HOME

Thursday, December 19, 2013

အစေ့အပြင် အပင်ပေါက် ကိုလည်းစား လို့ရတဲ့ နေကြာ



                          နေကြာပင်ပေါက် ဘယ်လို ဖေါက် စားမလဲ

 

ကျနော်တို့ စားနေကျ ပဲတီပင်ပေါက်လို နေကြာစေ့ကို အပင်ဖေါက် ထားတာကို နေကြာပင်ပေါက် လို့ ခေါ် ရပါလိမ့်တယ်။ အခြား သုတ်စား ချက်စားတဲ့ ဟင်းရွက်စိမ်းများနည်းတူ အဲဒီနေကြာ ပင်ပေါက် အစားစာကို ကျနော်တို့ အစားထိုး စားနိုင်ပါတယ်။
လတ်ဆတ် ကြွတ်ရွပြီး ဆိမ့်တဲ့အရသာ ရှိသလို ဥရောပနိုင်ငံက ဟင်သီးဟင်းရွက်စိမ်း ကြိုက်တတ်သူတွေ အတွက်တော့  တနှစ်ပါတ်လုံး ရေခဲနေတဲ့ ဆောင်းရာသီထဲမှာတောင် မိမိအိမ်တွင်းမှာစိုက်ပျိုး စားသုံးလို့ ရနိုင်တဲ့ အဟာရ ဖြစ် သီးနှံသစ်တမျိုးပါ။
အခြား တရိစ္ဆာန်တွေ ၀င်ဖျက်ဆီးတာမျိုး ရှည့်လိုသတ္တ၀ါတွေ စားသုံးတာမျိုးမဖြစ်အောင် အကာရံပြုပေး နိုင်ရင် ပူနွေးတဲ့ရာသီချိန် ပြင်ပမှာစိုက်ပျိုးလို့လည်း ရပါတယ်။ကျနော်တို့မြန်မာပြည်က ရာသီဥတုနဲ့ ဆိုရင်တော့ ပဲတီပင်ပေါက်လို မျိုး အဆင်ပြေသလို အချိန်မရွေး စိုက်ပျိုးစားသုံးနိုင်ကြမို့ စမ်းကြည့်လို့ အဆင်ပြေပါလိမ့်မယ်။

နေကြာ အပင်ပေါက်ဖေါက်နည်း

သင့်တော်မယ့် အရွယ်စားရှိ ဇကာ အမျိုးမျိုးကို သုံးစိုက်ပျိုးနိုင်ပါတယ်။

၁။ နေကြာစေ့ တခွက်ကို ရေနဲ့ ဆေးကြောပြီး အနည်းဆုံး ၈ နာရီကြာ (သို့)တစ်ညတာ ရေစိမ်ပြီး စစ်ထား ပါ။


၂။ဒီစစ်ထားတဲ့နေကြာစေ့တွေကို ပူနွေးပြီး မှောင်တဲ့ ဗီဒို (သို့) အခန်းတခုထဲ ထည့်ထားက တနေ့ ၂ ကြိမ်  လောက် အစို့အညှောင့် ကလေးတွေ ပြူထွက်လာသည်အထိ  ရေဖြန်းပေးတာကို ပုံမှန်လုပ်ပါ။
၃။နောက် အစို့ထွက် နေကြာစေ့တွေကို သစ်ရွက်ဆွေမြေသြဇာ ဖြည့်ထားတဲ့ ဇကာ တခုထဲ ပြောင်းရွှေ့ မှာပါ။ သစ်ဆွေးမြေသြဇာ ကို ဇကာတခုမှာ ဒေါင့်စေ့အောင် ဖြူးဖို့တော့လိုပါတယ်။အစေ့ညှောင့်တွေ မကျိုးအောင် ဂရုပြုပြီး ဇကာအလယ်မှာ နေကြာစေ့တွေပုံပြီးနောက် ညီညာအောင် ဖြန့်ပေးလိုက် ပါ။ တစေ့နဲ့တစေ့ ထိကပ်နေပါစေ ဒါပေမယ့် စုပုံ ထပ်ပြီးတော့မနေပါစေနဲ့။




၎။ပြီးရင် နောက်တပ် မြေဆွေးတထပ် ထပ်လို့ဖုံးပေးပြီး နေရောင်ခြည် တိုက်ရိုက်မတွေ့တဲ့ နေရာမှာ ဆက် ထားလိုက်ပါ။

 

၅။လိုအပ်က ရေဖြေးညှင်းစွာလောင်းပေးဖို့နဲ့ နေရောင်ခြည်မထိစေဖို့ နေ့စဉ် ဂရုစိုက်ပေးပါ။ ပူတဲ့ အချိန် ရေဖြန်းတာ ပိုလိုအပ်ပြီး အေးတဲ့အချိန်မှာ ရေလျှော့လောင်းပေးပါ။ရေလောင်းတာများရင် ရိရော် ပုပ်သိုး တတ်တာ ရေငတ်ပြီးသေဆုံးသွားတာ အပင်ပေါက်တွေ ကျုံလှီသွားတာမျိုးတို့ဖြစ်တတ်ပါတယ်။

၆။အပင်လေးတွေ သန်လာရင် အပေါ်ဖက်က မြေဆွေးတွေကို အသာယာ လက်နဲ့ပင်ခြေပိုင်းသို့ ကျသွားအောင်သာ ဆက်လုပ်ပေးပါ။

 

၇။အပင်ပေါက်ကလေးတွေက အစေ့ရွက်ကလေးတွေ စိမ်းပြီးကြီးထွားကာ ခူးဖို့အသင့်ဖြစ်နေ ပါပြီ။နောက်ထပ် ဒုတိယအဆင့် အရွက်ကိုတော့ ပေးမထွက်ပါနဲ့။အစေ့ခွံတွေ သူ့အလိုလျောက် ပြုတ်ကျ သွားပါလိမ့်မယ်။ ကျန်နေသေးရင်လည်း လက်ကလေးနဲ့ အသာဖယ်ပြစ်လိုက်ပါ။

 

အပေါ်က ဇကာထဲမှာက ခူးစားဖို့အသင့် ဖြစ်နေတဲ့ နေကြာပင်ပေါက်တွေပါ။ အစေ့ခွံတွေ ကုန်စင်ကြွေ သွားအောင်နဲ့ အရွက်တွေထပ်ပွင့်ကားလာအောင်လို့ နောက်ထပ် ၁-၂ ရက်လောက် ထပ်ထားပြီးမှ ခူးစား လည်းရပါတယ်။  

၈။ခူးတော့မယ်ဆိုရင် ပင်ခြေနားက ကပ်ပြီး ဖြတ် ရေအေးနဲ့ဆေးကြောကာ မြေဆွေးတွေကိုဖယ်ရှားပြစ်   ပြီး ရေစစ်ထားလိုက်ပါ။

 

၉။ ကဲ စားစရာ သုတ်စား ချက်စားစား သင့်အတွက် ဟင်းရွက်စိမ်း သစ်တမျိုး ကို ရေခဲသေတ္တာထဲမှာ နောက်ထပ် ၅-၇ ရက်လောက်ထားပြီး စားသုံးနိုင်ပါတယ်။

၁၀။ ဒုက္ခပေးတဲ့ အစေ့ခွံတွေကို ဖယ်ပြီး နေကြာပင်ပေါက်တွေပါပဲ။
                            
                                                                   
                                                               by   ------W L 4 (Youth For Future Inlay)

From------ http://www.organicconsumers.org/articles/article_28868.cfm




No comments:

Post a Comment