ကျွဲတွေမွေးပြီး အင်းလေးကန်ကြီးကို ကာကွယ်ကြရအောင်

အင်းနံဘေး တလျှောက် ကျက်စားနေတဲ့ ကျွဲတွေဟာ အင်းလေးကန်ကြီး ဆက်ပြီးခမ်းခြောက်လို့ မသွားအောင်၊ ရေရှည်တည်တံ့ နေအောင် ကူညီနိုင်တယ်လို့ များပြောရင် ကြားတဲ့သူတွေ က ရယ်ကြ လိမ့်မယ် ထင်ပါတယ်။ အပို တွေလာပြီး ပြောနေတယ်လို့ လည်းထင်ကြ ပါလိမ့်မယ်။ အင်းလေး ကန်ကြီး ခမ်းခြောက် တဲ့ဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်လွန်းလှတဲ့ ကိစ္စလေးတခုပြောချင် လို့ပါပဲ။
၁၉၉၀ခုနှစ် တွေလောက်က မြန်မာပြည် ထဲကို တရုပ်လက်တွန်း ထွန်စက်တွေ၊ ထော်လာဂျီတွေ အများကြီး တင်သွင်းပြီး စိုက်ပျိုးရေးအတွက် ကျွဲ၊ နွားတွေနေရာမှာ စက်တွေကို အစားထိုး ခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ထိုင်း ၊မလေးရှား နယ်စပ် အထိ မှောင်ခိုဈေးကွက် ထဲမှာ မြန်မာ့ ကျွဲ ၊နွားတွေဟာ ဈေး

ကောင်း ရတဲ့အပြင် တရုပ်ပြည် ဖက်ကိုလည်း အသားတွေ ရေခဲရိုက်ပြီး နှစ်တိုင်း ပိုတိုးပြီး ပို့နေတာ မို့ မြန်မာပြည်က ကျွဲ ၊ နွား ဦးရေ တစ်စတစ်စနဲ့ ဆုတ်ယုတ်သွား တာကလည်း သိပ်မဆန်း လှတော့ပါဘူး။
ကာလပေါက်ဈေး အတိုင်း ကျွဲထီးအကြီး တကောင်ကို ရောင်းလိုက်ရင် ကျပ်ငွေ သိန်း ၂၀-၂၅ သိန်း လောက် ရပါတယ်။ ဒီငွေနဲ့ လက်တွန်း ထွန်စက်တလုံး ပြန်ဝယ်လိုက်ရင် ကျပ်ငွေ(၁၀)သိန်း ၀န်းကျင်လောက်ပဲ ကုန်ပါတယ် ။ပြီးတော့ ကျွဲတကောင်ကို တနှစ်လုံး အငှား ချထားရင် ငှားခရမယ့် စပါးက တင်း(၁၀-၁၅) လောက်)ရပါတယ်။။ လက်တွန်းထွန်စက် တလုံး နဲ့တမိုးတွင်းလုံး အငှားလိုက် လယ်ထယ်မယ် ဆိုရင် စပါးတင်း (၃၀) ကနေ (၅၀) လောက်ကို အသာလေး ပြန်ရနိုင်လေတော့ တွက်ချေကိုက် လွန်းလို့ ကျွဲတွေနွားတွေ ကို လက်ထွန်းထွန် စက်တွေနဲ့တောင်သူလယ် သမားများ ကိုယ်တိုင်က အစားထိုး ပြစ်စ်ခဲ့တာပါပဲ။ အင်းလေးကန် ၀န်းကျင် တောင်ပေါ် ကနွားစားကျက် တင်မက အင်းနံဘေး ပါတ်လည်ရှိ စိမ့်မြေတို့ မြက်ခင်းပြင်တို့လို ကျွဲ၊နွား စားကျက်တွေ နည်းကုန်ကြပါပြီ။ အင်းထဲက ရေနက်ကွင်း လယ်တွေထဲမှာ ပေါ့ပါးတဲ့ တရုပ်နဲ့ ယိုးဒယားဖြစ် လက်တွန်း ထွန်စက်ကလေးတွေ ရဲ့လုပ်ငန်း အောင်မြင်ချက်တွေဟာ အင်းနံဘေး တလျောက်က ကျွဲတွေနွားတွေ ကို ကောင်ရေထောင်သောင်း ချီပြီး တဖြည်းဖြည်းချင်း လျှော့ထုတ်ပြစ် နေသလိုပါပဲ။
ပြည်ပက ဥပမာတခု ကိုပြောပြရရင် စက်မှုလယ်ယာ စနစ်အစာထိုးခဲ့တဲ့ တိုင်ဝမ်မှာတော့ ၁၉၆၀ ခုနှစ် တွေတုံးက ကျွဲကောင်ရေ (၃၆၀၀၀၀)လောက် ရှိခဲ့တာ ကနေပြီး ၂၀၀၄ ခုနှစ် မှာကောင်ရေ (၄၀၀၀ ) လောက်ပဲ ကျန်တာကို တွေ့ရပါတယ်။
နောက်တခု ကတော့ လယ်ယာ လုပ်ငန်းတွေမှာ စက်ကရိယာ တွေအစားထိုး အသုံးပြုရုံမက ဆီအုံးခြံကြီးတွေ အမြောက်အများ တိုးချဲ့ လုပ်ကိုင်ခဲ့တဲ့ မလေးရှား နိုင်ငံမှာတော့ အရင်ရှိခဲ့တဲ့ ကျွဲကောင်ရေ ရဲ့(၄)% လောက်သာ ရှိပါတော့တယ်။
ကျွဲနွားတွေ အစား လက်တွန်း ထွန်စက်တွေ အရင်ထက် ပိုများလာတာ၊ စားကျက်မြေတွေ မှန်သမျှလည်း တိုးချဲ့ အိမ်ယာများ။ စိုက်ပျိုးခြံ ယာမြေများ အဖြစ် အတော်များများ ပြောင်းလဲ ပြစ်ကုန်ကြတာ။ အင်းနံဘေး စိမ့်မြေများနဲ့ မြက်ခင်းပြင် တွေဟာလည်း စိုက်ပျိုးမြေ တချို့ဖြစ် ကုန်ကြတာ အဲဒါအဲဒါ တွေ ဟာ လက်ရှိ အင်းလေးကန် နံဘေး ပါတ်ဝန်းကျင်ရဲ့ သဘာ ၀မြင်ကွင်း စုံတွေပါပဲ။
အတိုချုပ်ပြီး ပြောရရင် ၁၉၉၀ လွန်နှစ်တွေ ကစလို့ အင်းနံဘေး တလျောက်မှာ ကျက်စားနေ တဲ့ မြင်တွေ့ နေကျ ကျွဲအုပ်ကြီးတွေ အတော်ကြီး နည်းပါးသွား တာနဲ့အတူ အင်းလေးကန်ရေခြောက် သွားတဲ့ ကိစ္စတွေ လည်း တနည်းတဖုံ သွားပြီး ဆက်စပ် ပါတ်သက်နေ တယ်လို့ဆိုချင်တာပါ။ တိုက်ဆိုင်မှု ရှိလွန်းတဲ့ ပြည်ပက ထင်ရှားတဲ့ နမူနာလေးတခု ကိုဆက်ပြောပြပါ့မယ်။

ဂရိစ်နိုင်ငံ ၊ မက်ဆီဒိုနီးယား နဲ့ အယ်ဘေးနီးယား ဆိုတဲ့ သုံးနိုင်ငံ နယ်စပ်အနီးမှာ မီကရိ(Mikri) ၊ ပရက်စပါ ဆိုတဲ့ (Prespa ) ရေကန်ကြီး တခုရှိပါတယ်။ စတုရန်းကီလိုမီတာ ၅၀လောက်ကျယ် ပါတယ် ။ နကိုတုံး ကတော့ ရေကန် ရေ၀ပ်ဒေသ စိမ့်မြေမျက်ခင်း များနဲ့ ဆောင်းခိုရေငှက် တို့ပျော်ပါးရာ။ တွားသွား ၊ကုန်းနေ ရေနေ သတ္တ၀ါများနဲ့ ငါးမျိုးစိတ် အတော်များများ ပေါက်ပွားရှင်သန်ရာ အထင်ကရ ဖြစ်ခဲ့တဲ့

ရေကန်ကြီး တခုပါပဲ။

ဒါပေမယ် ၁၉၄၅ ခုနှစ်လောက် ကစပြီး ၁၉၈၉ခုနှစ် အတွင်း မီကရိ ရေကန်ကြီးရဲ့ ရေမျက်နှာပြင် တဖြည်းဖြည်း လျှော့ကျလာ လိုက်တာ နကိုစိမ့်မြေ(၁၂၉) ဟက်တာရှိရာ ကနေ (၈၉)ဟက်တာ အထိကို ကျုံ့ဝင်သွား ခဲ့ပြီး ၂၀၀၀ခုနှစ် ကိုအရောက် မှာတော့ စိမ့်မြေနဲ့ မျက်ခင်းပြင် ဆိုလို့ (၃၃) ဟက်တာ သာကျန်ပါတယ်။ အရင် ရှိရင်းရဲ့ လေးပုံတစ်ပုံ လောက်သာ ကျန်တော့တာပါ။ ဒီအထဲမှာ (၆)ဟက်တာ
လောက်က ကျူပင်တွေ နဲ့ ပြည့်နှက်နေ ပြန်ပါသေး တယ်။
ဒါကြောင့်လည်း SSP (society for the protection) လို့ ခ်ါတဲ့ ဒေသခံ အင်ဂျီအို အဖွဲ့ကနေပြီး မက်ကရိ ပရစ်စပါ ရေကန်ကြီးနဲ့ စိမ့်မြေများ စိမ်းလန်း မျက်ခင်းပြင် တွေကာကွယ်ဖို့ ၁၉၉၁ ခုနှစ် မှာ ပရောဂျက် တခုကို စပြီး လုပ်ပါတယ်။ သူတို့ရဲ့ အဓိက ဦးတည်ချက် ကတော့ တစ်စတစ်စ နိမ့်ကျ လာတဲ့ ကန်ရေပြင် ကိုပြန်မြှင့်တင် ပေးဖို့ ပျောက်ကွယ်လာနေတဲ့ စိမ့်မြေ ၊ရေ၀ပ်ဒေသ နဲ့ မျက်ခင်းပြင် ကြီးတွေရဲ့ ပြသနာကို ဖြေရှင်းပေး နိုင်ဖို့ပါပဲ။
နွေ နဲ့ ဆောင်းအချိန် မီးရှို့ ဖျက်ဆီးပေမယ့်လည်း အောင်မြင်မှုမရှိဘဲ စရိပ်တွေ ပိုကုန်နေတဲ့ အပြင် တဖြည်းဖြည်း တိုးနေရာ ယူလာနေတဲ့ ကျူပင်တော ကိစ္စတွေကိုပါ ဖြေရှင်းပေး နိုင်မယ့် အခြား နည်းလမ်းတမျိုး ကို သုတေသန ပြု ရှာဖွေကြဖို့ပါပဲ။
ကမ္ဘာ့ သားရိုင်း တိရိစ္ဆာန်အဖွဲ့ (W W F) ကလည်း သူတို့အဖွဲ့ လုပ်ဆောင်ချက် ကို တဖက်တလမ်း ကနေ ကူညီပံ့ပိုး ပေးပါတယ်။
ရိုှးရှင်းလှတဲ့ သူတို့ရဲ့ ပရိုဂျက် အစီအစဉ် (၁)ကတော့ ကျွဲတွေကို အသုံးပြုပြီး ရေ၀ပ်ဒေသ တွေကို အရင်ဆုံး ထိန်းသိမ်းနိုင် ဖို့စီစဉ်ပါတယ်။
ဒုတိယ အချက်ကတော့ မက်ကရိ၊ ပရက်စပါ ကန် ၂ ခုစလုံး အတွက် ရေနဲ့ မြေသား နည်းပညာ စနစ်များ ကို လေ့လာသုံးသပ်ပြီး ကန်ရေမျက်နှာပြင် အမြင့်တွေကို ထိန်းထားပေးနိုင်မယ့် သင့် တော်တဲ့ ရေလွှဲစနစ်များ စီမံ တည်ဆောက် သွားဖို့ပါ။

တတိယ လုပ်ငန်းစဉ်ကတော့ ကန်နံဘေး ကစိုက်ခင်းတွေ တိုးချဲ့လာခြင်း မရှိအောင် ထိန်းသိမ်း စောင့်ကြပ် သွားဖို့ဖြစ်ပါတယ်။
ဒီပရိုဂျက်ကို life Nature project လို့ ခေါ်ပြီး ပရက်စပါ Prespa မြူနီစပါယ် အဖွဲ့က ထောက်ပံ့ခဲ့သလို သဘာဝ ၀န်းကျင်နဲ့ စိုက်ပျိုးရေး ဌာနကလည်း ဥရောပ ကော်မရှင်ထံ မူကြမ်းအဖြစ် တင်ပြပေး ခဲ့ပါတယ်။ ။ ဒီနောက် မီကရီကန် ပရက်စပါ ဒေသ ကျေးငှက်ထိန်းသိမ်းရေးဦးစားပေးပရောဂျက်အဖြစ် ၂၀၀၀ ပြည့်နှစ် မှာ ခွင့်ပြုချက်ကျခဲ့ပါတော့တယ်။
SPPရဲ့ လုပ်ငန်း အစီအစဉ်(၁) အတိုင်း တိုးချဲ့နေရာယူ လာနေတဲ့ ကျူတောတွေကို တားဆီးဖို့ အတွက် ကျွဲ (၅)ကောင်ကို စတင်မွေးမြူ စမ်းသပ်ကြည့်ရာမှာ ကျူပင်တောတွေ ပျက်သုဉ်းလာ တာတွေ့ရသလို စိမ့်မြေ ဧရိယာတွေ လည်း ပြန်လည် ကျယ်ပြန့်လာ နေတာကို ထူးခြားအံသြ ဖွယ်မြင်တွေ့ ရပါတယ်။ ဒါအပြင် ဒီဒေသမှာ အရင်တုံးက မြင်တွေ့ရခဲတဲ့ နကို ကျက်စားနေကျ ငှက်ကြီးဝံပို နဲ့ တင်ကျီးငှက် အပုစား လေးတွေ ပြန်လည် ရောက်ရှိပြီး မျိုးဆက်ပေါက်ပွားလာ ခဲ့ကြကာ အခြား ကုန်းနေ ရေနေ သတ္တ၀ါနဲ့ ငါးမျိုးစိတ်တွေလည်း ပြန်လည် တိုးများလာနေတာ ကိုတွေ့ကြရပါတယ်။
အရင်တုံး ကလို စိမ့်မြေတွေ မြက်ခင်းစိမ်းတွေကို ကာကွယ်ဖို့အတွက် ကျူတောတွေကို မီးရှို့ ရှင်းပြစ် တာထက် ကျွဲတွေမွေးပြီး စားကျက်လွှတ် လိုက်တာက ပိုပြီး ထိရောက် အကျိုးရှိစွာနဲ့ စိမ့်မြေနဲ့ မျက်ခင်းစိမ်း လွင်ပြင်တွေကို ထိန်းသိမ်းနိုင် တယ်ဆိုတဲ့ သာဓကကို (S P P ) အဖွဲ့က လက်တွေ့ အကောင်အထည် ဖေါ်ပြသ နိုင်ခဲ့ပါပြီ။ SPP အဖွဲ့ရဲ့ လုပ်ငန်း ပရောဂျက် ကိုတော့ ၂၀၀၆ ခုနှစ်မှာ အောင်မြင်စွာနဲ့ အဆုံးသတ် လိုက်ပါတယ်။

ဒီပရောဂျက်ရဲ့ အကျိုးရလဒ် တွေကတော့ ဂရိစ် အယ်ဘေးနီးယား နဲ့ မက်ဆီဒိုးနီးယား သုံးနိုင်ငံ အစပ်မှာ ကမ္ဘာ့ အဆင့်မီမီ ပရစ်စပါ ဘေးမဲ့သားရိုင်း ဥယျဉ်ကြီး တခုကို ပြန်လည်ထူထောင် ဖွင့်လှစ်ပေး နိုင်ခဲ့တာ ပဲဖြစ်ပါတယ်။ ဒါအပြင် ပါတ်ဝန်းကျင်ကို ဈေးသက်သာပြီး သဘာဝနည်းနဲ့ ထိန်းသိမ်းနိုင် ခဲ့လို့ ဒေသထွက်ကုန် သီးနှံတွေရဲ့ ဈေးကွက်လည်း မြင့်မားလာစေတာ။ နကိုအစဉ် အလာမရှိဖူးတဲ့ ကျွဲတိရိစ္ဆာန် တွေကို ဒေသခံတွေ မွေးမြူတတ်တဲ့ အလေ့အကျင့် ဖြစ်စေခဲ့ပါတယ်၊၊ ၊၁၉၆၀ ခုနှစ် လောက်ကတည်းက ပျောက်ကွယ်သွားတဲ့ ကျွဲ ဆိုတဲ့ တိရိစ္ဆာန်တွေဟာ သူတို့ အတွက်သဘာဝ မိတ်ဆွေကောင်း တွေဖြစ်ကြောင်းကို ဒေသခံ အားလုံး ကောင်း ကောင်းကြီး နားလည် သဘောပေါက် သွားကြ ပါတော့တယ်။
လူထုကို ဆက်လက် အသိပညာပေးပြီး ကြီးကြပ် ကွပ်ကဲသွားဖို့နဲ့ LIFE NATURE PROJECTS ရဲ့ ရရှိချက် တွေကို ဖြန့်ဝေ ပေးသွားဖို့ အပြင် ကျွဲ ၅ ကောင် မှသည် နောက်ထပ် ကျွဲ အကောင် (၄၀) နဲ့ နွား (၇၀)ကို မွေးပြီး စားကျက်လွှတ်ကာ စိမ့်မြေနဲ့ မြက်ခင်းပြင် ကြီးတွေကို ဆက်လက် ထိန်းသိမ်း သွားဖို့စီစဉ် ခဲ့ပါ တယ်။ ကန်နံဘေး ရှိစိုက်ခင်း ကြီးတွေ တိုးချဲ့ခြင်း မပြုနိုင်အောင်လည်း ဆက်လက် စောင့်ကြည့်ကြပ်မတ် သွားရေးကို ဒီပရောဂျက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များအဖြစ် ချမှတ် ပြီးဆောင်ရွက် စေပါတယ်။
ဒါကြောင့် ပျက်စီး တိမ်ကောတော့မယ့် စိမ့်မြေနဲ့ ကန်ရေတွေ ခမ်းခြောက်လို့ နေတာကို ထိန်းသိမ်းဖို့ ရာ သူများနိုင်ငံ မှာတော့ ကျွဲ(၅)ကောင် လောက်နဲ့စပြီး ပရောဂျက် တခုချ လုပ်လိုက်လို့ အောင်မြင်မှု ရသွား ခဲ့ကြ ပါတယ်။ ဒေသခံတွေ နကိုက မမွေးမြူ ဖူးခဲ့တဲ့ကျွဲသတ္တ၀ါ တွေကိုကြံဖန်ပြီး ဖြစ်မြောက်အောင် ကို မွေးပြီးမှ ပရောဂျက် စလုပ်ကြရတာတွေ့ရမှာပါ။
လက်ရှိ ကျနော်တို့ အင်းလေးကန် ပါတ်ဝန်းကျင်မှာ ဖြစ်ပျက်လို့ နေတာတွေ လုပ်နေတာတွေ ကတော့ အပေါ်မှာ ပြောပြခဲ့တဲ့ (LIFE NATURE PROJECTS) ပရောဂျက်နဲ့ ပြောင်းပြန်ကြီး လိုက်ပြီးများလုပ် နေကြ သလိုပါပဲ။
ရှိနှင့်ပြီးသား ကျွဲတွေ ရောင်းထုတ်ပြစ်ပြီး အင်းလေးကန် ကြီးပိုခမ်း သွားအာင် တဖက်တလမ်းကနေ ဒေသ ခံ များကိုယ်တိုင် ၀ိုင်းတွန်းအားပေး သလိုမျိုး ဖြစ်များဖြစ် နေပြီလား ဆိုတာကိုတော့ အင်းလေးကန် ထဲနေ ပြည်သူတိုင်း ၀ိုင်းပြီး စဉ်းစားကြ စေချင်ပါတယ်။
ဒီကနေ့ အင်းထဲမှာ ကျွဲတွေကို ဆက်ပြီး မွေးထားကြတဲ့ သူတိုင်းဟာ အင်းလေးကန်ကြီး ကို တဒေါင့်တနေရာ ကနေပြီး ၀ိုင်းဝန်းကူညီ ထိန်းသိမ်းပေး နေကြသူတွေသာဖြစ်လို့ ကိုယ့်ကိုယ်ကို ဆက်ပြီး ဂုဏ်ယူနိုင်ကြပါစေ။
By -------- W L 4 (youth for future Inlay)
No comments:
Post a Comment