လောပိတနဲ့  နေရောင်ခြည်

လိုအပ်ချက်များနဲ့  ရှိနေတဲ့ ငါတို့ ရဲ့ အင်းလေးဒေသပေါ့။ အင်းလေးကနေပြီး စီးဆင်းနေတဲ့  ဘီလူးချောင်း ကရေ ဟာ မြန်မာနိုင်ငံရဲ့  အဓိကရေအားလျှပ်စစ်ဖြစ်တဲ့ လောပိတရေအားလျှပ်စစ်ကိုအမြဲတမ်းထောက်ပံ့
ပေးနေခဲ့ တာပေါ့။ ဒီလိုဖြစ်လာဖို့ အတွက်
မိုးဗြဲ ရေကာတာကြီးဆောက်တော့ ကျနော်တို့ ရဲ့ အင်းလေး
တောင် ပိုင်း စံကား၊ ဖယ်ခုံ
စတဲ့ အင်းလေးတောင်ပိုင်းက ရွာပေါင်းများစွာကလူနေအိမ်တွေဟာ ရေလွတ်
ရာကို ရွှေ့ ပြောင်းပေးခဲ့ ရတာဟာလဲကျနော်တို့ ဘိုးဘွားတွေပြောပြလို့ သိခဲ့ ရတာပါ။
ကျတော့ရဲ့ ရဲ့ ရှေ့ မှီနောက်မှီ ဦးကြီးတစ်ယောက်ပြောပြသလောက်ဆို ဟိုးတုန်းက
အင်းလေးတောင်ပိုင်း ခုဖယ်ခုံအင်း (တစ်နည်း မိုးဗြဲအင်း) တည်ရှိရာ
နေရာမှာဆိုရင်ရွာတွေရှိခဲ့ တယ်ပေါ့ ဒီလို ၇ွာတွေထဲက လူေ တွပြောစမတ်ပြုကြတဲ
့စကွယ် ဆိုတဲ့ ရွာကတော့ထင်ရှားခဲ့ တဲ့  ရွာကြီး တစ်ရွာ၇ှိခဲ့ ဖူးပါတယ်။
ခုတော့ သိ တဲ့ လူလဲ မရှိကြတော့ပါဘူး။ ဒါကိုကြားဖူးရုံလောက်လေးပဲ သိခဲ့တာပါ။
ဒီလို မိုးဗြဲရေကာတာကြီး ဆောက်လို့  ဒီ၇ွာ အပါအ၀င်
ထိုဒေသတစ်လျှောက်လုံး မှာရှိတဲ့  ရွာတွေ ဟာရေ လွတ်ရာကိုပဲ ရွှေ့ ပေးခဲ့ ရပါတယ်။ဒီလိုရွှေ့ ပေးရတယ်ဆိုတော့သိကြတဲ့အတိုင်းပေါ့ ဒေသခံတိုင်းရင်းသား
တွေကမိမိရဲ
့အိုးအိမ်တွေကို စွန်
့ပြီး တခြားနေရာ အသစ်လေးမှာပြန်လည် အသစ်ကနေ ရှာဖွေစားသောက် နေထိုင်ခဲ့ကြတာဟာ
ဘယ်လောက်ထိ ခက်ခဲခဲ့ကြမလဲ။
ဒါတင်မကပါဘူး ဒီဒေသမှာရှိတဲ့ တော တွေက
ကျွန်းသစ်အပါအ၀င် အခြားသစ်တွေ ကိုလဲရေမြုပ် ဧရိ ယာဖြစ်မှာဖြစ်တဲ့ အတွက်လဲ
ခုတ်ထွင်ရှင်းလင်းခဲ့ ကြရပြန်ပါတယ် ဒီလိုသစ်တွေကို ဒေသခံတွေကလဲ
ပိုင်ဆိုင်ခွင့်မရခဲ့ ကြပါဘူး။ ဒီလိုနဲ့ ပဲ အသိပညာနည်းပါးတဲ
့ဒေသခံတွေကလဲရိုးသားတဲ့  စိတ်တွေနဲ့  ပဲ နောင်ခါကျရင်ကိုယ့်သေဖွဲ
့ဖြိုးတိုးတက်လာမှာပဲလို့ ယူဆခဲ့ ကြတာပေါ့။
တကယ်တမ်း လောပိတ
ရေအားလျှပ်စစ်လဲဆောက်လုပ်ပြီးရော လျှပ်စစ်မီး တွေက အဲဒီဒေသကိုရောက် လာမလားလို
့မျှော်ခဲ့ကြပေမယ့် ခုထက်ထိတောင် လျှပ်စစ်မီးကြီးကတော့ မရကြသေးပါဘူး။တစ်ခါတစ်ေ လ တော့ အင်းရေပြင်ကြီးကိုကြည့်ပြီး စဉ်းစားမိတယ်။ ခုလို ကိုယ့်ဒေသကဖြတ်သွားတဲ့ ရေပြင်ကြီးဟာ
ဘာဖြစ်လို့ များကိုယ့်ဒေသအကျိုးကိုမသယ်ပိုးပေးတာလဲပေါ့။
ဘာဖြစ်လို့ များကိုယ့်ဒေသအကျိုးကိုမသယ်ပိုးပေးတာလဲပေါ့။
ခုဆိုကျတော်တို့ ဒေသကတိုင်းရင်းသားပြည်သူတွေက ကိုယ့်ဒေသနဘေးက စီးဆင်းသွား ရေမှရရှိတဲ့ 
လျှပ်စစ်မီးကိုအသုံးမပြုနိုင်ပဲ ဟိုး………………………ကမ္ဘာမြေနဲ
့ မိုင်ပေါင်းများစွာေ ၀းကွာတဲ့နေရောင်
ခြည်ရဲ့  စွမ်းအင်ကိုပဲ
အသုံးပြုနေကြရတာ ဟာလဲရင်နာစရာ တစ်ခုပါပဲ။
ထို့ အတူ့ ကယားပြည်နယ်မြို့တော်၊ လွိုင်ကော်မြို့နယ်၊ လောပိတ ကျေးရွာအနီးရှိ လောပိတရေတံခွန်ကို အမှီပြုတည်ဆောက်ထားတဲ့ ရေအားနဲ့  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလာခဲ့ တာဟာ ယခုဆိုလျှင် ၂၅ နှစ်ပင် ကျော်လာပြီဖြစ်ပါတယ်။
ဒါပေမယ့် ထိုဒေသခံ အများကတော့ နေအိမ် မီးအလင်းရောင် ရရှိရေးအတွက် ယနေ့ထိတိုင် ညအချိန်မှာ ဖယောင်းတိုင်မီးနှင့် ထင်းရှုးဆီမီးများကို အားကိုး အသုံးပြုနေရဆဲ ဖြစ်ပြီး၊ မြို့နေလူထု အနည်းစုကသာ လျှပ်စစ်မီးကို အသုံးပြုနေကြရတယ်ဆိုတာ လူတိုင်းသိပါတယ်။ ထိုဒေသမှာ လောပိတ ရေအားနဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနေသည့် စက်ရုံ ၂ ခုတည်ဆောက် ထားပြီး၊ ၁၉၇၄ နှင့် ၁၉၉၂ ခုနှစ်တွင် အသီးသီးဆောက်လုပ် ပြီးစီးကာ ဓာတ်အားထုတ်လုပ်မှု ၁၆၈ မီဂါ ၀ပ်နှင့် ၂၈ မီဂါဝပ်ရရှိပါတယ်။
ထိုဓာတ်အားပေးစက်ရုံ ၂ ခုမှ ထွက်ရှိလာတဲ့  ဓာတ်အားများကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ များဖြစ် ကြတဲ့  ရန်ကုန်မြို့နှင့် မန္တလေးမြို့များကို မဟာဓာတ်အား လိုင်းများမှ တဆင့် သွယ်တန်းပေးထားပါတယ်။
၂၀၀၈ ခုနှစ်၊ ကရင်နီသုတေသနအစုအဖွဲ့ (KDRG) က ထုတ်ဝေခဲ့ တဲ့ အစီရင်ခံစာတခု မှာ လောပိတ စက် ရုံ မှ ထုတ်လုပ်တဲ့  လျှပ်စစ်ဓာတ်အား ၉၅ ရာခိုင်နှုန်းဟာ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသ
များသို့ အဓိက
ထုတ်လွှတ်ပေးပြီး၊ ကယားပြည်နယ်တွင်မူ ၅ ရာခိုင်နှုန်းသာ ဒေသခံပြည်သူများ
အကျိုး ခံစားခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီတော့ ကျနော်တို့ ဒေသကိုမပြောနဲ့ လောပိတနဲ့ နီးနီးလေး ကပ်နေတဲ့ ဒေသကိုတောင် ဒီလျှပ်စစ် မီးကြီး က မရသေးဘူးဆိုတော့ ကျနော်တို့ ဒေသကတော့ မျှော်ရင်းနဲ့ ပဲ ဟိုး……………………………………………………..အဝေးဆုံးတစ်နေရာ ကနေပြီးရရှိနိုင်တဲ့  solar စွမ်းအင်နဲ့  ပဲ ဖြေသိမ့်နေ မြဲဖြေသိမ့်နေရမှာပေါ့။
By -------- A Maung ( Youth For Future Inlay)
No comments:
Post a Comment