အင်းသား နဲ့ အိုင်တီ

ဒီကနေ့ လူငယ်တို့ရဲ့ ပညာရေး အခွင့်လမ်း အလားအလာကို ရှေ့နောက် ဆင်ခြင် သုံး သပ်နိုင်ဖို့ ကာလ အပိုင်း အခြား တခု လူငယ်မျိုးဆက်တခု လူငယ်လေးတွေ အရွယ် ရောက်မယ့် နှစ် (၂၀) တာစီကို အပိုင်း လေးတွေ ခွဲပြီး ကြည့် လိုက်ကြ ရ အောင်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော် ၁၉၇၀ ခုနှစ် ၀န်းကျင်လောက်တုံးက ကျနော်တို့ရဲ့ ဦး ကြီး တွေ အလုပ်တ ခု လျောက်ထားတော့မယ်ဆိုရင် အနည်းဆုံး (၁၀)တန်းအောင်မှ အလုပ်တခုကို ရကြပါတယ်။
(၁၀)တန်းကို (ခ) အဆင့် နဲ့ အောင်ခဲ့သူတွေတော့ သာ မန် ပြာတာ ရုံးစေလိုမျိုး အထွေထွေ လုပ်သား တို့လို အလုပ်မျိုးတွေ လောက် ရကြပါ တယ်။
ဒီနောက် မျိုးဆက်တဆက် အရွယ်ရောက်လာမယ့် နှစ်ပေါင်း ၂၀ အကွာ ၁၉၉၀ခုနှစ်ထဲ မှာတော့ အလုပ် တခု ရဖို့ (၁၀) တန်းအဆင့်လောက်နဲ့ မရတော့ပါဘူး။တက္ကသိုလ်တခုခု ကဘွဲ့ရထားမှ ။ ဒါတောင် အလုပ် ရဖို့ လဒ်ပေးရတာ ဂါရ၀ပြုကြေးပေးရတဲ့ကိစ္စတွေ က သီးသန့်ရှိပါသေးတယ်။ လိုင်းဝင်မတတ်လို့ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေ စပြီး ဒုနဲ့ဒေးဖြစ်ခဲ့တာ အလုပ်လက်မဲ့တွေ ဖေါင်းပွခဲ့ကြတာ အဲဒီအချိန်ထဲက စခဲ့ပါ တယ်။
ဒီလိုအခြေအနေတွေကနေ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် ကာလတခု လူငယ် မျိုးဆက်တဆက်စာ
လောက်ကို ဖြတ်သန်းပြီးနောက် ၂၀၁၀ ဒီဖက် ကျနော်တို့ လက်ရှိ ခေတ်ထဲကိုရောက်လာပြီ ဆိုကြ ပါတော့။
အခုအချိန်မှာ အလုပ်တခု လျောက်ထားမယ်ဆိုရင် ဘွဲ့ရပြီးသူ။ အင်္ဂလိပ်စာ ရေး ဖတ် ပြော နိုင်သူ၊ ကွန်ပြူ တာ သင်တန်း တခုခုမှ အသိမှတ်ပြု သင်တန်းအောင် လက် မှတ် တင်မက ရုံး (သို့) ကုမ္မဏီအတွက် လို အပ်မယ့် ကွန်ပြူတာ ပရိုဂရမ် တခုခုကို ကျွမ်း ကျင်ထားဖို့ကို တောင်းဆိုပါလိမ့်မယ်။ ဒီကြားထဲ မှာ နိုင် ငံခြားဘာသာရပ် တမျိုး မျိုး (တရုပ် ကိုရီးယား ဂျပန် ထိုင်း ) စတာတွေကို ပြောတတ်သူကို ပိုပြီး အလုပ် ဦးစားပေးခန့် တာမျိုးလည်း ရှိပါသေးတယ် ။နိုင်ငံခြား တိုင်းပြည်က ကုမ္မဏီတွေ ပြည်တွင်း လာဖွင့်နေကြပြီ ဆိုတော့ ဆက်သွယ်ဖို့ တတ်တဲ့သူတွေ လိုတာကိုး။
ဒါကြောင့်မို့ လူငယ် တယောက် အလုပ်ရဖို့ ကျောင်းမှာ ၁၄ - ၅ နှစ် အချိန်ယူ သင်ကြား ခဲ့ပြီးတော့ အ လုပ် တခုရဖို့အတွက် အခြားသင်တန်းအမျိုးမျိုးကို ကျနော် တို့ နောက်ထပ် ဘယ်နှစ်နှစ် ထပ်လေ့လာဖို့ လိုအပ် နေရတာလဲ။
အလုပ်သင် ဆရာဝန် တွေတောင် သူတို့ အသက်(၃၀ )နားကိုသာ ရောက်လာတယ် ဘယ်ဆေးရုံမှာမှ အလုပ်က စမ၀င် ကြရသေးတဲ့အဖြစ် နဲ့ ကြုံနေကြရတာလည်း ဒီ ကနေ့ခေတ် ပညာရေး စနစ်ကြီးပါ။
လူတယောက် ရဲ့ သက်တမ်း ထက်ဝက်လောက်နီးပါးကို ပညာတွေ ဆည်းပူးခဲ့ တာတောင် တိကျသေချာ
တဲ့ အလုပ်တနေရာ ရဖို့ အာမခံ ချက်မရှိတာဟာ လူငယ်တွေ ကို မျှော်လင့်ချက် ပျက်စေ ပျောက်စေ ပြီး လမ်းမှား မှာ ပျော်စေတဲ့ ဆွဲငင်အားမူးယစ်ဆေးဝါး သံသရာနွံထဲ တွန်းထည့်လိုက်တဲ့ မောင်းနှင်အား တခု
ပဲ ဖြစ်စေခဲ့ ပါတယ်။
အလုပ်အကိုင် ၊ သင့်တင့် လုံလောက်တဲ့ ၀င်ငွေနဲ့ ကိုယ်မိသားစု ဘ၀လေးတွေ တည်ေ ဆာက်ချင်ကြတဲ့ အာသီသ လူငယ်တိုင်း မှာ ရှိကြပါတယ်။ အခုတော့ အချိန်တွေသာ ကုန်လွန်သွား တဲ့ ကိုယ်မျှော်လင့်ချက် အကောင် အတည် မဖေါ်လိုက်ကြရ လို့ လေ လွင့်သွားရှာတဲ့ လူငယ်ဘ၀တွေ ဒုနဲ့ဒေး ကျနော်တို့ ပါတ် ၀န်းကျင်မှာပါ။
ကဲ ဒီအခြေအနေကနေ ရှေ့ကိုဆက်ပြီး တော့ ၂၀၁၀ ခုနှစ်ရဲ့ နောက်အနှစ် (၂၀) လောက်မှာ မျိုးဆက် သစ် လူငယ်တွေ အလုပ်လျှောက်ကြတဲ့အခါအလုပ်ပေး မယ့် သူတွေဖက်က ဘယ်လိုအချက်တွေကို တောင်း ဆိုကြ ရမလဲ ဆိုတာ စဉ်းစား ကြည့်ပါတော့။
သာမန် (၁၀) တန်း အဆင့်နဲ့ဆိုရင် အလုပ်ရဖို့ ဝေလာဝေး။ တက္ကသိုလ်ဘွဲ့ရ ဆိုလည်း အဝေးသင်ဘွဲ့တွေ ကို အသိအမှတ်မပြုချင်ကြတော့။ အင်္ဂလိပ်စာ ကွန်ပြူတာ ကျွမ်း ကျင် မှုလည်းရှိ ဘွဲ့လည်းရပြီးသား သူတွေတောင် အလုပ်နေရာလေး တခုရ ဖို့ သိပ် မ လွယ်လှ။
ဒါတွေက မြန်မာပြည်ထဲ တကယ်ရှိနေတဲ့ အလုပ်ရှာဖွေနေကြတဲ့ လူငယ် တွေရဲ့ ဘ၀ နဲ့ ပညာရေး လို အပ်ချက် တွေပါ။ဘယ်သူမှ ဒီအခြေအနေကို ရှောင်လွှဲလို့မရနိုင်ကြပါ ဘူး။ငွေကြေးနဲ့ သြဇာ အရှိန်ဝါ ကြီးသူတွေကလွဲလို့ပေါ့။
မြန်မာပြည် တခုလုံးရဲ့ ပညာရေး ဘ၀ထဲကနေပြီး ကျနော်တို့အင်းထဲ ဖက်ကို ပြန် လှည့် ကြည့်ကြ ရအောင်လား။
အင်းထဲက ရွာတွေမှာတော့ တက္ကသိုလ်တခုခုကိုတက်ပြီး ဘွဲရ တဲ့ သူတွေထက်အဝေး သင် ဘွဲ့တွေ ပိုများ ပါလိမ့်မယ်။ ဒီထက် ပိုပြီးများတာကတော့ အဝေးသင်တက်ခွင့် မရ တဲ့ ၁၀တန်း နဲ့ ၁၀ တန်းမအောင်
ကျောင်းထွက် နေရတဲ့ ခေတ်လူငယ်အခြေမဲ့တွေပါ။
ကျနော်တို့အင်းလေးကန် ရဲ့သဘာဝ အကန့်အသတ် တွေအောက်မှာ သူုတို့ အတွက် အလုပ်နေရာ အ သစ်တွေ ဖန်တီးပေးဖို့လည်း မဖြစ်နိုင်။ဒီကနေ့ မျိုးဆက် လူငယ်တွေကနေပြီး ထပ်ပေါက်ဖွာလာမယ့် သူတို့ရဲ့ နောင်မျိုးဆက် ရင်သွေးငယ်တွေ အတွက် ဆိုရင်တော့ ဝေလာဝေးပါ။ အလုပ်လုပ်ဖို့ရာမပြော
နဲ့ ခြေချဖို့ နေဖို့နေရာ တောင်ခပ်ရှားရှား အနေအထားမျိုးပါပဲ။
လက်ရှိ မြန်မာပြည် ပညာရေး စနစ်ကနေ ဘေးထွက်ပစ္စည်းတွေ လို့ခေါ်ရမယ့်၁၀တန်း အဆင့်လောက်
နဲ့ ရှေ့တိုး နောက်ဆုတ် မရဖြစ်နေတဲ့ ဒီလူငယ် အင်အားစုတွေ အင်းလေးကန်ထဲ မှာ အများစုပါပဲ။
သူတို့လေးတွေကို ဘယ်လိုနေရာချ အလုပ်ပေး ကြမလဲ။ ဘယ်သူက တာဝန်ယူမှာလဲ။ နိုင်ငံတော်က
တာ ၀န်ယူမှာလား ။ပြည်နယ် အစိုးရကလား၊ မေးကြည့်ရင် တာဝန်ရှိတဲ့ သူတွေကိုယ်တိုင် ဒီနေ့ မှ လက်ရှိ ကျင့်သုံးခဲ့တဲ့ ပညာရေးစနစ် မှားနေတာတွေ ပြောပြီး စပြောင်းဖို့ပြောဆိုနေတုံး ။ ကျွန်တော်မျိုးကြီး မှား
အောင် လုပ်ခဲ့မိပါတယ် လို့လည်း ဘယ်တယောက်ကမှ တာဝန် ခံတာမရှိ။ကောင်းလေစွ ကောင်းလေစွ လို့သာ ပြောရုံက လွဲပြီး ဘာမှမတတ် နိုင်တဲ့ လူငယ်တွေရဲ့ ဘ၀ပါ။
မှားခဲ့တဲ့ ပညာရေး စနစ်ရဲ့ ဆိုးကျိုးအဖြစ် ဘေးထွက် ပစ္စည်းတခု သဖွယ် (၁၀)တန်း အဆင့်နဲ့ တိုးလိုး တစ်လစ် ဖြစ်နေတဲ့ လူငယ်တွေကို နေရာချထားဖို့ တာဝန်ရှိတယ်လို့ ဘယ်သူက မှ ဘာတခွန်းမှ မဟ ဆိုတော့ ဒီလူငယ်တို့ရဲ့ မိုးကောင်း ကင်ကြီးမှာ အနာဂါတ် ဆိုတာထက်ကို မနက်ဖြန်တောင် မတွေ့နိုင် မမြင်နိုင်တဲ့ဘ၀ အဖြစ်တွေပါ။
ဒီတော့ မပွင့်သေးတဲ့ လူငယ့်မိုးကောင်ကြီးကို မျိုးဆက်သစ်တွေပဲ ကိုယ်ထူကိုယ်ထ ဖွင့်တိုးထွက် ရုံးကန် ကြရမယ့် အနေအထားပဲ ကျန်ပါတော့တယ်။ ရုံးထမလား တိုးထွက်မလား စဉ်းစားရမှာ လူငယ်တိုင်းရဲ့ ဘ၀ပေးပြသနာပါ။အခုလို အခြေအနေကို အမှန်သိထားမှ လူငယ်တွေသာ ထွက်ရပ်လမ်းမှန်ကို မှန်းဆဖို့ လွယ်ကြ ပါလိမ့်မယ်။
အဝေးသင်ဘွဲ့ ရထားတဲ့သူပဲဖြစ်ဖြစ် ၊ (၁၀)တန်း အောင်(သို့) မအောင်သေးတဲ့လူငယ် တွေအားလုံး ခေတ်
နဲ့  အမီ လိုက်ပြီး အလုပ်နေရာရှာနိုင်ဖို့ မဖြစ်မနေ အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ ကိုသင်ဖို့ လိုလာပါပြီ။
ကိုယ်သင်ခဲ့ တဲ့ အခြေခံကနေ ရှေ့ဆက်တက်လှမ်းလို့ ရမယ့်အဆင့်တခုကို ကိုယ် ကေ ရာက်ရှိလာ ခဲ့ပြီးပြီမို့ ရှေ့ဆက်ပြီး အင်္ဂလိပ်စာ ထပ်တိုးပြီးသင်ကြဖို့ ဒီ အင်္ဂလိပ် စာ ၊ ကွန်ပြူတာ သင်ဖို့အရေး ဘာကြောင့်နှောင့်နှေး စရာတွေ လိုနေ ရှိနေကြဦးမှာလဲ။
ဒီကနေ့ခေတ်ကို I T ( Information Technology ) ခေတ်လို့ သတ်မှတ်ထား ပါ တယ်။ သတင်း အချက် လက် တွေ အများကြီး ရယူနိုင်တဲ့သူ လက်ဦးမှုရှိတဲ့ လုပ်ငန်း တိုင်း အောင်မြင်တဲ့ခေတ်။အလုအယက်နဲ့ သတင်း အချက်လက်တွေ နည်းပညာေ တွ ပြိုင်ဆိုင်တဲ့ ခေတ်ကြီးထဲမှာ အင်္ဂလိပ်စာ ဟာ သတင်းခေတ် ကြီး တခုကို ဖွင့်လှစ် ကြည့်ဖို့ ပြီးတော့ အခွင့်အရေးတွေ ဖန်တီးရယူနိုင်ဖို့ကိုယ့်အတွက် သော့ တချောင်း ပါ။
ဖန်သား နန်း ဆောင်စံအိမ်ကြီးထဲက မှော်အစွမ်းတွေ ရရှိဖို့ ဟယ်ရီပေါ်တာ က ရွှေသော့လေးတချောင်း ရှာခဲ့သလို ဥပမာမျိုးပေါ့။
ဒါကြောင့် လူငယ်တယောက် ဒီနေ့ အလုပ်မဲ့ပြီး မျှော်လင့်ချက်မဲ့နေပါသလား ။ဒီနေ့ပဲ အင်္ဂလိပ်စာကို စလေ့ လာကြည့်လိုက်ပါ။ သင့်တင့်တဲ့ အင်္ဂလိပ်အဆင့်လေးနဲ့ ကွန်ပြူ တာ သင်ကြားရေးကိုပါ တပြိုင်ထဲ တက်လှမ်းကြည့်ပါ။ သူတို့က သင့်ကို အနာဂါတ် မိုးကောင်းကင် တခုအောက်ကို ရောက်အောင် ကူညီ
နိုင်ပါ လိမ့်မယ်။
လိုအပ်နေသေးတဲ့ သင့် အင်္ဂလိပ်စာ အရည်အသွေးတွေကို ကွန်ပြူတာနည်းပညာနဲ့ အိုင်တီကမ္ဘာကြီး ထဲဝင်ပြီး ဆက်လေ့လာလို့ရနိုင်ပါတယ်။အိုင်တီ နည်းပညာတွေ ကို လေ့လာရင်းနဲ့လည်း သင်ရဲ့ အင်္ဂလိပ်အရည်အသွေး တိုးတက်လာစေ ပါလိမ့် မယ်။
ကျောင်းမှာတုံးက သင်ကြားပေးတဲ့ ဆရာ ဆရာမတွေ ရဲ့ ကျွမ်းကျင်တတ် မြောက်မှု အရည် အချင်းနဲ့ စိတ်ရှည်သီးခံမှု အကန့် အသတ်မျိုးမျိုးကြောင့် အင်္ဂလိပ်စာ သင် ကြားေ ရး အပေါ် သွေးပျက်ခဲ့ရ shock ရခဲ့သူတိုင်း အင်တာနက်ပေါ်က စေတနာ နဲ့ အခမဲ့ သင်ကြားရေး ၀က်ဆိုဒ်များစွာကနေ စာပေးစာယူ သင်တန်း တက္ကသိုလ် များစွာ တို့ကနေ ပြီး သင်ယူလို့ ရနိုင်ပါပြီ။
သင်ကြားမှု နည်းစနစ်လည်းကောင်း အခါခါ ပြန်မေး ပြန်ဖွင့် ပြန်လေ့လာလို့ လည်း ရနိုင် ပါ သေး တယ် ။သင်အချိန်ပေးနိုင်သရွှေ့ အင်တာနက်လိုင်း ကောင်းနေသရွှေ့ ကာလပါတ်လုံး သင် မတတ်မချင်း သင် ယူနိုင်ပါလိမ့်မယ်။
လတ်တလော ကိုယ့်မှာ အင်္ဂလိပ်စာ အားနည်းနေသေးလို့ အကုန် နားမလည်သေး တာ တွေရှိရင်လည်း youtube ပေါ်မှာ ရုပ်သံ တွေနဲ့လည်းသင်ယူနိုင်ပါသေးတယ်။ အပ်ကအစ အနုမြူဗုံး လုပ်တဲ့နည်းအထိ နည်းနာပေါင်းစုံ အပြင် သင်ကိုင်နေတဲ့ ကွန်ပြူတာ နဲ့ပါတ်သက်သမျှ အသုံးချနည်း သင်ခန်းစာ ပေါင်းစုံ ထပ်လေ့လာနိုင် ပါသေးတယ်။
ကွန်ပြူတာ ကျွမ်းကျင်မှုနဲ့အတူ ကိုယ့်အင်္ဂလိပ်စာ အခြေခံပေါ်ကနေ google search box ထဲမှာ ကိုယ့် သိလိုရာမှန်သမျှ ရိုက်ထဲ့ရှာကြည့်လိုက်ပါဦး။သင်သိလိုရာ တခုခု အတွက် သက်ဆိုင်တဲ့ အဖြေပေါင်း
ထောင်သောင်းချီ ထုတ်ပေးလာပါလိမ့်မယ်။ ကိုယ်လိုရာရွှေးချယ် ဖတ် မှတ်လိုက်ရုံပါပဲ။သင်ရဲ့ ဗဟုသုတ ဘဏ္ဏာသိုက်ထဲကို အချက်အလက်ပေါင်းများစွာ အင်တာနက်ပေါ်က ဆွဲချယူဖြည့်လိုက်ရုံပါ။
တတ်ချင်သူတွေ အတွက် အင်တာနက် သင်ကြားရေး ဟာ ကိုယ့်အမေ ကိုယ့်အဖေ ကိုယ့် ဆရာသမား တွေထက် တောင် စိတ်ရှည် ကောင်းမွန်ကြောင်း သုံးကြည့်ရင် ပိုပြီးသိသာပါလိမ့်မယ်။
အင်္ဂလိပ်စာနဲ့ကွန်ပြူတာ သင်ကြားမှုဟာ တပြိုင်ထဲ တွဲနေတဲ့ အမွှာ ဘာသာရပ် ၂ ခု ပါ။ “ BUY ONE GIVE I FREE” ဆိုသလို တခုဝယ် ရင် နောက်တခု နဲ့ပေါင်းပြီး ၂ ခု ရစေတဲ့ ဈေးရောင်း ဥပမာအတိုင်းပါပဲ။
အခုကိုပဲ စားပွဲးထိုး၊ waiter အဆင့် လောက်လေးအတွက် လိုနေတဲလူတွေကို အရင် ရှာ ပြီးမှာ အင်္ဂလိပ် စာသင်ပေးပြီး အလုပ် ပြန်ခိုင်းနေရတာမျိုး၊ ကွန်ပြူတာသင်တန်းဆင်း လက် မှတ်လည်းရှိ ဘွဲ့တွေလည်း ရပါလျှက်နဲ့ လုပ်ငန်းခွင်ထဲက ကွန်ပြူတာ ဂရို ဂရမ်တွေ ကိုထိရောက်အောင် အလုပ်မလုပ်နိုင် သူတွေေ ကြာင့် ခက်နေတဲ့ လုပ်ငန်းရှင်တွေ ကအများကြီးပါ။web master/data/programmer လို အပိုင်းတွေ
မှာ တကယ်တတ်ကျွမ်း သူတွေကို သူတို့လိုချင်နေကြပါတယ်။
ကိုယ်ဖက်ကသာ အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ တကယ်ကျွမ်းကျင်နေရင် (၁၀) တန်း ဆိုတဲ့ ကိုယ့်ပညာရေး အဆင့်နဲ့ လည်း အလုပ်နေရာတွေ အများကြီး ရှိနေတာေ တွ့ လာ ပါလိမ့်မယ်။ အနည်းဆုံးတော့ ကွန်
ပြူတာရဲ့ အခြေခံအဆင့် Microsoft word / excel/photoshop/cd - dvd editing /drawing-paint/ စတဲ့ ပညာပိုင်းလောက် နဲ့တင် ရပ်ထဲရွာထဲမှာ လုပ်စရာ လုပ်ငန်းတွေအများကြီး လုပ်ကိုင် အသက်မွေးလို့ ရနိုင်ပါ သေးတယ်။
ဒါကြောင့် မိုးကောင်ကင်ကြီး ပျောက်ကွယ်နေကြတဲ့ အင်းသား လူငယ်မျိုးဆက် သစ် တိုင်း အိုင်တီ I T ( Information Technology ) သော့တချောင်း စီ ပိုင်ဆိုင် ထားကြ ဖို့လိုပါပြီ။
အလုပ်တွေပဲလျှောက်ကြမလား ကွန်ပြူတာပညာ အခြေခံလေးလောက်နဲ့ ကိုယ့်ရပ် ရွာထဲမှာ အသက်မွေး မလား ဘယ်လိုပဲဖြစ်ဖြစ် သော့လေး တချောင်းဟာ အင်းသား အမောင် လူငယ်တယောက်အတွက်ပိတ်ဆို့
နေတဲ့ တံခါး အချပ်ချပ်ကို ပွင့်စေ မှာပဲဖြစ်ပါ လိမ့်မယ်။
လောကီ ဗေဒင် ပညာ တွေ အလိုအရဆိုရင်တော့ အင်းသား နဲ့ အိုင်တီ အိုင်တီ နဲ့ အင်းသား ဟာ ကက်ကင်း ကြတယ်လို့လည်း ပြောနိုင်ပြန်ပါတယ်။
ကက်ကင်း ဆောင်လို့ အင်းသားလူငယ်တွေ အိုင်တီ I T ( Information Technology ) နည်းပညာမှာ အရာရာ အောင်မြင်နိုင်ကြပါစေ။
by --------W L 4 (youth for future Inlay)
No comments:
Post a Comment