်တလမ်းကနေ အထောက်အကူပြုကာ ထိန်းသိမ်းစောင့်ရှောက် ပေးနေပါသေးတယ်။

ဒီချီလီကာ ကျွဲတွေကြောင့်ပဲ ဒေသခံတွေဟာ သူတို့ခလေးတွေကိုကျောင်းထားနိုင်ကြတာ။ စိုက်ဖို့ပျိုးဖို့ လယ်မြေတွေကို ၀ယ်နိုင်ကြတာပါ၊၊ ကျွဲတွေသာ မွေးမြူထားဘူး ဆိုရင်တော့ သူတို့မှာ တပြားမှတောင် ရှိမှာ မဟုတ်ဘူးလို့ သုတေသီများက ဝေဖန် ထောက်ပြကြပါတယ်။

ပြီးတော့လည်း ဒီချီလီကာ ကန်တွင်းနေကျွဲတွေဟာ သူတို့ကို အမြဲတစေလိုက်လံ ထိန်းသိမ်းစောင့်ရှောက်ပေးနေဖို့ လည်း မလို၊ တခြားဖြည့်စွက်အစာတွေ များများမကျွေးလည်းရပြီး အိပ်စက်နားနေဖို့ အကာကွယ်ခြံတွေလုပ်ပေးစရာလည်း မလိုပါဘူး။ကန်စောင်းပါတ်လည်က သစ်ပင်နဲ့ ခြံဖုတ်တွေမှာပဲ နားခိုတတ်ပါတယ်။ သိပ်ပြီးတမူထူးခြားတဲ့ကျွဲမျိုးတွေပါ။ နောက်ပြီးတော့လည်း ဒီကျွဲတွေကို ဂရုတစိုက်နဲ့ ဆေးဝါးကုသပေးဖို့သိပ်မလိုအပ်သလို သေဆုံးတဲ့နှုံးထားလည်း သိပ်ကိုနည်းပါးလှပါတယ်။

ဒီပြည်နယ်အတွင်းမှာရှိတဲ့ တခြားဒေသကကျွဲတွေနဲ့မတူတာက ချီလီကာ ကန်ကြီးထဲက မွေးထားတဲ့ ကျွဲတွေဟာ သူတို့ နေ့တိုင်းစားနေကျ ဆားဓါတ်ကြွယ်ဝတဲ့ အစာတွေကြောင့် နို့ထွက်နှုံး တနေ့ ( ၂ ) ကီလိုသာ ရှိပေမယ့်လည်း ချီလီကာ ကျွဲနို့နဲ့ နို့်ထွက်ပစ္စည်းဒိန်ချဉ်ဟာ ရေခဲသေတ္တာအပြင်မှာ တပါတ်လောက်ထားတောင် နို့အချဉ်မပေါက်လို့ ဈေးပိုရ တတ်ပါတယ်။

ဒီလိုအားကောင်းချက်တွေများလို့ ကျွဲမွေးတဲ့ရွာသားတွေတင်အကျိုးရှိရုံမက ချီလီကာရေကန်ကြီး ဇီဝပါတ်ဝန်းကျင် ဂေဟဗေဒစနစ်ကြီးအတွက်ပါ ချီလီကာကျွဲတွေဟာ အရေးကြီး သတ္တ၀ါတွေပါပဲ။ ပင်လယ်ပြင်နဲ့သိပ်မဝေးလှတဲ့ ချီလီကာ ထုံးကျောက်ရေကန်ကြီးဝန်းကျင်မှာ လူဦးရေတစ်သိန်းလောက်ရှိတဲ့ ဒေသခံငါးဖမ်းသမားတွေအတွက်ရယ် ပြီးတော့ ချီလီကာကျွဲတွေမွေးသူမိသားစု လူ ၂ သောင်းနီးပါးအတွက် လိုအပ်မယ် သောက်သုံးရေသန့်တွေကို ဒီရေကန်ကြီးက ထိန်းသိမ်းထားပေးတာပါ။

ကျွဲအုပ်တွေရဲ့စွန့်ပြစ်အညစ်အကြေးတွေဟာ ချီလီကာကန်ကြီးအတွင်း ဇီဝပညာအဆို အရ (phytoplankton) လို့ခေါ်တဲ့ ရေထဲနေ ပင်သေးပင်မွှား ကလေးတွေကို ရှင်သန်စေ တိုးများစေပြီး ဒီအပင်လေးတွေကြောင့်လည်း ငါးမျိုးဆက်ပြန့်ပွားမှုတွေ ဆက်လက်ကောင်းမွန် ရှင်သန်နေကြ ရတာပဲဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ကန်ကြီးနံဘေးတလျောက် ပေါင်းမြက်တွေထူထပ်လာခဲ့ရင်တော့ အထူးသဖြင့် ချီလီကာကန်ကြီး အနီးရှိ နာလန်နယာ (Nalanana) ကျေးငှက်ဘေးမဲ့တောကိုမှီခိုနေတဲ့ ငှက်အကောင်ရေ တိုးပွားမှုကို ပါလျှော့နည်း စေပါတယ်။ချီလီကာရေကန်ကြီးနံဘေးက ပေါင်းမြက်တွေကို ဒီကျွဲတွေ ကစားပြစ်လိုက်တာမို့ ရေကန်ကြီးကို ပေါင်းမြက် တောတွေပိတ်ဆို့ကုန်မယ့်ဘေးဒုက္ခကို ဖြေရှင်းပေးရာလည်းရောက်ပြန်ပါတယ်။

နောက်တတိယအချက်ကတော့ ကျွဲအုပ်တွေ ချီလီကာကန်မှာ ထဲစားကျက် လုပ်နေတာကြောင့်လည်း ရေကန်စောင်း ပါတ်လည်မှာ အများအပြားပေါက်ရောက် တတ်တဲ့ ဘီမူဒါမြက် တမျိုး(Bemuda grass)ရဲ့ အမြစ်တွေ ရေပေါ်ကို လန်ထွက်လာပြီး ဒီမြက်ပင်ရဲ့အမြစ်တွေကို တချို့ငှက်တွေကစားပြန်ပါတယ်။

နောက်တချက်ကလည်း ကျွဲတွေရဲ့မစင်ကို အချပ်လိုက်အခြောက်ခံပြီး မီးဆိုက်လို့ရတဲ့ အကျိုးကျေးဇူးပါ။သုတေသီများ ကတော့ ချီလီကာကျွဲတွေဟာ ထင်ရှားပါးလွန်းလှတဲ့အိန္ဒိယကို သစ်တောပြုန်းတီးခြင်းဘေးကနေ ကာကွယ်ပေးနေတယ် လို့တောင် ထုတ်ဖေါ် ချီးကျူးကြပါတယ်။ ရေထဲကမြက်ကိုစားပြီး မီးဆိုက်လို့ရတဲ့ အစားထိုးထင်းတွေပြန် ထုတ်လုပ်ပေး နေတာမို့ ရေကနေ မီးဖြစ်အောင် ကျွဲတွေကပဲ လုပ်ပေးနိုင်တယ်လို့သတ်မှတ် ရပါလိမ့်မယ်။

နို့ထွက်ပိုဖို့ ချီလီကာကျွဲနဲ့ ဒေသတွင်းက နို့ထွက်ကောင်း မူရာ (Murrh) ကျွဲတွေကို သားစပ်လိုက်ရင် ဒီမျိုးစပ်ကျွဲတွေကို ချီလီကာကန်ဝန်းကျင်မှာ ပြန်မွေးမြူလို့မရပါဘူး၊၊ရောဂါပိုးမွှားဒဏ်မခံနိုင်လို့ အထူးသဖြင့်အသဲကပ်ပါးပိုးမွှားတွေကြောင့် ရောဂါရပြီး ဆေးကုသမှုစရိပ်ပိုကုန်ကျစေပါတယ်။

ဒါကြောင့်လည်း ဒီလိုမျိုးနို့တွေပိုရဖို့မျိုးစပ်ယူကြရင်း တခြားဒေသ တွေကို ကျွဲတွေရောက်သွား ကုန်ကြရင် ဒေသခံတွေ ကျွဲအတွက် ကျွေးမွေး၊ဆေးကုသစရိပ်ပိုကုန်ကျတာထက်ကို ချီလီကာ ကန်ကြီးဝန်းကျင်ရှိ ကျွဲကောင်ရေတွေလျော့ပါးသွားတော့မယ့်အရေးက ပိုပြီးနစ်နာမှုကြီးလိမ့်မယ်လို့ သုတေသီတို့က ထောက်ပြပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ဒီချီလီကာဒေသကျွဲတွေကပဲ ဒီချီလီကာကန်ကြီး ဇီဝဖြစ်စဉ်တွေကို ထိန်းထားပေးနိုင်တာဖြစ်လို့ပါ။ ဆားငန်ဓါတ်များတဲ့အစာတွေကိုစားပြီး အသက်ရှင်နေနိုင်တာ၊ သူတို့ကို ကန်ပါတ်လည် စားကျက် ချပေးထားလို့လည်း ရေကန်ထဲက ငါးမျိုးစိပ်တွေနဲ့ ကန်ဘေးက ငှက်တွေ တိုးများနေကြတာဖြစ်လို့ ပါပဲ။ နို့မဟုတ်ရင် ချီလီကာ ကန်ကြီး ပေါင်းမြက်တောတွေနဲ့ ပိတ်ဆို့ ခမ်းခြောက်မယ့် အန္တရယ်ကို မုချ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒေသခံတံငါသည် ၁၀၀၀၀၀ တစ်သိန်းလောက်လည်းဝင်ငွေတွေလျော့ပြီး ထပ်ပြီးဒုက္ခရောက်ဦးမှာပါပဲ။

ဒါကြောင့်မို့လည်း ချီလီကာကန်ကြီးဝန်းကျင်က ကျွဲမွေးသူတွေကို တည်မြဲနေအောင် အားပေးကူညီ ထိန်းသိမ်းထားနိုင်ဖို့ အတွက် ကျိုးပမ်းဆောင်ရွက်နေကြရပါတယ်။ ချီလီကာ ဒေသထွက်ကျွဲနို့တွေ ဈေးပိုရအောင်လို့ အိန္ဒိယပြည်က နှင့် ဒေသတွင်းမွေးမြူရေး လုပ်ငန်းနှင့်ကျေးလက်ပြည်သူ့ဘ၀မြှင့်တင်ရေး( L I F E ) အဖွဲ့ကနေ မြို့ပေါ် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ကိုကျေးလက်ဒေသနဲ့ ဆက်သွယ် အလုပ်လုပ်ကြဖို့ ဒေသထွက် နို့တွေဈေးကွက်ထဲ ရောက်ရှိအရေး စည်းရုံးလှုပ်ရှားရပါတော့တယ်။ ပြီးတော့လည်း နို့အပြင်အခြားနို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ် ၊သကြား၊ ကိတ် စတာတွေကို စနစ်ကျတဲ့ထုပ်ပိုးမှုတွေဖြစ်လာအောင် စီစဉ်ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့လို့လည်း ချီလီကာဒေသထွက် ကျွဲနို့ဈေးဟာအရင် တစ်လီတာကို ၁၃ ရူပီးကနေ ၁၈ ရူပီးအထိတိုးပြီး ဈေးမြင့်လာခဲ့ပါတယ်။

ဒေသတွင်းမွေးမြူရေးလုပ်ငန်းနှင့်ကျေးလက်ပြည်သူ့ဘ၀မြှင့်တင်ရေး (L I F E ) အဖွဲ့ရဲ့ နောက်ထပ်အောင်မြင်မှုခြေလှမ်း တခုကတော့ အခြားဒေသခံ ကျွဲမွေးသူတွေကို ချီလီကာဒေသရဲ့ အတွေ့အကြံကောင်းတွေကို ဝေမျှပညာပေးဖို့ လယ်သမားတို့ အတွက် ရွှေ့လျား သင်တန်းကျောင်းကလေး တခု ဖွင့်ပေးဖြစ်ခဲ့တာပါ။ ချီလီကာကျွဲတွေရဲ့ အားကောင်းချက် တွေနဲ့ မိရိုးဖလာကျွဲမွေးမြူခြင်း အတွေ့အကြုံတွေကို တခြားဒေသတွေမှာ လိုက်လံရှင်းပြပြီး အတွေ့အကြုံတွေ မျှဝေ ပေးပါတယ်။ ချီလီကာ ကျွဲမျိုးတွေကို ပြန်ပြီးမွေးမြူကြမယ်ဆိုရင် သူတို့ဘယ်လိုမျိုးအကျိုးမြတ်တွေရမယ့်အကြောင်း ၊ငွေသိပ်မကုန်ဘဲ ဘယ်လို ထိန်းကျောင်းမွေးမြူနိုင်တယ်၊ ပြီးတော့ ငွေပိုရအောင် နို့နဲ့နို့ထွက်ပစ္စည်းတွေ ဘယ်လိုတင်ပို့ သင့်တယ် စတဲ့အချက်တွေကို တစ်ရွာပြီးတစ်ရွာလိုက်လံရှင်းလင်းစည်းရုံးကြပါတယ်။

မလိုအပ်တဲ့ ချီလီကာနဲ့ မူရား ကျွဲတွေမျိုးစပ်မိပြီး မျိုးစပ်လေးတွေ ပေါက်ပွားလာမယ့်အရေးကို ကာကွယ်နိုင်ဖို့ အရေးကြီးပါသေးတယ်။မျိုးပျက်ပြီး ချီလီကာကျွဲကောင်ရေ လျော့နည်းသွားတတ်လို့ပါ။ ကွန်ဒွန် တွေသုံးပြီး ကျွဲတွေကို မျိုးမစပ်မိသွားအောင် ထိန်းသိမ်းကာကွယ်ထားနိုင်ခဲ့ကြပါတယ်။ ကရော်ကမယ်ကျပေမယ့် ဒီနည်းလမ်းက အတော် အောင်မြင် ခဲ့ပါတယ်။ဒေသတွင်းက ရတဲ့ဆေးဝါးတွေသုံးပြီး ရိုးရာနည်းလမ်းတွေနဲ ကျွဲတွေကို ဘယ်လို မွေးမြူကုသပေး နိုင်တာကိုလည်း သင်ကြားပေးပါတယ်။

ဒေသတွင်းမွေးမြူရေးနဲ့ကျေးလက်ပြည်သူ့ဘ၀မြှင့်တင်ရေးအဖွဲ့(LIFE) အတွက်တော့ ရေရှည်မှာတော့ ဒါတွေအပြင် ဆက်ပြီးလုပ်စရာလုပ်ငန်းတွေ အများကြီးကျန်ရှိနေပါသေးတယ်။ချီလီကာကျွဲမွေးသူများရဲ့ သီးသန့်စိုက်ပျိုးရေးခြံကြီးတွေ ပေါ်ထွက်လာဖို့၊ တိရိစ္ဆာန်တွေကို ပုံမှန်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ၊ ပုံမှန်သန်ကောင်ချဆေးတိုက်ပေးဖို့၊ပြီးတော့လည်း ချီလီကာကျွဲတွေအများကြီး အောင်မြင်စွာမွေးမြူနိုင်သူ လယ်သမားတွေကိုဆုချီးမြှင့်ပေးဖို့ စတဲ့စတဲ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် သွားဖို့လိုအပ်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချီလီကာရေကန်ကြီး မခမ်းခြောက်သွားစေဖို့ ထာဝ စဉ်တည်တံ့နေရအောင် တဖက်တလမ်းကနေ အဓိကအထောက်အကူပြုနေတဲ့ ချီလီကာကျွဲတွေရဲ့ အနာဂါတ်ကတော့ ဆက်လက်ထွန်းလင်းနေဦးမှာပဲဖြစ်ပါတယ်။

By --------- W L 4 (Youth For Future Inlay)

From ---------http://www.new-ag.info/en/focus/focusItem.php?a=695

No comments:

Post a Comment