စစ်နဲ့ လက်နက်ကိုင် ပဋိပက္ခများကြောင့်
သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရေး
အထိမ်းအမှတ် နေ့
6 Nov 2013
သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရေး
အထိမ်းအမှတ် နေ့
6 Nov 2013

ပြီးခဲ့တဲ့
၂၀၀၁ ခုနှစ် နိုဝင်ဘာလတုံးက ကုလသမဂ္ဂ ညီလာခံကနေပြီး နှစ်စဉ် နိုဝင်ဘာလ ၆ ရက်နေ့ကို စစ်ပွဲနဲ့
လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် သဘာဝပါတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ကာကွယ်ထိန်း သိမ်းရေး
နေ့ အဖြစ် ကြေညာခဲ့ပါတယ်။
လူ့သမိုင်းမှာ
စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးမှု ၊ နစ်နာမှု တွေကို
တွက်ချက်ကြရာမှာ သေကြေခြင်း ဒါဏ်ရာရ ရှိခြင်းများ
မြို့ရွာဖျက်ဆီး ခံရမှုများ လူသားတို့ရဲ့ သက်မွေးမှု လုပ်ငန်းတွေ ပျက်စီးကုန် တာ တို့
လေက်နဲ့ပဲ အစဉ်တိုင်းတာ လေ့ရှိကြပါတယ်။

တကယ်တော့
သဘာဝ ပါတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးပြီး ကြွင်းကျန်ရစ်ခဲ့ တာကိုတော့ ဘယ်သော အခါမှ ဖေါ်ပြလေ့
မရှိတတ်ပါဘူး။ရေတွင်းရေကန်တွေ ညစ်ညမ်းကုန်တာ သီးနှံပင်တွေ မီးလောင်တိုက် အသွင်းခံရတာ
စိုက်ပျိုးမြေသားတွေ အဆိပ်သင့်ကုန်တာ ပြီးတော့ စစ်ပွဲအောင်မြင်မှုမှာ ကျွဲ နွား တို့လို တိရစ္ဆာန်တွေ
စတေးခံခဲ့ရတာ စတဲ့ ကိစ္စတွေပါပဲ။

ပြီးတော့လည်း
လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ကျော် လေ့လာထားချက် တွေအရ နိုင်ငံတကာ ပဋိပက္ခများရဲ့ ၄၀% လောက်ဟာ သဘာဝရင်းမြစ်တွေကို
ထုတ်ယူဖို့ ပိုင်ဆိုင်ဖို့ ကိစ္စတွေနဲ့ တိုက်ရိုက်
ဆက်စပ်နေခဲ့ ပါတယ်။ အထူးသဖြင့် တန်ဖိုးရှိ ထွက်ကုန်များဖြစ်တဲ့ ကျွန်းသစ် ၊စိန်၊ရွှေ
နဲ့ ရေနံတို့လိုဟာတွေဖြစ်ပြီး တခါ တလေ မြေဆီပြည့်ဝတဲ့ မြေယာများနဲ့ ရေအရင်းမြစ် တို့လို ကိစ္စမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
သဘာဝ ရင်းမြစ် ပိုင်ဆိုင်ရေး အငြင်းပွား မှုတွေဟာ ရောဂါဟောင်း ပြန်ထသလို ၂ကျော့ပြန်ပြီး ဖြစ်ပွားတတ် တာ မျိုးတို့ လည်း ရှိနိုင်ပါသေးတယ်။

ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း
တည်ဆောက်ခြင်း ဆိုတဲ့ နည်းဗျူဟာတွေ အဓိကကျင့်သုံးရင်း ကုလသမဂ္ဂ အဖွဲ့တွေကတော့ သဘာဝပါတ်ဝန်းကျင်
ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်နေပါတယ်။
အမှန်တရားတို့ အောက်တွင် သဘာဝတရားကြီး ဆက်လက်ရှင်သန်နိုင်ပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ

အမှန်တရားတို့ အောက်တွင် သဘာဝတရားကြီး ဆက်လက်ရှင်သန်နိုင်ပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
No comments:
Post a Comment