HOME

Tuesday, November 5, 2013

နှလုံးသားတွင်းသို့  ချဉ်းနင်း ပုံရိပ်များ

နှလုံးသား တွင်းသို့ ချဉ်းနင်း ပုံရိပ်များ
သင်တို့ ထင်မှတ်မထား သလောက်အောင်ကို ဆိုးသွမ်းယုတ်ညံ့မှုကို ပြုနေကြတဲ့ လူတွေကြောင့် ဟောဒီ  ကမ္ဘာကြီးမှာ တနေ့တခြားဆိုးယုတ်လို့လာနေတာကိုတော့ ဘယ်သူ မှ ငြင်းကွယ်နိုင်ကြလိမ့်မယ် မထင်မိ ပါဘူး။

ဒီအထဲ ကနေပြီး မယုံကြည် သည်ဖြစ်စေ လောကကြီးထဲမှာ ကောင်းမြတ်ခြင်း နဲ့ အကြင်နာတရားတွေ အများကြီး ရှိလို့နေသေးကြောင်း ကောင်းကောင်းကြီး သင်နား လည် လက္ခံထားနိုင်ဖို့လည်း လိုအပ်ပါလိမ်မယ်။

ကျနော်တို့ရဲ့ယုံကြည်ချက်နဲ့ လူသားဆန်မှုတွေကို ပြန်လည်တည့်မတ်ပေးတဲ့ထူးကဲ စဖွယ် လုပ်ရပ်တွေ ကို တချို့လူသားတွေက အခုလို ပြုမူစွမ်းဆောင်ပြတတ်ပါတယ်။

ဥပမာ ဆိုပါတော့

၁။စကိတ်ဘုတ် အသစ်တခု ပျောက်ဆုံးသွားတဲ့ ပိုင်ရှင်ဖြစ်သူကို ကောက်ရထားတဲ့ ခလေးတွေက သူတို့ ခိုးယူထားတာ မဟုတ်တဲ့အကြောင်း ပိုင်ရှင်မြင်သာအောင် ကောက်ရတဲ့ နေရာမှာ သူတို့နဲ့ ဆက်သွယ်နိုင်ဖို့ အကြောင်းကြား စာလေးရေးပြီး ကပ်ထားခဲ့တာမျိုးဆိုရင်။








၂။ကိုယ့်ရဲ့ပျောက်ဆုံးသွားတဲ့ သားလေးကို ရည်စူးပြီး တခြားခလေး တယောက်ယောက်အတွက် မုံဘိုးငွေသား ပံ့သကူပြု စွန့်ကြဲခဲ့တာမျိုးလေး။






၃။ အထုပ်အပိုး မနိုင်မနင်းနဲ့ သက်ကြီးအမျိုးသမီး တဦးကြောင့် ကိုယ့်ကိစ္စတွေကို ဘေးဖယ်ထားပြီး ကူညီဖေးမပေးခဲ့တာမျိုးဆိုရင်(လူမျိုး ၊ ဘာသာတူကြတာမဟုတ်ဘူးနော်)




၎။ပြိုင်စက်ဘီးသမားတွေရဲ့ ခရီးစဉ်မှာ သူတို့ပြိုင်ပွဲကိစ္စကို စွန့်ဖယ်ပြီး ရေငတ်နေတဲ့ ကိုလာ ၀က်ဝံငယ်လေး တကောင်ကို သောက်စရာ ရေတိုက် ပေးခဲ့တဲ့ စာနာမှုမျိုး



၅။လျပ်စစ်ပြတ်တောက်ပြီး ကိုယ်တအိမ်ထဲ လျပ်စစ်မီးရှိနေတဲ့အခါ တခြားကိုယ့်အိမ်နီးချင်းတွေပါ သူတို့ရဲ့ ချစ်ခင်နှစ်သက် သူတွေနဲ့ ဖုံးအဆက်အသွယ်မပြတ်စေဖို့ ဖုံအားသွင်းနိုင်အောင် မျှဝေပေးတဲ့စေတနာမျိုး



၆။ငွေကြေး မတတ်နိုင်သူ အလုပ်လက်မဲ့တွေ သူတို့အ၀တ်အစားတွေကို သန့်စင်နိုင်ဖို့ ကိုယ့် အခြောက် လျော်ဖွတ်စက် အခမဲ့ပေးသုံးတာ ။ဒါ မုဒိတာ တရား



၇။သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မြေပြင်မှာ ကြောင်မမွေးရ ဘူးလို့ သတိပေးထား ချက်အောက်က စစ်သားတယောက်နဲ့သူ့ ကြောင်ငယ်လေးတကောင် မြင်ကွင်းမျိုး



၈။စစ်မြေပြင်မှာ ခြေ၂ဖက်စလုံး ဆုံးရှုံးသွားခဲ့သူကို အလေးပြုနေတဲ့ စစ်သားလေးတွေ (ရာထူးကြောင့် မဟုတ်)



၉။ မူးမေ့လဲကျလုနီးနီး ကိုယ့်ပြိုင်ဖက်တယောက် ကို ပြိုင်ပွဲအတွင်း ဆက်မပြေးတော့ ဘဲ ကိုယ်ပါ အနစ်နာခံပြီး တွဲမဖေးကူပေးခဲ့တဲ့ စိတ်ထားမျိုးတွေ့ရတဲ့အခါ



၁၀။ချမ်းခိုက်ခိုက်တုံနေသူ အိုးမဲ့အိမ်မဲ့ တဦးကို လူတယောက်က ကော်ဖီပူပူနွေးနွေး
လေးတခွက် ကမ်းပေးလိုက်တဲ့ မြင်ကွင်း။



၁၁။ ကိုယ့်မြေပေါ်လာပြီး တိုက်ပွဲဝင်နေသူ သူစိမ်းလူမျိုးခြားစစ်သားတွေကို ဒေသခံ
ကျေး ရွာ သားတွေက သောက်စရာ ရေကမ်းပေးနေတာမျိုး



၁၂။လမ်းပေါ်က အိုးအိမ်မဲ့တဦးကို ကောင်လေးတယောက်ယောက်က ဆင်းဒွစ်ပေါင် မုံ့ စားဖို့ပေးနေတာ မျိုးတို့လိုပေါ့။



၁၃။ဒုက္ခိတ အိမ်ခြေယာမဲ့ တယောက်ကို ဆိုင်ပိုင်ရှင်က ထွက်ပြီး အစာရေစာတွေ
ပေးနေတာကရော၊



၁၄။အနီးနားက ရပ်ကြည့်နေသူတွေပါ ၀ိုင်းဝန်းပြီး ကားအောက်ညပ်နေတဲ့ ဆိုင်ကယ် သမားကို ၀ိုင်းကယ်မ ထုတ်ယူနေတာ တို့လို



၁၅။အရေးပေါ် လိုအပ်မယ့် သွေးတွေကို လှူဒါန်းဖို့ နာရီပေါင်းများစွာ မတ်တပ်ရပ် တန်းစီလို့ စောင့်ဆိုင်း လို့နေကြတဲ့ လူအုပ်ကြီး (လက်ဘနွန် မှာ)



၁၆။ဆိုင်ကယ်သမားတယောက်က သူစီးလာတဲ့ဆိုင်ကယ်ကို လမ်းဘေးရပ်ပြီး သက်ကြီးအို တယောက် လမ်းဖြတ်ကူး နိုင်ဖို့ ကူညီပေးခဲ့တာမျိုးတို့လို



၁၇။လက်နှစ်ဖက်စလုံး မရှိရှာတဲ့ ဂျပန်ပြည်က အိမ်ခြေမဲ့တဦးကို အစားသောက်တွေ စားနိုင်ဖို့ တူ ကိုသုံးပြီးကူညီကျွေးမွေးနေသူ တိုးရစ်တယောက်လောက်ကို သင် မြင်တွေ့ရတဲ့အခါ



၁၈။မိုးထဲရေထဲမှာ ဒုက္ခိတ တယောက်ကို ရပ်ပြီးထီးမိုးလို့ပေးနေတဲ့ မိန်းခလေးငယ် တယောက်ရဲ့ မြင်ကွင်း



၁၉။ လူနာကောင်မလေးရဲ့ အထင်ကြီးလေးစားရသူ စူပါစတား (BrainO”Driscoll)လို လူတယောက်က သူမရှိနေတဲ့ ဆေးရုံကိုလာပြီး အားပေးတဲ့အခါမျိုး



၂၀။အိမ်မက်ထဲတောင် ထည့်မမက်ရဲအောင် ဈေးကြီးလှတဲ့ ဖျော်ဖြေပွဲကို တက်ရ လိမ့်မယ်လို့ မထင်မှတ် ခဲ့ဖူးဘူး။အခုတော့ သူထင်တာမှားပါလားလို့ အကြင်နာတရား တို့က သက်သေပြခဲ့ပါပြီ။



ဒီလို ဒီလို ကောင်းမြတ်မှုတို့နဲ့ သင်ရဲ့ နေ့ရက်တွေကို ရောင်ခြည်လင်းလက်စေခဲ့မယ် ဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူသားဆန်ခြင်းတရားတွေကို ပြန်လည် စုစည်းတည့်မတ်ယူ နိုင်ပါလိမ့်မယ်။သင်တို့ရဲ့ အပြုံးပန်း တွေ ဝေဆာစေပါလိမ့်မယ်။

အဲဒီလို သတင်းကောင်းတွေကို သင့်နည်းတူ လူအများ သိကြအောင်သာ ထပ်ပြီး လက်ဆင့်ကမ်းပေးလိုက်ကြ ပါဗျာ။

by------- W L 4 (youth for future Inlay )

No comments:

Post a Comment