တစ်
ရွာ တစ် ကွန် ဆောက်ရအောင်
“ One
Village One Computor Center
”
ဒီကနေ့တော့ MP 3 /MP4 ဖွင့်စက်တွေ ဈေးပေါပေါနဲ့ မြန်မာ့ေ ဈး ကွက် ထဲမှာ တပုံကြီး။ ကိုယ်နှစ် သက် ရာကို ရုပ်သံကို ဘယ်နေရာ က ကြည့်မလဲ နားထောင်မလဲ။ရေချိုးခန်း ထဲမှာလား အိမ်ထဲလား အိမ်ပြင်လား အိပ်ယာထဲ အိမ်သာထဲက စသည်ဖြင့် ကြိုက်သလို နားထောင် ကြည့်ရှုနိုင်ကြပါပြီ။ ဖွင့်တတ် သုံးတတ်ပြီး ခံစားကြည့်ချင်တယ်ဆိုရင် အနည်းဆုံး တော့ ကိုယ်မှာ MP 3 /MP4 ဖွင့်စက် တလုံးတော့ ရှိထားဖို့လိုမှာပါ။
ဒီအတိုင်းပါပဲ ကနေ့ အိုင်တီ
နည်းပညာ ( I T
Technology) အခြေခံ တွေသိဖို့ အနည်းဆုံးတော့ ကွန်ပြူတာလေး တလုံး ရှိဖို့ လိုပါလိမ့်မယ်။ကိုယ်မသိတာတွေ
ညွန်ပြ သင်ကြားပေးမယ့်လူတယောက် ကွန်ပြူတာတလုံး သာ သင့်အနားရှိရင် သင်နဲ့တကွ သင်ပါတ်ဝန်း ကျင် မှာရှိတဲ့ စိတ်ဝင်စားသူ
လူငယ်တွေပါ အိုင်တီ ကမ္ဘာနဲ့ ထိတွေ့ခွင့် ရနိုင်ကြပါလိမ့်မယ်။ဒီနည်းနဲ့ပဲ အိုင်တီခေတ်ရဲ့
အရုပ် အသံ တင်မက သတင်းအချက်အလက်တွေကို ကျေးရွာတိုင်း လိုလိုက ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်ရပ်ရွာတွေ ထဲရောက်အောင်
ဖန်တီးယူနိုင် ကြတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျေးရွာတခုမှာ
ကွန်ပြူတာ လေးတလုံးလောက်နဲ့ အစတည်နိုင်မယ် ဆိုရင် အင်းသားလူငယ်မျိုးဆက်တိုင်း အိုင်တီ
ခေတ်နဲ့ အမီလိုက် ရင်ဘောင်တန်း နိုင်ကြပါတော့မယ်။
ကဲ ဒီလို စိတ်ကူးလေးတွေကို
ပုံဖေါ်ကြည့်ရအောင် ။
ကွန်ပြူတာတွေ ဘယ်သူကပေးမှာလဲ
။ N G O အဖွဲ့တွေက ကူညီမှာလား။ဟိုအသင်း ဒီအဖွဲ့က
ထောက်ပံ့မှာလား ---စာဖတ်သူတွေ ခေါင်းထဲမှာ
အဲလို အတွေးေ တွ ဖြတ် ကနဲ ဖြတ်ကနဲ ရောက်လာကြမှာ
အသေချာပါပဲ။
အခုပြောချင်တဲ့ ကိစ္စက ကိုယ်ထူကိုယ်ထ ကျေးလက်တွေမှာ အိုင်တီ စင်တာတွေ ဖန်တီးနိုင်တဲ့
အကြောင်းပြောမှာမို့ ဒီလို အသင်း အဖွဲ့များရဲ့ ကူညီဝိုင်းဝန်းမှုတွေကို ခဏလေး ဘေးဖယ်ပြီး
ကျနော်တို့ စဉ်းစားကြည့်ရအောင်။
ဆိုကြပါစို့ ကျနော်တို့အင်းထဲက ကျေးရွာတိုင်းလိုလို အစိုးရလျပ်စစ်မီးထက်
ကိုယ်ထူကိုယ်ထ မီးစက် ၊နေရောင်ခြည်သုံး ဆိုလားပြားတွေကို အဓိကထား သုံးနေရတဲ့ ဘ၀အခြေခံ
ပေါ်ကနေ ဒီလျပ်စစ်အားကို သုံးပြီး ကျေးလက် ကွန်ပြူတာ စင်တာတွေပေါ်လာရေး ဆက်တွေးကြည့်စမ်းပါ။လျပ်စစ်လိုအပ်ချက်ကို ဆိုလာပြားတွေက
ယူသုံးကြမယ်ဆိုပါတော့။
ဒီတော့ ကျေးရွှာလေး တရွာမှာ
ကွန်ပြူတာ စင်တာလေးတခု ဖြစ်လာအောင် ဘာတွေလိုမလဲ ဘယ်လောက် ကုန်ုကျမလဲ ငွေဘယ်လောက်နဲ့အလုပ်ဖြစ်မလဲ
ဘယ်နည်းနဲ့ ကွန်ပြူတာ သင်ခန်းစားတွေ သင်ကြားနိုင်ကြမှာလဲ --ဆိုတဲ့မေးခွန်းတွေ တသီကြီး
နောက်ထွက်လာပါလိမ့်ဦးမယ်။
ကျနော်တို့ သိထားတာတွေကို
ပြန်ပြီး ဝေမျှရမယ်ဆိုရင်။
ပထမ အချက်ဖြစ်တဲ့ ကွန်ပြူတာတွေနဲ့အသင့်တော်ဆုံးက
နေရောင်ခြည် ဆိုလာပြားတွေပါ။ ဈေးနှုံးလည်း သက်သာ လျပ်စစ်မီးအတက်အကျလည်း တည်ငြိမ်လို့ပါ။ဝပ်အား
၃၀၀ လောက် ဆိုလာပြား တွေနဲ့ လက်တော့ ကွန်ပြူတာ ၃-၄ လုံး (သို့) ၀ပ် ၂၀၀ေ လာက်ပဲ သုံးတဲ့
ဒက်စတော့ ကွန်ပြူတာ ၁ လုံး လောက် ကို တပ်ဆင်သုံးဆွဲနိုင်ပါတယ်။
ကွန်ပြူတာများ
တပါတ်ရစ် fujitsu
FMV C 8200 မော်ဒယ် တခုပါ။
ထိုင်း နယ်စပ် ပေါက်ဈေး (3900 B / မြန်မာငွေ ဖြင့်
၁၂၄၈၀၀ ကျပ် )
အကြမ်းခံလို့ သင်တန်းတွေ
အတွက် သုံးသင့်တဲ့အမျိုးစားပါ။
နောက်တချက်က သုံးစွဲကြမယ့်
ကွန်ပြူတာများရဲ့ အပိုင်းပါ။မြန်မာပြည်ဈေးကွက်မှာ ရောင်းချနေတဲ့ လက်တော့/ ဒက်စတော့
ကွန်ပြူအသစ် တလုံးက အနည်းဆုံး ကျပ်ငွေ ၃သိန်းကျော် အထက်မှာဆိုတော့ ဒီအသစ်တွေနဲ့ ၀ယ်ပြီး
စင်တာတခုဖွင့်ဖြစ်ဖို့ရာ နည်းနည်းလေး ခက်ပါလိမ့်မယ်။
ထူးခြားချက်က သူက ကျန် Desktop
တွေလို မီအား ၀ပ်(watt) 500 သုံးတာမဟုတ်ပဲ ၀ပ် ၂၀၀ လောက်နဲ့ အလုပ်လုပ်လို့ ဆိုလာပြားတွေနဲ့
တွဲဖက်သုံးလို့ရပါတယ်။
တပါတ်ရစ် ဖြစ်ပေမယ့် ဈေးသက်သာပြီး
ကိုယ်အတွက် တချို့လုပ်ငန်းပိုင်း တွေသုံးလို့ရနိုင်မယ့် မော်ဒယ် တချို့ကို ၀ယ်ပြီး
သုံးမယ် ဆိုရင် တလုံး ကျပ်ငွေ တစ်သိန်းလောက်မို့ ကွန်ပြူတာစင်တာ တခု စဖွင့်နိုင်ပါလိမ့်မယ်။
အသစ်တလုံး စာ နဲ့ တပါတ်ရစ် ၃ လုံးကို ၀ယ်ပြီး ချွေတာရေးနည်းနဲ့ သင်ကြတဲ့သဘောမျိုးပါပဲ။
အကောင်းဆုံးက လက်တော့ တပါတ်ရစ် ၃ လုံးလောက် (လိုအပ်ခဲ့ရင် ၀ပ် (Watt) အား သိပ်မစားတဲ့
ဒက်စတော့ တလုံးလောက်ပါ တွဲပြီး ၃ လုံးတစုံ နဲ့ ကွန်ပြူတာစင်တာ တခုကိုဖွင့်မယ်ဆိုရင်
ရနိုင်ပါပြီ၊ လူငယ် ၁၀ ယောက် လောက်တပြိုင်နက်
သင်ယူနိုင်ပါလိမ့်မယ်။
သင်ကြားပေးမယ့်ဆရာ
အင်းလေးကန် ရွာတချို့မှာ
ဒီလိုသင်တန်းတွေ စတင်နေပြီမို့ အဲဒီက ဆင့်ပွားယူ အကူညီတောင်းခံတဲ့ နည်းတွေကိုလည်း ထည့်သွင်း
စဉ်းစားသင့်ပါတယ်။
ဘာတွေသင်ယူကြမလဲ
ကွန်ပြူတာ
သင်ယူမည့်သူ တယောက်အနေနဲ့ အနည်းဆုံး window
ရဲ့ အခြေခံ Microsoft Word/Excell တို့ကို သိဖို့လိုပါတယ်။ ဒီကနေ ရှေ့ဆက်ပြီး
အင်တာနက် အီးမေးလ် (Internet;Email) ပါ။နောက် ကွန်ပြူတာမှာ တွဲဖက်သုံးဆွဲရတဲ့ ဆော့ဖ်ဝဲလ်
Software တွေကို အသုံးပြုတဲ့အပိုင်း
ဆက်နိုင်ပါတယ်။ဥပမာ ဓါတ်ပုံ /အသံ/ရုပ်သံ/တွေ
တည်းဖြတ်ဖို့ Adobe photoshop/Adobe
audition/video editor တို့လို စာအုပ်စာ စောင်တွေအတွက်
Adobe Page maker တို့လိုမျိုးပါ။ဒီအခြေခံလောက်ကို တော့ ကွန်ပြူတာသုံးတဲ့ သူတိုင်း တတ်ထားသင့်ပါတယ်။ဒါမှ
ကွန်ပြူတာနဲ့လုပ်ငန်း အတော်များများ ဖန်တီး လုပ်ကိုင်နိုင်ကြပါ လိမ့်မယ်။
ဘယ်လိုစီမံခန့်ခွဲရမှာလဲ
ဘယ်နေရာမဆို
စီမံခန့်ခွဲမှုဟာ အဓိကကျပါတယ်။ ဒါကြောင့် ကွန်ပြူတာစင်တာ လေးတခု ပေါ်လာဖို့ ကိုယ်နေထိုင်ရာရပ်ရွာ
ထဲက စိတ်ပါဝင်စားသူ သင်ကြားလိုသူ ကိုယ့်သားသမီး အပါအ၀င် အခြားလူငယ်တွေကို ကွန်ပြူတာ
တတ်မြောက်စေချင်သူ ရပ်မိရပ်ဖ လူ၊ကြီးတချို့ လိုအပ်လျှင် ကျေးရွာကျောင်း က ဆရာတော်ကအစ ဒီလို အင်အားစုတွေ ၀ိုင်းဝန်းလုပ်သွားမှရမှာပါ။
အနည်းဆုံး
ကိုယ့်ရွာ ကွန်ပြူတာစင်တာ ဖြစ်မြောက်ရေး ကော်မတီ တခု ကနေ နေရာ ။လျပ်စစ်မီး ပရိဘောဂ နဲ့ ကွန်ပြူတာ ၀ယ်ယူဖို့
ငွေကြေးမတည်ပေးမယ့် အလှူရှင်တွေ ကိုစုစည်းပြီး လုပ်ငန်းစဖို့ အရင်စီစဉ် နိုင်ပါတယ်။
နောက်ပိုင်းမှာလည်း ဒီသင်တန်းလေး ရေရှည်တည်မြဲ သင်ကြားပေးနိုင်အောင် ကော်မတီက ကြီးကြပ်သွားရမှာပါ။သင်တန်းနဲ့
ပါတ်သက်တဲ့ စည်းကမ်းတွေ ပစ္စည်းတွေ လူတွေကို အမြဲအလုပ်ဖြစ် ရှင်သန်နေအောင် ထိန်းသိမ်းသွားရမှာ
ကော်မတတီရဲ့ အရေးကြီးတာဝန်ပါပဲ။ တဦးတယောက်ကောင်း စေတနာနဲ့ ဒီလိုလုပ်ငန်းမျိုးကို
ရေရှည် လုပ်ကိုင်သွားနိုင် ဖို့ခက် တတ်လွန်းလို့ ကော်မတီဖွဲ့ဖို့လိုအပ်တာပါ။
ရေရှည်အကျိုးအမြတ်
ကိုယ့်ကျေးရွာမှာ
ကွန်ပြူတာစင်တာ လေးတခု စတင်အခြေချ သင်ကြားပေး နိုင်ပြီဆိုတာနဲ့ ကျေးရွာထဲ ကလူငယ်တွေ
အကျိုးရှိမယ့်အပြင် အရင်ကလို လူငယ်တွေရဲ့ လေလွင့်ပျက်စီး
နေမှုတွေလည်း နည်းပါး သွားကြမှာပါပဲ။ကွန်ပြူတာ သင်ချင် တတ်ချင်ကြတဲ့လူငယ်တွေ ဟိုဟို
ဒီဒီ ရက်တိုသင်တန်းတွေ တက်ပြီး အချိန်ကုန် ငွေကုန်တာသာ အဖတ်တင်တဲ့ အဖြစ်မျိုးမရှိနိုင်တော့ပါဘူး
။ကိုယ့်ရပ်ရွာထဲမှာ ကိုယ် မတတ်သေး သရွှေ့သင် မသိသမျှမေးလို့ရနိုင်တဲ့အပြင် အဖန်အခါခါ
သင်ပြီးသား သင်ခန်းစာတွေ မမေ့ မပျောက် အောင် လည်း ပြန်လည်လေ့ကျင့်ခွင့်တွေ ရှိကြတော့မှာပါ။ရွာတခုမှာ
ကွန်ပြူတာ စင်တာတခု ရှိတာဟာ ပညာ ပဒေသပင်ကြီးတခုကို စိုက်ထူထားလိုက်သလိုပါပဲ။ အချိန်ရှိသရွှေ့
ဆန္ဒရှိသရွှေ့ ခူးယူစားသုံး နိုင်ကြပါတော့ မယ်။ကျနော်တို့လိုမဟုတ်ဘဲ နောင်လာမယ့် ကိုယ့်သားသမီးတွေ
ကွန်ပြူတာနဲ့အလွယ်တကူ ထိတွေ့ပြီး သင်ကြားတွေခွင့် ရကြပါတော့မယ်။
ဒါအပြင်
အရင် ကွန်ပြူတာနဲ့ အလှမ်းဝေးခဲ့တဲ့ သက်လတ်ပိုင်း လူကြီးတွေလည်း အင်တာနက် ကွန်ယက်မိရင် အင်တာနက်ကနေ သူတို့အတွက် လေ့လာစရာ
နည်းယူစရာတွေကို ဆက်လေ့လာလို့ ရနိုင်ပါတယ်။ ကျေးလက်စာကြည့်တိုက် တခုထက် အင်တာနက်က အချက်အလက်
အကြောင်း အရာ စာအုပ်မျိုးစုံ ၀ါသနာပါရာ ဂဏ္ဍမျိုးစုံကို သူတို့ လေ့လာနိုင်ကြပါတော့မယ်။ရပ်ရွာတွင်းမှာ
ကမ္ဘာ အဖြစ်ပျက်မျိုးစုံ ကို နေ့စဉ် ထိတွေ့နေရသူများလေ အမြင်ကျယ်သူတွေ များလာလေဖြစ်သွား
ပါလိမ့်မယ်။
သာမန်
စာကြည်တိုက်လေး တလုံးလောက်ရှိရုံလောက်နဲ့ ရပ်ရွာအတွက် အကျိုးတွေ ရှိတယ်ဆိုရင် ကွန်ပြူတာ
စင်တာတခုက ဒီထက်ပို အကျိုးထူးများမယ် မဟုတ်ပါလား။
ကဲ
သင်ရဲ့ ရပ်ရွာမှာ ကွန်ပြူတာ စင်တာတခု ပေါ်ထွက်လာခြင်းရဲ့ အကျိုးများပုံကို သိပြီဆိုရင် အချိန်မဆိုင်းပဲ အမြန်ဆုံး လေး အကောင်အထည်
ဖေါ်လိုက်ကြရအောင်ဗျာ။
by-----------W L 4 (youth for future Inlay )
No comments:
Post a Comment