HOME

Wednesday, November 6, 2013


ကိမိလ အဟာရ (သို့မဟုတ်) အင်းဆက် ဖြည့်စွက်အစာ




ကမ္ဘာ့လူဦးရေဟာ တဖြည်းဖြည်းချင်းနဲ့ (၈)ဘီလျံ နားကို ရောက်လာနေပါပြီ။ ဆာလောင်နေတဲ့ လူသားတို့ ပါးစပ်ပေါက်တွေကို ကျွေးမွေးဖို့ရာလည်း တစ်စတစ်စ အခက်ကြုံကြရပါပြီ။စားနပ်ရိက္ခာ ရှားပါးလာနေတဲ့   နောင်တနေ့မှ လူသားတို့ ကြိုက် သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အင်းဆက်တွေ ကို ရွှေးချယ် ခွင့် ကင်းမဲ့စွာ စားသုံးကြရ တော့မှာပါ။ သဘာဝ ပါတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ တိုးများလို့လာနေတဲ့ ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ လူဦးရေကလည်း အဆမတန် တိုးပွားလို့နေတာမို့ ၂၁ ရာစု ထဲမှာ ပရိုတင်း လို့ ခေါ်တဲ့ အသားဓါတ်ရဖို့ ငွေကြေးတွေပိုကုန်ပါလိမ့်မယ်။ အထူးသဖြင့် မြို့ပြ လူလတ်တန်း စား တွေအသားဓါတ် လိုအပ်ချက်နဲ့ ဒုက္ခတွေ့ကြဦး မှာပါ။ မွန်တရီယယ်မြို့ရှိ မက်ဂေး( Mc Gill University တက္ကသိုလ် ကျောင်းသားတစုကတော့ အင်းဆက် တွေ ကနေပြီး ပရိုတင်းပြည့်ဝတဲ့ ဂျုံမှုံ့တွေကို တီထွင်ထုပ်လုပ် နိုင်ခဲ့တာမို့ ၂၀၁၃ ခုနှစ် ဟတ်(HULT PRIZE )ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ကြပါတယ်။ ဆုကြေးငွေ ဒေါ်လာ(၁)သန်း လောက်ရကြမှာ ဖြစ်ပြီး ဒီဆုကြေးတွေနဲ့ သူတို့ရဲ့ စွမ်း အားဖြည့် ဂျုံမှုံ့တွေ ကိုစတင် ထုတ်လုပ်ကြမှာပါ။ အခု ကျနော် တို့နှံကောင်တွေ နဲ့ပဲ စတင်စမ်းသပ် ထုတ်နေပါတယ်လို့ အဖွဲ့ခေါင်းဆောင် ကျောင်းသားလေးက AB C သတင်းဌာနကိုပြောကြားပါတယ်။

ဒီနှစ် အစောပိုင်းထဲက ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(F A O )ကနေပြီး စားသုံးနိုင်သော အင်းဆက်များ (စားနပ်ရိက္ခာ နှင့် ကျွေးမွေးရေး အနာဂါတ် မျှော်လင့်ချက်များ) ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီ တင်ပြချက် ထဲမှာ ကျမ္မာရေးနဲ့ သဘာဝ ပါတ်ဝန်းကျင် အကျိုးအတွက် အင်းဆက်တွေကို
 ဖြည့်စွက်ထားတဲ့ စားနပ် ရိက္ခာများရဲ့ အကျိုးရှိပုံကို အသေးစိတ် တင်ပြထားပါတယ်။အဲဒီလို စားနပ်ရိက္ခာ
 တွေကိုတော့ ကိမိလရိက္ခာ တနည်းအားဖြင့် (ပိုးမွှား)အဟာရ လို့လည်း အမည် တွင်ပါတယ်။



ယေဘူယျအားဖြင့် ကမ္ဘာပေါ်က အင်းဆက်ပိုးမွှား မျိုးစိတ် ၈၀%လောက်ကို လူသားတွေ စားသုံးကြ ပါ တယ်။ နိုင်ငံပေါင်း (၁၃၀)မှာ အင်းဆက် မျိုးစိတ်ပေါင်း (၂၀၈၆) စိတ်ကို လူမျိုးစု (၃၀၇၁) လောက်က
 နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြတာပါ။ ဖွံ့ဖြိုးပြီး လူချမ်းသာနိုင်ငံတွေမှာ စားလေ့ စားထ  နည်းကြပေမယ့် လက်တင်အမေရိကလို၊ အာရှ ၊အာဖရိက နဲ့ အနောက်တောင် ပစိဖိတ် သမုဒ္ဒရာ ဒေသတွင်း နိုင်ငံတွေ မှာလူအတော် များများဟာ အင်းဆက်တွေကို စားကြပါတယ်။


ဒီလိုစားရတဲ့ အင်းစက်အုပ်စုထဲမှာ လိပ်ပြာနွယ်ဝင် အင်းဆက်က(၂၃၅) မျိုး၊ ပိုးဖလံ မျိုးစိတ် (၃၄၄) မျိုး နဲ့ ပရွက်ဆိတ် မျိုးစိတ်(၃၁၃)မျိုး ၊ ပျားပိတုံး နွယ်ဝင်မျိုးစိတ် (၂၃၉) မျိုး တို့ ပါပါတယ်။ ဒီအထဲက စွယ်တော် ပင် တွေမှာပေါက်ဖွားတတ်တဲ့ ဒါးခုတ်ကောင် တမျိုးကို လူသိပိုများ ပါတယ်။ အာဖရိက တောင်ပိုင်းက ဒီဒါး ခုတ်နှံ ကောင်တွေဟာ ဒေသခံတွေ အတွက်တော့ ဒေါ်လာသန်းပေါင်း များစွာ ၀င်ငွေရစေတဲ့ ဘုရားပေး    သော ပိုးကောင်ငယ် လေးတွေပါပဲ။





  အာဖရိကန်တို့ ထုံးစံအတိုင်း ဆားငန်ရေ နဲ့ပြုတ်ပြီး နေပူလှမ်းထားတဲ့ ဒီဒါးခုတ်ကောင် အခြောက်တွေဟာ ကာလ တာရှည် အထားခံပါတယ်။ ရေခဲ သေတ္တာထဲတောင် ထည့်နေဖို့ မလိုပါဘူး။ စားနပ် ရိက္ခာ  ပြတ်တဲ့ အခါ ပြန်ပြီးစားသုံးကြဖို့ပါ။
အဟာရ ဓါတ်ပိုကြွယ်ဝတဲ့ အချို့ ပိုးကောင်ငယ် လေးတွေလည်း အများကြီး ရှိပါသေး တယ်။ လူသားတို့ စားသုံးနေကျ အမဲသားခြောက် (၁၀၀) ဂရမ်မှာ သံဓါတ် (၆) မီလီဂရမ် လောက်သာပါဝင်ပြီး စွယ်တော် ဒါးခုတ်နှံကောင် ခြောက် (၁၀၀) ဂရမ် မှာတော့ သံဓါတ်( ၃၁ )မီလီဂရမ်နှုံး ပါဝင်နေပါတယ်။ အထူးသဖြင့် အမဲသားထက် နှံကောင်က သံဓါတ်(၅)ဆ ပိုကြွယ်ဝ နေတဲ့သဘောပါပဲ၊၊အခြား ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်စီယမ်၊မီးစုံးဓါတ်၊ မဂ္ဂနီစီယမ်ဓါတ်၊ သွပ် ။မင်ဂနိစ်၊ နဲ့ကြေးနီ ဓါတ်တွေလည်း ဒီအင်းဆက် ပိုးကောင်တွေမှာ အများကြီး ပါဝင်ပါသေး တယ်။ အင်းဆက်တို့မှာ ကာဗိုဟိုက်ဒြိတ် ၊ ပရိုတင်း ၊ အဆီ ၊ သတ္တု ဓါတ် နဲ့ ဗီတာမင် တို့ စုံလင်စွာပါရှိပါတယ်။ ဒါအပြင် စားသောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ အမိုင်နို အက်စစ်ဒြပ်ပေါင်း လိုင်စင်းဓါတ်လည်း ပါဝင်ပြန်ပါတယ်။

သဘာဝပါတ်ဝန်းကျင် ဖန်လှောင်အိမ်အကျိုးဆက်

ရရှိတဲ့ အကျိုးဆက် တွေကတော့ အင်းဆက်တွေ ကနေ အသားဓါတ် ထုတ်လုပ်ယူ တဲ့ဖြစ်စဉ် မှာ ရေသိပ်မသုံးစွဲရတာပါ ။အထူးသဖြင့် 150 gm ဂရမ်အလေးချိန် ရှိတဲ့နှံကောင်တွေ ရရှိဖို့ ရေအ နည်းသာ သုံးရပေမယ့် အမဲသား 150 gm လောက်ရဖို့ရေ 3290 lit လီတာလောက် လိုအပ်ပါ တယ်။



  အလားတူ သစ်ပင်တွေဆီက အဟာရဓါတ်ကို အသုံးပြု တဲ့နေရာမှာလည်း အင်း ဆက်မွေးမြူရေးက ကျွဲတွေနွားတွေ ထက် (၁၀)ဆလောက် သက်သာစေပါတယ်။ သစ်ပင် ဆုံးရှုံးတာလည်း သိပ်မရှိလို့ သစ်တောပြုန်းတီးမှု ကိုတောင် ကာကွယ် ထိန်းသိမ်း ပေးနိုင်ပါသေးတယ်။

အစာကနေ အင်နာဂျီကိုသုံးပြီး ပရိုတင်း ပြန်လည် ထုတ်လုပ်ပေးနိုင်တဲ့ အချိုးအစားချင်း နှိုင်းယှဉ်ကြည့်ရင် မယ်ဆိုရင်လည်း အင်းဆက် နဲ့ ကျွဲ / နွား တို့ကြားမှာ ၄း၁ နဲ့ ၅၄း၁ လောက်ကွာခြားနေပါတယ်။ အင်းဆက်မွေးမြူရေးမှာ အစာ 4 gm ကျွေးပြီး ပရိုတင်း 1 gm ထုတ်ပေးတဲ့အချိန် ကျွဲ တွေ နွားတွေ အတွက် အစာ 54 gm လောက်သုံးပြီး မွေးမြူနေရတဲ့ သဘောမျိုးပါပဲ။

လေ့လာစူးစမ်းချက် တခုအရ အင်းဆက် (၅(၏) မျိုးရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လုပ်မှု နဲ့ ပရိုတင်း ရရှိမှု အချိုးတွေကို အခြားသတ္တ၀ါများ နဲ့ နှိုင်းယှဉ်ကြည့် ပါတယ်။ အင်းဆက် နဲ့ ၀က်အကြားမှာ ကွာဟချက် ၃၂ - ၁၂၉ % အင်းဆက်နဲ့ ကျွဲ နွား တို့ကြားမှာတော့ ၁၂ - ၅၄% ထိကွာခြားမှုရှိေ နတာကို 
 တွေ့ရှိ  ရပါတယ်။ 


 ခြေ၄ချောင်း သတ္တ၀ါတွေ ကနေရတဲ့ ပရိုတင်းဓါတ် နဲ့ သူတို့ကြောင့် သဘာဝ ပျက်စီးမှု အချိုးအစား ကတော့ ၅၀း ၁ ရှိပါတယ်။ဆိုလိုတာက အင်းဆက်မွေးမြူပြီး ပရိုတင်းခေါ် အသားဓါတ်ကို ထုတ်ယူစားသုံး မယ်ဆိုရင် သဘာဝပါတ်ဝန်းကျင် ပျက်စီးမှု နည်းပါးမယ် ဆိုတဲ့သဘောပါ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (F A O) သုတေသနပြုချက်ထဲမှာ ကျွဲ၊နွားတို့စားကျက်အတွက်ကမ္ဘာမြေထုရဲ့  ၂၆ %  အသုံးပြုရပြီး တိရစ္ဆာန်အစာအတွက်လည်း မြေ ၃၃ % သုံးရကြောင်း ။ တိရစ္ဆာန် မွေးမြူ ထုတ်လုပ်ရေး ကိစ္စများအတွက် စိုက်ပျိုးမြေ ၇၀% နဲ့ ကမ္ဘာ့မြေပြင် ၃၀ %ကို အသုံးပြု နေရကြောင်း သိရပါတယ်။



  ဒါအပြင် တိရိစ္ဆာန် မွေးမြူရေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မြေပျက်စီးမှု ၅၅ % ။ ပိုးသတ်ဆေး များသုံးစွဲမှု ၃၇% ပဋိဆေးဝါးများ ၅၀% တို့ရေထုအတွင်း စီးဝင်ပြီး သဘာဝပါတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေတာပါပဲ။ နောက်တခုက ကျွဲနွား တိရစ္ဆာန်တို့ကနေ ထုတ်လွှင့်တဲ့ အမိုးနီးယား နဲ့ နိုက်တြိတ် တို့ကြောင့် အက်စစ်မိုး တွေဖြစ်ပေါ်စေခြင်းပါ။

အင်းဆက်ဖြည့်စွက်အစာရဲ့ အားသာချက်ကတော့ ဖန်လှောင်အိမ် ဓါတ်ငွေ့ ထုတ်လွှင့် မှုကို အများကြီး 
 လျှော့နည်းသွားစေမှာမို့ အင်းဆက်မွေးမြူရေးဟာ ကမ္ဘာကြီး ပူနွေး လာမှု ပြသနာကို တဖက်တလမ်း ကနေ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီလို အဟာရ နဲ့ သဘာဝ ပါတ်ဝန်းကျင် နယ်ပါယ် ၂ ခုစလုံးမှာ အင်းဆက်ဖြည့်စွက်အစာတွေက ပိုပြီးအကျိုးများနေတာတွေ့နေရပါတယ်။

နောင်လာမယ့် ၂၀၅၀ ခုနှစ်ကိုရောက်ရင် ကမ္ဘာပေါ်မှာ ပရိုတင်း(ခေါ်) အသားဓါတ် လိုအပ်ချက် ဒီထက် ၂ ဆ ဖြစ်လာပါလိမ့်မယ်။ နောင်လာမယ့်အနာဂါတ် အသားဓါတ် ထုတ်လုပ်မှုနယ်ပါယ်မှာ အင်းဆက်ကနေပြီး ရမယ့် ပရိုတင်း ကိစ္စဟာ မရှိမဖြစ် အရေးကြီး လာပါတော့မှာပါ။

By----- W L 4 ( youth for future Inlay)

No comments:

Post a Comment