ကြွက်တို့ဖြင့်
စမ်းသပ်ပြီးနောက် ပေါ်ထွက်လာတဲ့
ယောင်္ကျားများအတွက် ဖိုသန္ဒေတားဆေး နည်းလမ်းအသစ်
သန္ဒေသားတခု
ဖြစ်ပေါ်လာဖို့အတွက်ဆိုရင် အင်မတန် သေးငယ်လွန်းလှတဲ့ ဖိုဗီဇ သုတ်ပိုးကောင်လေး တခု (ခေါင်းပိုင်း
3-5 micrometre အမြီးပိုင်း 50 micrometre ) ရှိရုံနဲ့လုံလောက် ပါတယ် ။ဒါကြောင့်မို့လည်း
နောင်လာမယ့် ဖိုသန္ဒေတားဆေး ထုတ်လုပ်ရေးဂဏ္ဍမှာ လှည့်ကွက်ပေါင်း များစွာ ရှိနေမှာမို့ ရာနှုံးပြည့်
ထိရောက်ပြီး သေချာဖို့အထူးလိုအပ်ပါတယ်။အခုတော့ ကြွက်များနဲ့ စမ်း သပ်ချက်မှာ သုတေသီတို့ဟာ
အောင်မြင်မှု အဆင့်တခုအထိ ရောက်ရှိလာနေပါပြီ။ယခင်ကြိုးပမ်းခဲ့သမျှ ဖိုသန္ဒေတားဆေး စမ်းသပ်မှုအားလုံးဟာ
ဖိုသုတ်ပိုးတွေရဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပျက်စီးဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။
ဒါပေမယ့်
ထွက်ပေါ်ရရှိလာတဲ့ ရလဒ်တွေကတော့ အင်မတန် ရှုပ်ထွေးလွန်းလှပြန်ပါတယ်။တခါတရံမှာ ဖိုသတ္တ၀ါတွေမှာ
လိင်စိတ်လျော့နည်းခြင်း နဲ့ ဖိုသုတ်ပိုးတွေ မျိုးမအောင်တော့ပဲ ထာဝရမြုံသွားခြင်းတို့လို
မလိုလားအပ်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေတတ်ကြလို့ပါ။
အဲဒီလိုရလဒ်မျိုးတွေကို
ယောင်္ကျား အများစု က လိုလိုလားလား လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီတချီမှာတော့
အခြားချဉ်းကပ်မှုနည်းလမ်းသစ်တခုကို သုတေသီတို့ က ရွှေးချယ် ခဲ့ကြပါတယ်။သုတ်ပိုး ထုတ်လုပ်မှုဖြစ်စဉ်ကို
ဟန့်တားနေမယ့်အစား သုတ်ပိုးသယ်ဆောင်မှုဖြစ်စဉ်ကိုသာ
ပိတ်ဆို့ တားဆီးပြစ်ဖို့ပဲ သူတို့ဆုံးဖြတ်လိုက်ပါတော့တယ်။
သုတ်ပိုးကို ပိတ်ဆို့ခြင်း
သုတ်ပိုးထုတ်လုပ်ရာမှာ
အခရာကျတဲ့ a 1 A ခေါ် အဒရီနာဂစ်(adrenergic) နဲ့P2X1 ခေါ်ပူရင်နိုဆက်တာ
(purinoceptor) လို့ခေါ်တဲ့ ပရိုတင်း ၂ မျိုးကို သိပ္ပံပညာရှင်တို့က ကြွက်ထီးရဲ့မျိုးရိုးဗီဇ
ထဲကနေ ဖယ်ထုတ်လိုက်ပါတယ်။ဒီပရိုတင်း ၂ မျိုးဟာ ကပ္ပါယ်အိမ်ကနေ သုတ်ပိုးတွေကို လိင်တံဝ
အထိ သုတ်ပို့ပြွန်တလျောက် စီးဆင်းကြရာမှာ သုတ်ပို့ပြွန်ကို
ဝန်းရံကြွက်သားများကို ကျဉ်းစေ ကျုံ့စေတဲ့ အဓိက ကျတဲ့ အခမ်းဂဏ္ဍတို့ကနေ တာဝန်ထမ်းဆောင်ပေးပါတယ်။ဒီပရိုတင်း
၂ မျိုးသာမရှိတော့ ဘူးဆိုရင် သုတ်ပြွန်ကြွက်သားတွေ ကျဉ်းတာမျိုး မဖြစ်စေတော့လို့ ကပ္ပါယ်အိမ်မှ
လိင်တံထိ သုတ်ပိုးတွေ စီးဆင်းတာမျိုး ဖြစ်မလာနိုင်တော့ပါဘူး။အဖြေကတော့ သုတ်ပိုးတွေ
လိုရင်းသို့မရောက်တော့ဘဲ ကြွက်ထီးတွေကို ဖိုဗီဇ သဘာဝ မပီပြင် စေတော့တဲ့ အဖြစ်မျိုးကိုတွေ့ကြရပါတယ်။
ကြွက်တွေ မိတ်လိုက် ဆက်ဆံရာမှာ အလုပ်ဖြစ်ပေမယ့် သန္ဒေမအောင်ကြတော့ပါဘူး။
ဒီတွေ့ရှိချက်အရ
စမ်းသပ်ခံ ကြွက်ထီးတွေမှာ လိင်ပိုင်းစွမ်းအင်တွေ
လျော့နည်းမသွားပါဘူး။ ဒါပေမယ့် ကြွက်တွေမှာ ရာနှုံးပြည့် သန္ဒေ မအောင်နိုင်ကြတော့သလို
မူရင်း နကို သန္ဒေအောင်ခဲ့တဲ့ အနေထား သို့ ပြန်လည်ဖန်တီးယူလို့လည်း ရနိုင်တာကို တွေ့မြင်ကြရပါတယ်။ဒါအပြင်
ကြွက်မ ဥအိမ်တွင်း သို့ရောက်သွားတဲ့ ကြွက်ဖိုများရဲ့ သုတ်ပိုးတိုင်းမှာလည်း မျိုးအောင်နိုင်တဲ့
စွမ်းရည်ကင်း မဲ့နေပြန်ပါသေးတယ်။ ပိုပြီးသေချာအောင်လို့ ကြွက်ထီးရဲ့ သုတ်ပိုးကို ထုတ်ယူပြီး
ကြွက်မသား ဥနဲ့ ပြင်ပသန္ဒေအောင်နည်းအတိုင်း သုတေသီတွေ မျိုးစပ်ကြည့်ရာမှာလည်း မျိုးမအောင်ကြ တာကို
တွေ့မြင်ရပါတယ်။
ယောင်္ကျား သန္ဒေတားဆေးလုံး
အခုတော့
မျိုးရိုးဗီဇ မြင့်တင်ပြောင်းလဲပေးထားတဲ့ ကြွက်ဖိုတွေရဲ့ သန္ဒေအောင်မြင်နိုင်စွမ်းကို
လုံးဝ ထိန်း ချုပ်ထားနိုင်ခဲ့ပါပြီ။ဒါပေမယ့်လည်း ဒီဆေးရဲ့ တုံ့ပြန် အကျိုးသက်ရောက်မှုတွေဟာ လူသားတွေကိုလည်း အလားတူ ဖြစ်ပေါ်စေနိုင်ပြန်ပါသေးတယ်။
စမ်းသပ်ခံကြွက်တွေမှာ သွေးတိုးမြင့်တက်လာခြင်း လက္ခ ဏာတွေကို ဘေးထွက်ဆိုးကျိုးအဖြစ် တွေ့မြင်ခဲ့ရပါတယ်။ဒါကလည်း
ဖယ်ထုတ်လိုက်တဲ့ ပရိုတင်း ဓါတ်တွေရဲ့ ဂုဏ်သတ္တိများကြောင့်ပါပဲ။
ဖယ်ထုတ်ပြစ်လိုက်တဲ့
ပရိုတင်း ၂ မျိုးဟာ သုတ်ပို့ပြွန်ကို ကျဉ်းမြောင်းစေသလို သွေးကြောတွေကိုလည်း ကျုံ့သွားစေတဲ့အတွက်ကြောင့်
ဖြစ်ရတာပါ။ အဲဒီဖေါ်ပြချက်အရ ပရိုတင်းတချို့ကို တားဆီးလိုက်ရင် လူသားတွေမှာ သွေးတိုးလာတာ
နှလုံးခုံနှုံးမြင့်တက်လာတာတို့လို ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ကြောင်း
သိရပါတယ်။ လူသားတို့အတွက် သွေးတိုးရောဂါ နဲ့ ပရောစတစ် ဂလင်း ယောင် ရမ်းခြင်းဝေဒနာ တို့အတွက် အသုံးပြုရတဲ့ တချို့ဂလင်းတွေရဲ့ လုပ်ဆောင်ချက်တချို့ကို
ဟန့်တားပေးတဲ့ဆေးဝါး (adrenoceptor-blocker) တို့လို လုပ်ဆောင်ချက်များနဲ့ သွားပြီး
အလားသဏ္ဍန် တူနေပါတယ်။
ဒါပေမယ့်လည်း နောက်နည်းသစ်တခုကို အမျိုးမျိုးပေါင်းစပ် လုံးပမ်းဖေါ်ထုတ်ဖို့အတွက်
ဆယ်စုနှစ် တခုစာလောက် သုတေသီတို့ အချိန်တွေ ထပ်ပြီး ယူကြရပါလိမ့်ဦးမယ်။
ဘာပဲဖြစ်ဖြစ်
ကာလတခုမှာ ဆေးဝါးစမ်းသပ်မှုတွေကနေပြီး ဒီအခက်ခဲတွေကို ဖေါ်ထုတ် ဖြေရှင်း သွားနိုင် ကြမှာ
မုချပါပဲ။
By -------- W L 4 (youth for future Inlay)
No comments:
Post a Comment