အလုပ်မခေါ်လို့လည်း မခေါ်လို့။ တစ်ကယ်ခေါ်မယ်လို့ကြားတော့လည်း ကျွန်တော်တို့တွေအားလုံး အလုပ် ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်မဆုံးဖြတ်န
ဘယ်အလုပ်မဆို လူသာအဓိက စိတ်ဓာတ်သာအဓိက ဆိုပေမယ်လို့ မကောင်းတဲ့ခေတ်စနစ်ဟာစိတ်ဓာတ် ကို ရိုက်ချိုးနိုင်သလို လူကိုလည်း နလန်မထူနိုင်စေပါဘူး။
ဟုတ်တယ် ကျွန်တော်တို့ စဉ်းစားကြတယ်။ တွေးပူကြတယ်။ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပုထုဇဉ်သာမန်လူတွေပါပဲ။ ဘုန်းကြီးတွေလို ထမင်းတစ်နပ်လျှော့စားပြီး ဥပုပ်မစောင့်နိုင်သလို နေရေး ဝတ်ရေး သွားရေးလာရေး တွေကိုလည်း ထည့်စဉ်းစားရပါတယ်။
အခုခေတ်လူငယ်ဆရာဝန်တွေဟာ အရင်ခေတ်ကဆရာဝန်တွေနဲ့ မတူပါဘူး။အရည်အသွေး အခွင့်အရေး အနာဂတ်တွေ အားလုံးကွာခြားနေပါတယ်။
အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ဆရာ တပည့်အင်အား မမျှတမှု သင်ထောက်ကူပစ္စည်း မလုံလောက်မှု ကျွန်တော်တို့ မကွေးကျောင်းထွက်ဆိုရင်သွားလာရေး နေရေး စားရေးနဲ့ ရာသီဥတုဒဏ်ကိုလည်း ဆိုးဝါးစွာခံခဲ့ရပါတယ်။ ဒါဟာ ဆင်ခြေတစ်ခုမဟုတ်သလို မကွေးထွက်ဆရာဝန်များသာ နားလည်ပေးနိုင်တဲ့ပတ်ဝန်းကျင်အခြေအနေဖြစ်ပါတယ်။
ကျောင်းကပြန်လာတဲ့အချိန် ညနေ လေးနာရီဆို အဆောင်က ရေသန့်ပုံးထဲကရေဟာ ကော်ဖီဖျော် လို့ပျော်တယ်ဆိုရင် ဒီအပူချိန်ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပိုပန်းစေဖို့အတွက် လုံလောက်ပါတယ်။
death body တစ်ခုကို ကျောင်းသားငါးဆယ်ကတိုးကြည့် projector အမှုန်အဝါးတွေနဲ့ စတဲ့ အဆင်မပြေ မှုတွေက အခုခေတ်ဆရာဝန်တွေရဲ့ အရည်အချင်းဟာ အရင်ခေတ်ဆရာဝန်တွေထက် % တစ်ခုလောက်ေ တာ့ လျော့ကျစေခဲ့တာ ဘယ်သူငြင်းနိုင်မှာလဲ။
ဒါကိုလည်း အချို့အချို့သော ဆရာဝန်ကြီးများက နားလည်မပေးနိုင်ကြပါဘူး။ဘောင်မဝင်တဲ့ ဆူပူမှုတွေ က လူငယ်ဆရာဝန်တွေအတွက် depression ဖြစ်စေခဲ့သလို အလုပ်ဝင်ဖို့ဆိုတာ လည်း ကြောက်စရာ ကိစ္စ အဖြစ် တွေးလာကြပါတယ်။ စီနီယာ ဂျူနီယာ အပြန်အလှန်ပညာပြ နေမယ့်အစား တစ်ယောက်ကို တစ်ယောက် အားပေးဆွဲခေါ်မှုကသာ ကျွန်တော်တို့ရဲ့ professional ပုံရိပ်ကို တိုးတက်စေမှာပါ။
အခွင့်အရေးဆိုတာလည်း ပြောစရာမလိုအောင်ပါပဲ။ အလုပ်ဝင်ဖို့ မဆီမဆိုင် အတားအဆီးတွေ ဖြတ်ေ ကျာ်ရတယ်။ ဟိုသွားလိုက် ဒီပြေးလိုက်နဲ့ ငွေတွေလည်း ကုန်ရတယ်။ ဒါတောင် အလုပ်ပါဖို့က 25%. အရင်ကဆို အလုပ်သင်ပြီးတာနဲ့ လက်ထောက်ဆရာဝန်တန်းဖြစ် တကယ်လို့ ထူးချွန်တဲ့ဆရာဝန်ဆို ဘွဲ့ လွန် Specialist ကို အသက်သုံးဆယ်မကျော်ပါဘူး။ ဒီလို ဘဝတစ်ဆစ်ချိုးနိုင်ရင် သာသာယာယာပါ ပဲလေ။
အခုဆို လက်ထောက်ဆရာဝန်အလုပ်အတွက်ပဲ အသက်သုံးဆယ်ကပ်တဲ့သူကပ် ကျော်တဲ့သူကျော် ပင်စင်သက် မရောက်ရင်ပဲ ဟုတ်လှပါပြီပြောချင်ပေမယ့် စိတ်ဓာတ်ကတော့ကျတဲ့သူတွေကျသွာြး
ဒါတွေကလည်း ချွန်တဲ့ကျောင်းသား/
အသိအစ်ကိုတစ်ယောက်ဆိုရင် အလုပ်သင်ဆရာဝန်ပြီးကတည်းက တိုက်နယ်ဆေးရုံတစ်ခုမှာ ဝင်ကူနေခဲ့ တာလေ။ အလုပ်ဝင်ရင် အဆင်သင့်ဖြစ်အောင်လို့တဲ့။ အခု အလုပ်ဝင် entrance ဖြေတာ သုံးခါရှိပြီ။ စာမေးပွဲနဲ့အတူ သူ့ရဲ့စိတ်ဓာတ်တွေပါ ကျသွားခဲ့ပါပြီ။
အခွင့်အရေးအကြောင်းပြောရင် Training အကြောင်းပါရမှာပါ။ အချို့အချို့ ဆေးရုံတွေမှာ Training အလုံ အလောက်မရပဲ 2nd post ထွက်သွားရတဲ့သူတွေ အပုံအပင်။ ဒါကလည်း လူနာတွေ လူနာရှင်တွေ ထစ်က နဲ ရှိ တိုင်မယ် နားမလည်ပဲ media တွေဆီ ဖွမယ်တကဲကဲဆိုတော့ ဆရာဝန်ကြီးတွေလက်ထောက်ဆရာ ဝန်တွေ နဲ့ အပြည့်အဝလွှတ်မထားရဲဘူးလို့ ထင်မိပါတယ်။ အခွင့်အရေးမရလျှင်တော့ အနာဂတ်ဆိုတာ အမှောင်ထဲမှာ။
လူတွေက ပြောကြပါတယ် "ဆရာဝန်ပဲဟာ အေးဆေးပေါ့ ထမင်းမငတ်ပါဘူး"
ဟုတ်ပါတယ်။ ဆရာဝန်ဖြစ်တာနဲ့ ထမင်းမငတ်တာ မဟုတ်ပါဘူး။ အလုပ်လုပ်နေရပါတယ်။ လုပ်နေလို့လည်း ထမင်းမငတ်တာပါ။ ဒီထက်ပိုစဉ်းစားရင် ထမင်းမငတ်ရုံပဲလား။ ဆရာဝန်မှာ အခြားကိစ္စ
တွေ မရှိတော့ဘူးလား။ ဆရာဝန်ဟာ ထမင်းရတာနဲ့ကိစ္စပြတ်ရအောင် ဆရာဝန်တွေဟာတရားကျင့်နေ တာ မဟုတ်ပါဘူး။ လူတွေထဲက လူပါပဲ။ အချို့က ဒါတွေကို နားလည်မပေးနိုင်တာကို အံ့သြမိတယ်။
ကျွန်တော်ကတော့ ဆရာဝန်က စိတ်ရင်းစေတနာကောင်းရမယ် တရားသောနည်းနဲ့ပိုက်ဆံယူတယ်ဆိုရ
တစ်သိန်းခွဲဆိုတဲ့ လစာဟာ တစ်ကိုယ်ရေသမားအတွက်တောင် မလောက်တာ နှစ်ဖက်ပေါင်းလို့ အိမ်ထောင်ပြုမယ့်ဆရာဝန်တွေ မတွေးရဲစရာပါပဲ။ ဒါကြောင့်လည်း ဆရာဝန်ကြီးတွေ အပြင်ဆေးခန်း ထိုင်ရတဲ့အဖြေပဲ။ လက်ထောက်ဆရာဝန်တွေလည်း ဆေးရုံကdutyအပြင် အပြင်မှာGP ဆေးခန်းတွေ ပြေး လွှားနေရတာပါပဲ။ အချို့က ဆေးရုံမှာ အခမဲ့ အခမဲ့ မရလို့အော်နေကြတာ အစိုးရက ဘာမှသတ်သတ် မှတ်မှတ်ထောက်ပံ့ပေးထ
အပြင်လူတွေက နိုင်ငံတကာနဲ့မြန်မာနိုင်ငံက ဆရာဝန်တွေကို ယှဉ်ထိုးပြောဆိုနေကြတာတွေက မတရား ပါဘူး။ မြန်မာနိုင်ငံက ဆရာဝန်တွေ နိုင်ငံတကာနဲ့တန်းတူ မရတဲ့ အခွင့်အရေးတွေအတွက်ခင်ဗျားတို့
ပြောပေး ကြရင် သိပ်ကောင်းမှာ။ Taxi မောင်းရင်တောင် ဆရာဝန်လစာထက်ပိုရတယ်လို့ပြောတော
အခုတလော ကျွန်တော်နဲ့သူငယ်ချင်းတွေရဲ့အသ
"အလုပ်ဝင်ရမှာလား မဝင်ရဘူးလား"
"အလုပ်ဝင်ရင် ဘာတွေရမှာလဲ အလုပ်မဝင်ရင် တစ်ချိန်မှာ နောင်တရမှာလား"
"နောက်တစ်ခေါက်ဆိုတာ ဘယ်တော့လဲ နောက်တစ်ခေါက်က မသေချာဘူး"
"တစ်ခြားနယ်ရင်ကျရင် ဘယ်လိုလုပ်မလဲ GPအဆင်မပြေရင် ပိုက်ဆံမလောက်ဘူး"
"GP ချည်းပဲလုပ်ရင် တိုးတက်မှုရှိပါ့မလား"
"အခု GPက ok နေတယ်"
"စာမေးပွဲက ဖြေလဲအောင်မှာမဟုတ်ပါဘူး"
"စိတ်ညစ်လာပြီကွာ မသိတော့ဘူး"
"အလုပ်ဝင်ရင် pressure အရမ်းများတယ် မခံနိုင်ဘူး GPက စိတ်ချမ်းသာတယ်"
"Training မကောင်းရင် ဘယ်လိုလုပ်မလဲ SMO TMO ဘဝမှာ ဘာမှမလုပ်တတ်ရင်ဘာထူးမှာလဲ"
"ဝင်ခွင့်စာမေးပွဲတွေက ဘာတွေမှန်းလည်း မသိဘူး policy ချည်းပဲ စိတ်ပျက်တယ်။"
"အတွေ့အကြုံရအောင် ဝင်သင့်တယ်။"
ကျွန်တော်စဉ်းစားတယ်။
အားလုံးကတော့ သူ့ရည်ရွယ်ချက်နဲ့သူပါပဲ။
အခုလက်ရှိ အလုပ်ဝင်နေတဲ့သူတွေမှာလည်း စိတ်ညစ်နေတဲ့သူတွေရှိသလို အဆင်ပြေတဲ့သူတွေလည်း ရှိမှာပါပဲလေ (လူနည်းစုပေါ့)။ အဆင်မပြေပဲ ရည်ရွယ်ချက်(ဘွဲ့လွန်) အတွက် ကြိတ်မှိတ်နေတဲ့သူတွေလည်း ရှိမှာပဲ။
အလုပ်မဝင်လိုက်လို့ စိတ်ချမ်းသာတဲ့သူတွေရှိသလို နောင်တရနေတဲ့သူတွေလည်း ရှိမှာပဲလေ။
စဉ်စားတယ် စဉ်းစားတယ် Dicloနဲ့Glucose နဲ့ နှစ်ပါးသွားတာက စိတ်ချမ်းသာမလား?
လက်ထောက်ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်က တစ်ကယ်ပဲ အကျိုးကျေးဇူးကြီးသလားပေါ့(လစာန
သေချာတာကတော့ အခုခေတ်လူငယ်ဆရာဝန်တွေရဲ့ဘဝဟာ အရင်ကလို ကြိုးကြာတောင်ပံမခတ်နိုင်တာ…
အရင်ကလို ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်လို့ မကြွေးကြော်နိုင်တာတော့ အမှန်ပါ……
*****ကွဲရှနေသော လူငယ်ဆရာဝန်များ*****ံ
by----------Nyi Nyi Lwin
No comments:
Post a Comment