HOME

Saturday, November 9, 2013

အတုယူစရာ ထိုင်းနိုင်ငံ ဥပမာ



                            
                        ခြေ ခြောက်ချောင်း မွေးမြူရေး


(၁)  အတုယူစရာ  ထိုင်းနိုင်ငံ ဥပမာ

 

လာတော့မယ့် ၂၀၅၀ ခုနှစ်ကို ရောက်တဲ့အခါ ကမ္ဘာပေါ်မှာ လူသား သန်း ( ၉ ) ဘီလီယံထိ ရှိလာတော့ မှာပါ။ လူဦးရေ ဖေါင်းပွနေတဲ့ ကမ္ဘာမြေပေါ်မှာ  နောက်ထပ် တိုးပွားလာမယ့်လူသား ၂ ဘီလီယံ အတွက် စွမ်းအင် ရင်းမြစ်တွေ စီးပွားဥစ္စာတို့လို ကိစ္စမျိုးတွေ အပြင် အစားအသောက် ၆၀% လောက် ထပ်ပြီး တိုးမြှင့် ထုပ်လုပ် သွားဖို့ လိုအပ်လာပါလိမ့်မယ် လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ ( F A O ) ကခန့်မှန်း ထားပါတယ်။
နေ့စဉ် စားသုံးနေကျ အသားများအပြင် လူသားတို့ စားသုံးလို့ ရနိုင်တဲ့ အင်းဆက် မျိုးစိတ်ပေါင်း (၁၆၀၀) ကျော် ရှိပါသေးတယ်။ ကမ္ဘာ့နိုင်ငံ (၁၉၆ ) နိုင်ငံ အနက် အာရှ၊  ပစိဖိတ်၊ အာဖရိက နဲ့ လက်တင်အမေရိက နိုင်ငံ (၁၀၀) လောက်မှာ အင်းဆက်တွေကို စားကြပြီး ကျန်တဲ့ ဥရောပ နဲ့ မြောက်အမေရိက နိုင်ငံတွေမှာပါ ဒီလို အလေ့ကျင့်မျိုး ရှိလာစေဖို့  ( F A O )  အဖွဲ့ဟာ မီဒီယာတွေ ထဲကနေပြီး လှုံ့ဆော်လို့ပေး နေပါတယ်။

 


ကျန်တဲ့ အသားတွေထက် ဈေးနှုံးမြင့်ပေမယ့်လည်း ထိုင်းနိုင်ငံမှာတော့ ရှေးနှစ်ပေါင်း များစွာထဲက အင်း ဆက်တွေကို စားသောက်တဲ့ အလေ့အထ ရှိခဲ့ကြတာပါ။ကမ္ဘာပေါ်က အင်းဆက်တွေ ထုတ်လုပ်ရောင်းချ တဲ့ လက်တဆုပ်စာ နိုင်ငံများထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။လက်ရှိ ထိုင်းနိုင်ငံအတွင်း လက်ရှိ မှတ်ပုံ တင်လို့ ထားတဲ့ အင်းဆက် မွေးမြူရေးခြံ ပေါင်း ၂ သောင်း ကျော်လောက်ရှိပါတယ်။ 
လွန်ခဲ့တဲ့ နှစ်(၂၀ ) ကျော် လောက်ကစလို့ တွက်ခြေကိုက်ပြီး ဈေးကွက်ရဲ့ လိုအပ်ချက်အရ အပြင် ထိုင်း တက္ကသိုလ်တွေကပါ ၀ိုင်းဝန်းကူညီ သုတေသနပြုပေးတာ၊  အင်းဆက်မွေးသူ ထုတ်လုပ် ရောင်းချ သူတွေ ကို အရည်အချင်း မြှင့်တင်ပေးခဲ့တာတို့ကြောင့်လည်း ထိုင်းမှာ အင်းဆက်မွေးခြင်း တခေတ်ဆန်းခဲ့ပါတယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ မွေးမြူသူ ထုတ်လုပ်ရောင်းချသူ ထောင်သောင်းများစွာ ဒေါ်လာသန်းချီပြီး အကျိုးစေသလို သန်းနဲ့ချီတဲ့ စားသုံးသူတွေကိုလည်း အဟာရဓါတ် ပြည့်ဝစေခဲ့ပါတယ်။

 


ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (F A O ) က အာရှ ပစိဖိတ် တာဝန်ခံတွေ ကိုယ်တိုင် ထိုင်းနိုင်ငံ က အောင်မြင်နေတဲ့ ခြေ ခြောက်ချောင်း မွေးမြူရေး  ကို အသေးစိပ် ကွင်းဆင်းလေ့လာပြီး ကျန်တဲ့နိုင်ငံ အသီးသီးသို့ အင်းဆက် မွေးမြူ ခြင်းရဲ့ အားကောင်းချက်တွေ ချပြလို့  လှုံ့ဆ်ာစည်းရုံးနေပါတယ်။

အစောပိုင်း တုံးကတော့ ထိုင်းနိုင်ငံအတွင်း တောထဲက အင်းဆက်တွေကိုသာ ဖမ်းဆီးရောင်းချ စားသုံး ခဲ့ကြတာပါ။  ၁၉၉၈ လောက်မှာတော့ ပုရစ်တွေကို စပြီး မွေးကြည့်ကြပါတယ်။ ထိုင်းနိုင်ငံ အရှေမြောက် ပိုင်းက ခုံကင်မ် (Khon Kaen ) တက္ကသိုလ်က သုတေသန ပြုလုပ်ပေးချက် တွေကြောင့်  အင်းဆက်မွေး   မြူရေး  လုပ်ငန်းများ တိုးတက်လာခဲ့တာပါ။ စိတ်ပါဝင်စားတဲ့ လယ်သမားများကို  အင်းဆက်မွေးမြူခြင်း နည်းပညာတွေ ဖြန့်ဝေပေးပြီး သင်တန်းများကိုလည်း ပို့ချသင်ကြားပေးပါတယ်။ 

ဒီလိုနဲ့ လူထုတွင်း အင်းဆက်မွေးမြူရေး အပေါ် စိတ်ဝင်စားမှု  တဖြည်းဖြည်း မြင့်မားလာစေပါတယ်။ လုပ် ငန်းတွေ စတင်တုံးက မွေးတဲ့သူ လူ(၂၂၃၄၀)ယောက် ပါဝင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ  မွေးတဲ့လူဦးရေ ၂သောင်း အထိ လူပေါင်း (၂၃၀၀ ) ကျော် ၁၀%လောက် လျော့ကျသွား ခဲ့ပါတယ်။ဒါပေမယ့်လည်း  ကျွမ်းကျင်မှု နဲ့ အတွေ့အကြုံတွေ ပိုများလာချက်က ပုရစ်ထုတ်လုပ်မှု တစ်စထက်တစ်စ ပိုမြင့်လာစေခဲ့ ပါတယ်။

 


ထိုင်းနိုင်ငံရဲ့ ခြေခြောက်ချောင်း မွေးမြူရေး လုပ်ငန်းစဉ်မှာ နိုင်ငံမြောက်ပိုင်း နဲ့ အရှေ့မြောက်ဒေသတွေ က   ပုရစ်ကို အဓိက မွေးမြူသလို  အုံးပင်နဲ့ ဆီအုံးခြံတွေ ပေါများတဲ့ တောင်ပိုင်းမှာတော့ အုံးပိုးတွေကို အကျယ်အပြန့်  မွေးမြူကြ ပါတယ်။
လက်ရှိ ထိုင်းမြောက်ပိုင်းက လက်ခွဲခြံငယ် (၂၁၇၅၂၉)  ခြံကို စီမံလုပ်ကိုင်နေတဲ့ အင်းဆက်မွေးမြူရေး လုပ်ငန်း ကြီး (၂၀၀၀၀) လောက်ရှိပါတယ်။၁၉၉၆ မှ ၂၀၁၁ ခုနှစ်ထိ ပုရစ်အပါအ၀င် အခြားအင်းဆက် တန်ချိန် ထောင်ချီ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၀၆  ခုနှစ်မှာ ပုရစ် ၆၅၂၃ တန် ထွက်ခဲ့ပြီး  ၂၀၁၁ ခုနှစ် တုတ်လုပ်မှု တန်ချိန်ကတော့  ၇၅၀၀ မက်ထရစ်တန်ပါ။

 


ထိုင်းနိုင်ငံ အလယ်ပိုင်း နဲ့ အရှေ့မြောက်ဒေသ တို့ကနေ  ခါချဉ် ၊၀ါးပိုးကောင် ၊နှံကောင်  တွေကို သစ်တော များ ထဲက ရှာဖွေစုဆောင်း ပြီးနောက် ဈေးကွက်ထဲ ပို့ကြပါတယ်။ နှံကောင်များ  နဲ့ ရေဘီလား ပိုးကောင် တို့လို တခြား အင်းဆက်မျိုး တွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေကနေ တင်သွင်းပြီး ထိုင်းဈေးကွက်ထဲ တင်ပို့ ရောင်းချ စားသုံးကြပါတယ်။

 


ထိုင်းနိုင်ငံ ထဲမှာတော့ အင်းဆက် အမျိုးအစား (၂၀၀)လောက်ကို စားသုံးနေကြပါတယ်။ ၀ါးပိုး ၊အိမ်ပုရစ် ၊ရေဘီလား နဲ့  နှံကောင် တွေကို ထိုင်းဈေးကွက်ထဲမှာ အဆက်မပြတ် ၀ယ်စားလို့ ရနေပါပြီ ၊ ဒီကနေ့ ဆို ရင် ထိုင်းမြောက်ပိုင်း တောင်ပိုင်း နဲ့ အရှေ့မြောက်ဒေသတို့တင်မက နိုင်ငံအနှံ့မှာ အင်းဆက်တွေကို အကျယ်အပြန့် မွေးမြူပြီး ထုတ်လုပ်ရောင်းချ စားသုံးနေကြပါပြီ။ ထိုင်းလူထုအတွက် အပိုဝင်ငွေ  တဖက် တလမ်းကနေပြီး  ရှာဖွေပေးနေတဲ့ အခိုင်အမာ စီးပွားရေးလုပ်ငန်း တခုဟာ ခြေခြောက်ချောင်း မွေးမြူရေး လို့ လည်း သတ်မှတ် နိုင်ပါတယ်။

ရည်ညွှန်းချက်--------- သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုကြောင့် တဖြည်းဖြည်း အလုပ်အကိုင် ရှားပါး လာနေသည့် အင်းလေးကန် ဒေသတွင်း ပြည်သူတွေ အခွင့်အလမ်း များဖြစ်စေရန် ရည်ရွယ် ချက်ဖြင့်ရေးသားပါသည်။ ပါတ်ဝန်းကျင် ထိခိုက်မှုလည်းမရှိ အချိန်ပိုင်းလေး အားစိုက်ပြီး မိသားစု အပို ၀င်ငွေတွေ ရသလို  အရပ်တပါးကို ထွက်လုပ်နေစရာလည်း မလိုအပ်တာမို့ အင်းလေးကန်အတွင်းရှိ လူသားအရင်းအမြစ် လျော့ပါးမှုကိုလည်း ထိန်းညှိပြီးသားဖြစ်စေလိုပါသည်။သဘာဝ နှင့် လူသား အရင်း    မြစ်တွေ မပျောက်ကွယ်သွားသေးသမျှ ကာလပါတ်လုံး အင်းလေးကန်ကြီး ထာဝရ တည်တံ့နိုင်ပါလိမ့် မည်။

                                                                     By  -------- W L 4  (youth for future Inlay )

No comments:

Post a Comment