HOME

Saturday, December 14, 2013

ဓါတ်စာ(သို့မဟုတ်) အစာလည်းဆေး

လူတိုင်းအတွက် မနက်စာ ငှက်ပျော

 


စိတ်ဝင်စားစရာပါ။ ဒီစာကိုဖတ်ပြီးရင် ငှက်ပျောသီးရဲ့ အကျိုးအာနိသင်တွေပေါ်မှာ သင်ရဲ့ နကို ထင်မြင်ယူဆ ထားချက်တွေ အားလုံး ထူးထူးခြားခြားကြီး ပြောင်းလဲသွားပါလိမ့်မယ်။
ငှက်ပျောသီးထဲမှာ အမျှင်ဓါတ်နဲ့အတူ သဘာဝ သကြားဓါတ်( ၃ ) မျိုးဖြစ်တဲ့ ဆူးခရို့(sucrose) ဖရတ်တို့ (fructose) ဂလူးကို့စ် (glucose)တို့ ပေါင်းစပ်ပါဝင်ပါတယ်။ကိုယ်ခန္ဒာမှ လိုအပ်နေတဲ့ စွမ်းအင်တွေ ချက်ခြင်း မြှင့်တင်ပေးဖို့ရာ ငှက်ပျောသီးက အများကြီး ထောက်ကူပေးပါတယ်။မိနစ် ၉၀ စာ အလုပ်နိုင်မယ့် စွမ်းအင်ရဖို့ ဆိုရင် ငှက်ပျောသီး ၂ လုံးလောက်နဲ့ပဲ လုံလောက်တာကို စူးစမ်းချက်တွေအရ သက်သေပြနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ငှက်ပျောသီးဟာ ကမ္ဘာ့ရှေ့ဆောင် အားကစား သမားများအတွက် အံ့သြစရာမလိုတဲ့ ထိပ်တန်း အသီးအနှံတမျိုး ဖြစ်လို့နေရတာပါပဲ။
ငှက်ပျောသီးကနေ ရရှိတဲ့ အဟာရ စွမ်းအင်တွေဟာ ကျနော်တို့ကို ကျမ္မာကြံ့ ခိုင် စေရုံတင်မက ဖြစ်လာနိုင်ဖွယ် ရာ နာမကျန်းဖြစ်မှုနဲ့ ရောဂါ အသီးသီးတို့ကိုပါ တားဆီးပေးနိုင်တာ မို့လည်း  နေ့စဉ်စားသုံးသင့်တဲ့ ဓါတ်စာစာရင်းထဲ ထည့်ထားသင့်တဲ့ သီးနှံတမျိုးပါ။

စိတ်ကျရောဂါ (Depression)
M I N D (The UC Davis MIND Institute (Medical Investigation of Neurodevelopmental Disorders)
သုတေသန အဖွဲ့ရဲ့ လက်ရှိ စူးစမ်းချက် တွေအရဆိုရင်  စိတ်ကျရောဂါ ခံစားနေရတဲ့ လူအတော် များများမှာ  ငှက်ပျောသီး ဓါတ်စာအဖြစ် စားသုံးပြီးနောက်ပိုင်း ပိုမိုသက်သာလာတာကို တွေ့ရပါတယ်။ ဘာကြောင့် လဲဆိုတော့ ငှက်ပျောသီးထဲမှာ ထရွိုက်တိုဖင်(Tryptophan) ဆိုတဲ့ ပရိုတိန်းတမျိုး ပါဝင်ပြီး ဒီပရိုတိန်းဟာ ခန္ဒာကိုယ်အတွင်း ဆာရိုတိုနင် အဖြစ်သို့ ပြောင်းလဲသွားပါတယ်။စိတ်နဲ့ ခန္ဒာကိုယ် အပန်းပြေ သက်တောင့် သက်သာဖြစ်နေအောင် သင်ရဲ့  စိတ်ပိုင်းဆန္ဒတွေ တိုးမြင့်လာအောင် အထူးသဖြင့် သင့်ကို ပိုမိုပျော်ရွှင်ခြင်း တွေ ခံစားစေရလေအောင် ဒီဆာရိုတိုနင် ခေါ်တဲ့ ပရိုတင်း က ဆောင်ရွက်ပေးပါတယ်။

P M S (Premenstrual syndrome (PMS)

 

အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်လေ့ရှိတဲ့ အလိုမကျ စိတ်ဓါတ်ကျခြင်း ဒေါသများခြင်း တို့လို လက္ခဏာတို့ အတွက်တော့ ဆေးသောက်နေစရာမလို ငှက်ပျောသီးကိုသာ စားလိုက်စမ်းပါ။ ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် B6 က သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးတာမို့ သင့်ရဲ့ စိတ်ထဲ က လေးလံထိုင်းမှိုင်းမှုတွေ ကို သက်သာ သွားစေမှာပါ။

သွေးအားနည်းခြင်း (ANEMIA)
 

သံဓါတ်ပေါကြွယ်ဝတဲ့ ငှက်ပျောသီးဟာ သွေးတွင်း သွေးနီဥ (Hemoglobin) ထုတ်လုပ်မှုကို တိုးမြင့်စေပြီး သွေးအားနည်းခြင်းတိုလို့ ကိစ္စများအတွက် လွန်စွာ အထောက်အကူပြုနိုင်ပါတယ်။

သွေးတိုး(Blood Pressure)
 

ပိုတိုစီယမ်ဓါတ် အလွန်ပေါကြွယ်ဝကာ  ဆားဓါတ် နည်းပါးစွာပါဝင်တဲ့ သွေးတိုးခြင်းကို ဟန့်တားရာမှာ အကောင်းဆုံးသော ပြိုင်ဖက်ကင်း ဒေသန္တရ သီးနှံတခုဟာ ငှက်ပျောသီးပါ။ငှက်ပျောသီး စိုက်ပျိုးထုတ်လုပ် ငန်းရှင်တွေတင်ပြတဲ့ ငှက်ပျောသီးရဲ့ သွေးတိုးနဲ့ လေဖြတ်ခြင်းတွေကို လျော့ချပေးနိုင်မယ့် အာနိသင်တွေ ပူးတွဲဖေါ်ပြပေးဖို့ တောင်းဆိုချက်ကို  အမေရိကန် အစားစာနဲ့ ဆေးဝါးများ စီမံခန့်ခွဲရေးအဖွဲ့ က ခွင့်ပြုပေးခဲ့ပါပြီ။

ဦးနှောက်စွမ်းအား(Brain Power)

 

ဒီနှစ်စာမေးပွဲဖြေဆိုရာမှာ အင်္ဂလန် တွစ်ကင်ဟမ် (Twickenham) ကျောင်းက ကျောင်းသား၂၀၀ လောက် ကို ညဏ်ရည်ညဏ်သွေး မြင့်မားလာစေဖို့ သူတို့ရဲ့ မနက်စာ နေ့လည်စာ နဲ့ မုံ့စားဆင်းချိန်တွေမှာပါ ငှက်ပျော သီး စားခိုင်းပြီး သုတေသနတခု လုပ်ကြည့်ပါတယ်။ဒီကျောင်းသားတွေဟာ သင်ယူမှုအပိုင်းမှာ ပိုမိုတိုးတက် လာပြီး နိုးကြားတက်ကြွ လာကြတဲ့ အကြောင်းတွေ ကို အဲဒီသုတေသန ပြုချက်ထဲ ဖေါ်ပြခဲ့ဖူးပါတယ်။

ဝမ်းချုပ်ခြင်း (Constipation)



အမျှင်ဓါတ်ပေါများစွာ ပါဝင်တဲ့ ငှက်ပျောသီးကို ဓါတ်စာအဖြစ်သုံးခြင်းဟာ ၀မ်းနှုတ်ဆေးတွေ သုံးနေစရာ မလိုဘဲ အူမကြီးရဲ့ ပုံမှန်လုပ်ငန်းတာဝန် ထမ်းဆောင်မှုတာဝန်ကို  မူလအတိုင်း ပုံမှန်ပြန်ဖြစ်အောင် ကူညီပေး နိုင်ပြန်ပါတယ်။

အမူးလွန်ခဲ့ရင်  (Hangovers)

 

အထိရောက်ဆုံးနဲ့ အမြန်ဆုံးကုသပေးနိုင်တဲ့ ဆေးနည်းတခုဟာ  နို့၊ ငှက်ပျောသီး ၊ပျားရည် တို့ပေါင်းစပ်ထား တဲ့ ဖျော်ရည်ပါပဲ။ နို့က သင့်ရဲ့ ရေဓါတ်ခမ်းခြောက် မှုကို ချေဖျက် သက်သာ မှုပြုပေးနေစဉ် ငှက်ပျောသီးက အစာအိမ်ကို ငြိမ်သက်စေပြီး ပျားရည်က သွေးထဲရှိ သကြားဓါတ်ကို ထိန်းညှိပေးပါလိမ့်မယ်။

ရင်ပူခြင်း (Heart Burn )



ကိုယ်ခန္ဒာတွင်းရှိ  အက်စစ်ဓါတ် လွန်ကဲခြင်းကို ချေဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ငှက်ပျောသီး မှာပါဝင် ပါ သေးတယ်။ဒါကြောင့် ရင်ပူနေရင် သက်သာသွားအောင် ငှက်ပျောသီးကိုပဲ စားဖို့ ကြိုးစား လိုက်ပါ။

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်းများ (Morning Sickness)

 

နေ့ည ထမင်းမစားခင်မီ ကြားအချိန်များအတွင်း ငှက်ပျောသီးကို သွားရေစာအဖြစ်နဲ့ စားသုံးမယ်ကြဆိုရင် သွေးတွင်း သကြားဓါတ် မြင့်မားစေပြီး ကိုယ်ဝန်ဆောင်စ ပျို့အန်ခြင်းတွေကို သက်သာသွားစေပါလိမ့်မယ်။

ခြင်ကိုက်နာ(Mosquito Bites)

 
ပိုးမွှားကိုက် ပျောက်ဆေးတွေ မရှိသေးရင်တော့ ကိုက်ခံရတဲ့နေရာ ၀န်းကျင်ကို ငှက်ပျောသီး အခွံက အတွင်းဖက် အသားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ လူအတော်များများမှာ ယောင်ရမ်းတာလျော့ပြီး ကျိမ်းစပ်ခြင်း မရှိဘဲ ပျောက်ကင်းသွားခဲ့တာကို အံသြဖွယ်ကောင်းလောက်အောင် သင်တွေ့မြင်ရပါလိမ့်မယ်။

အာရုံကြောပြသနာများ (NERVES)

 

ဝိတ်တွေတက်လို့ အ၀လွန် နေပါသလား။ သြစတေးလျ  စိတ်ပညာသိပ္ပံ ဌာနတခုက ချောကလက်နဲ့ အာလူးကြော်လို အဆာပြေ အစာတွေကိုသာ အလွန်အကျူး စားတတ်ကြသူတွေက အထူးပြု လေ့လာခဲ့ဖူး ပါတယ်။ဆေးရုံတက်ရောက် ကုသရသူ သူပေါင်း ၅၀၀၀ လောက်ထဲက  အ၀လွန်သူ တိုင်း သွေးတိုးနေတာကို တွေ့ရပါတယ်။သူတို့ရဲ့ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင်ကို အစားကြူး မှု မဖြစ်အောင် သွေးတွင်း သကြားဓါတ် ပမာဏကို ထိန်းညှိဖို့ဆိုရင် ကစီဓါတ်များတဲ့ အစာတွေကို  ၂နာရီခြားတခါလောက် ကျွေးမွေးဖို့လိုကြောင်း တွေ့ရှိခဲ့ရပါတယ်။
B ဗီတာမင် ဓါတ် အလွန်ပေါကြွယ်လှတဲ့ ငှက်ပျောသီးဟာ အာရုံကြော ပြသနာ အတော်များ များကို ဖြေရှင်းပေး နိုင်ပါတယ်။

အစာအိမ်နာ (Ulcers)
 
  
မျက်နှာပြင် ပျော့ပြောင်းပြီး ကျေညက်လွယ်တဲ့ သဘာဝကြောင့်လည်း အူသိမ်ဦးပိုင်း ဖေါက်ပြန်နာကျင်  မှုတွေ အတွက် ငှက်ပျောသီး ကို ဓါတ်စာအဖြစ်နဲ့လည်း ကျွေးပေးနိုင်ပါတယ်။စိတ်ပူပန်မှု ကင်းကင်းနဲ့  သဘာဝ အတိုင်း စားသုံးနိုင်တဲ့ သီးနှံတမျိုးပါ။အူသိမ်ဦးပိုင်းတွင်း အက်ဆစ်ဓါတ်လွန်ကဲမှုကို ချေဖျက်ပေး နိုင်သလို နာကျင်စူးအောင့်မှုတွေ သက်သာစေကာ အစာအိမ်နံရံ အလွှာကိုလည်း ထပ်ပိုးပြီး ထူထဲလာစေ ပါတယ်။

အပူချိန်ထိန်းညှိပေးခြင်း (Temperature Control)

 

ပင်ကိုယ်အေးမြတဲ့ သဘာဝ ရှိသီးနှံတမျိုးဖြစ်တဲ့ ငှက်ပျောသီးဟာ  မိခင်လောင်းများအတွက် ကိုယ်ခန္ဒာနဲ့ စိတ်ပိုင်းဆိုင်ရာ ပူလောင်မှုတွေကို သက်သာစေ နိုင်ပါတယ်။ဥပမာအနေနဲ့ ထိုင်းနိုင်ငံမှာ မိခင်လောင်းတွေဟာ မွေးဖွားလာမယ့် သူတို့ကလေးတွေကို မွေးခါစ ကိုယ်အပူချိန် မတက်အောင်လို့ ငှက်ပျောသီးကို စားတတ်ကြ ပါတယ်။

ဒါကြောင့်မို့ များစွာသော ဖျားနာမှုတွေအတွက် ငှက်ပျောသီးဟာဖြင့် သဘာဝကပေးထားတဲ့ ဆေးနည်း တမျိုးပါပဲ။
ပန်းသီးနဲ့ ငှက်ပျောသီးကို နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုပြန်ရင်လည်း ပရိုတင်းဓါတ်(၄)ဆ။ကစီဓါတ်ခေါ် ကာဗိုဟိုက်ဒြိတ် (၂ ) ဆ၊ မီးစုံး(ဖေါ့စဖေါ်ရပ်)ဓါတ် (၃) ဆ ၊ ဗီတာမင် A နဲ့ သံဓါတ် (၄) ဆ ဒါတွေအပြင် အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေကလည်း ပန်းသီးထက် ငှက်ပျောသီးထဲမှာ (၂) ဆ လောက်ပိုပြီး ပါဝင်ပြန်ပါတယ်။
ပိုတက်စီယမ်ဓါတ် အထူးပေါကြွယ်လှတဲ့ အကောင်းဆုံးသော အစားစာတမျိုးဖြစ်လို့ " နေ့စဉ်နေ့တိုင်း ငှက်ပျောသီးတလုံးစားသွားရုံနဲ့ ဆရာဝန် အကူညီမလိုတဲ့ ကျမ္မသော လူသားဘ၀များကို ပိုင်ဆိုင်ကြ " လို့သာ --- ပြောကြရတော့မလိုပါပဲ။
By------ W L 4 (Youth For Future Inlay)
Ref;----

No comments:

Post a Comment