တိရိစ္ဆာန် အခွင့်အရေး စောင့်ရှောက် လှုပ်ရှားသူတို့ ရဲ့ အရေးဆိုဆန္ဒပြမှုတွေကြောင့် အင်ဂိုရာ ယုံမွှေး နဲ့ ချုပ်လုပ် တဲ့ အ၀တ်အထည်တွေ ရောင်းချနေတာကို ရပ်ဆိုင်းကြဖို့ အ၀တ်ထည်ကုမ္မဏီကြီး ၃၅ ခုက သဘောတူလိုက်ကြပါပြီ။
ဆန်းဒေးတိုင်း သတင်းအဆိုအရ လွှန်ခဲ့တဲ့ နှစ်ပါတ်လောက်က အင်ဂိုရာ ယုံမွှေးထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရိုက်ကူးပြသထားတဲ့ အင်မတန် ထိတ်လန့်စရာကောင်းလှဖွယ်ရာ ဗွီဒီယို ကလစ် ထွက်ပေါ်လာပြီး တဲ့နောက် ကမ္ဘာ့နံမည် ကျော် ကုမ္မဏီကြီးတွေဖြစ်ကြတဲ့ ရီတီလာ(Retailers) ၊ မတ်-စပင်ဆာ(Marks& Spencer)၊ ကယ်ဗင် ကလင်း (Calvin Klein) ၊ H&H နဲ့ တော့ရှော့ ကုမ္မဏီတို့ကလည်း ရပ်ဆိုင်းဖို့ သဘောတူ လက္ခံခဲ့ကြပါတယ်။
ချစ်စဖွယ် နူးညံ့ပျော့ပြောင်းပြီး အမွှေးဖွာ သားမွှေးထည် တခုဖြစ်လို့ ဦးထုတ် လက်အိပ် ဆွယ်တာ လည်စည်းပုဝါ စသည်ဖြင့် အင်ဂိုရာ ယုံမွေးကို ကမ္ဘာတလွှားမှာ အသုံးပြုကြပါတယ်။
ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ ဗွီဒီယိုက ဖေါ်ပြချက်ထဲမှာတော့ ယုံမွေးမြူရေးခြံလုပ်သားတွေ ဟာ ဖေါက် သည် တွေနဲ့ ဖြန့်ချီရောင်းချသူ တွေအကြိုက် ယုံအရှင်လတ်လတ် တွေဆီကနေပြီး အမွှေးဆုတ်ယူနေ တာကြတာပါ။
အခုတော့ လက်ကား ဖြန့်ချီရောင်းချသူတွေ ကိုယ်တိုင်ကလည်း အင်ဂိုရာ ယုံမွှေးထည်တွေ ရောင်းချရ တာကို မနှစ်ခြိုက်တော့ဘူးလို့ ဒီဗွီဒီယိုကို ရိုက်ကူးခဲ့သူ တိရိစ္ဆာန်ထိန်းသိမ်းအဖွဲ့စည်း( Peta ) အဖွဲ့ဝင် ရဗွန်းလ် တေလာ(Yvonne Taylor) ကပြောပြပါတယ်။
ဒါအပြင် အင်ဂိုရာယုံမွှေး ထုတ်လုပ်ကုန်ပစ္စည်းတွေကို ရပ်ဆိုင်းဖို့ ဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ကြိုဆို ရမှာဖြစ်သလို တဖက်ကလည်း လက်ရှိ အင်ဂိုရာယုံမွေးတဲ့လုပ်ငန်းတွေကိုပါ ရပ်ဆိုင်းသွားတဲ့ အထိ တောင်းဆို သွားကြရမှာလို့ဆိုပါတယ်။
မီဒီယာကနေအခုလို ဖေါ်ပြချက်ကြောင့်လက်ကားဖြန့်ချီရောင်းချသူ တွေရဲ့စိတ်ကို ပြောင်းလဲသွားစေခဲ့ပါပြီ။
တော့ရှော့( Topshop) ကုမ္မဏီကို လူ တစ်သိန်း ကျော်လောက်က အသနားခံစာတွေ ပေးပို့ပြီးတဲ့နောက် မှာတော့ အင်ဂိုရာ ယုံမွှေးထည်များ ရောင်းချခြင်းလည်း ရပ်ဆိုင်းသွားခဲ့ပါတော့တယ်။
(Peta)အဖွဲ့ အစီရင်ခံစာ အတိုင်းဆိုရင် ဒီယုံမွှေးထုတ်တဲ့ လုပ်ငန်းစဉ်ဟာ လုံးဝ လူသားမဆန်သလို ကုမ္မဏီ ရဲ့ အဓိက မွေးမြူထုတ်လုပ်ရာဌာနေ တရုပ်ပြည် လုပ်ငန်းခွင်ထဲမှာဆိုရင် စည်းကမ်းတင်းကြပ်မှု သိပ်လျော့နည်းပြီး တိရိစ္ဆာန်တွေအပေါ် ရက်ရက်စက်စက် ပြုမူနေကြောင်း ဖေါ်ပြထားပါတယ်။
By--------W L 4 (Youth For Future Inlay)
From-------http://metro.co.uk/2013/12/15/clothing-brands-agree-to-stop-selling-cruel-angora-wool-after-graphic-videos-showing-its-manufacturing-process-surface-4231093/?ITO=facebook
အသေးစိတ် သိချင်ရင် ဒီဗွီဒီယို လင့် ထဲမှာ ဆက်ကြည့်လိုက်ပါ။
http://www.youtube.com/watch?v=A_b8Wr2LnrQ
No comments:
Post a Comment