(သို့်)
အနာဂါတ် မှာ ဆေးဝါးတွေကို သယ်ဆောင်ပေးနိုင်မယ့် နည်းလမ်း
လူ့ခန္ဒာကိုယ်တွင်းက သာမန်ဆဲလ် လေးတခုလောက် အရွယ်စား ကို ရွှေ့ပြောင်း သယ်ဆောင် ပေးနိုင်မယ့် မော်တာ သေးသေးလေးတခုကို တည်ဆောက်ယူဖို့ဆိုတာဟာ အတော်ထိတ် လန့်ဖွယ်ရာ လှည့်စားမှု တခုလည်းဖြစ် နိုင်ပါတယ်။ ဒီတီထွင်မှုကိုပဲ ဖိုဗီဇသုတ်ပိုး တခုရဲ့အမည် စပမ်း (Sperm) လို့ခေါ်တွင်ဖို့ရာ ဘာကြောင့် ဂျာမဏီ သုတေသီတွေ ဆုံးဖြတ်ခဲ့ကြပါလိမ့်။
ကဲ ဘာကြောင့်လဲ စပမ်းလို့ခေါ်ရတာလို့ သင်က မေးမြန်းခဲ့ရင်။
စပမ်း(Sperm)လို့ ခေါ်တဲ့ ဖိုဗီဇ သုတ်ပိုးကောင် ဆဲလ်လေးတွေမှာ ဆွဲဆောင်တတ်တဲ့ သဘာဝနဲ့ လုပ်ဆောင် ချက်တွေရှိပါတယ်။လူသားခန္ဒာကိုယ်အတွက်လည်း အန္တရယ်မပေးပါဘူး။ သူတို့မောင်းနှင်ပေး ဖို့ လည်း ဘာပြင်ပ အကူညီ လှုံ့ဆော်ပေးနေစရာမလို မျိုးပွားလမ်းကြောင်းတလျောက် စေးပြစ်ပြစ် အကျိအချွဲတွေထဲမှာ အလွယ်တကူလေး ကူးခတ်သွားလာနိုင်ကြလို့ပါပဲ။
ဒါပေမယ့် သူ့ပင်ကိုယ်သဘာဝအရ ဒီဖိုသုတ်ကောင်လေးကို သင်သွားစေလိုတဲ့နေုရာတွေကို မသွားနိုင်ရှာ ပါဘူး။ဒါကြောင့်မို့ လိုရာ သွားခိုင်းဖို့အတွက သုတေသီတို့က နာနိုနည်းပညာ နဲ့ ချုပ်ကိုင်ဖို့ ရာ ပြန်ဖန်တီးယူ လိုက်ကြတာပါ။
ရှေ့ပြေးပုံစံငယ်
နွားသိုးရဲ့ သုတ်ပိုးကို သိပ္ပံခန်းသုံး ဖန်ပြားခွက် ထဲမှာ အင်မတန်ကို သေးငယ်လှတဲ့ သံ-တိုက်တေနီယံ သတ္တုစပ် နာနိုပြွန်ချောင်းငယ် ဒါဇင်များစွာနဲ့အတူ ထည့်ထားလိုက်ပါတယ်။ပြွန်ချောင်းလေးတွေကို လက်ယှက်ထိုး ချထားတာမို့ သုတ်ပိုးကောင် လေးဟာ အဲဒီပြွန်လေးတခုခုထဲကို အလွယ်လေး တိုးဝင်သွား နိုင်ပါတယ်။ ဒါပေမယ့် သူ့ဖာသာသူ နောက်ပြန်ဆုတ် လို့တော့မရပါဘူး။သံလိုက်ကိုသုံးပြီး အဲဒီ နွားသိုးစပမ်းခေါ် သုတ်ကောင် ၀င်အောင်းနေတဲ့ သတ္တုစပ် နာနိုပြွန်ငယ်လေးတွေကို လိုရာသွားခိုင်းဖို့ ညွှန်ကြားခိုင်း စေနိုင်ပါ တယ်။နမူနာအဖြစ်ပြောရရင် အဝေးထိန်း ခလုတ်သုံးပြီး ရိုဘော့ စက်ရုပ်တခုကို အလုပ်လုပ် ခိုင်းသလို ပုံစံမျိုးပါ။ စပမ်း သုတ်ကောင်လေးတွေ ကိုယ်တိုင်က အင်ဂျင်သဖွယ် တာဝန်ယူကာ သတ္တုစပ်ပြွန်လေးတွေကို မောင်းနှင်ပြီ သုတေသီတွေကတော့ လိုရာအရပ်ကို ထိန်းချုပ်ညွှန်ကြားပေးတဲ့ သဘောပါပဲ။
မျိုးအောင်ဖို့နဲ့ ဆေးဝါးများသယ်ဆောင်ဖို့ Sparm အသုံးပြုခြင်း
အထက်က လေ့လာမှုကတော့ အယူဆတရပ်ကို သက်သေပြဖို့အတွက်ပါ။ကူးခတ်သွားလာနိုင်တဲ့ စပမ်း သုတ်ကောင်လေး တွေကို လိုရာလမ်းကြောင်းအတိုင်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့အချက်ပါ။ဒါပေမယ့် နောင်တ နေ့ မှာဆိုရင် မိခင်ကိုယ်ပ သန္ဒေဆောင်ခြင်း(ယခင်က သိပ္ပံခန်းသုံး ကြွေဖန်ခွက်တွင်း မသန္ဒေ မျိုးဥ နဲ့ ဖိုသုတ် ပိုး တွေ တွေ့ဆုံမျိုးအောင်စေခြင်း)လို နေရာတွေမျိုးတွေမှာ ဒီနည်းလမ်း အသုံးပြုပြီး သိပ္ပံပညာရှင်တွေ ကိုယ်ခန္ဒာတွင်း တိုက်ရိုက်မျိုးအောင်ဖို့ စွမ်းဆောင်နိုင်ကြတော့မှာပါ။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စပမ်းစက်ရုပ်တွေဟာ မိခင်သားအိမ်တွင်း သဘာဝနည်းနဲ့ တိုက်ရိုက် သန္ဒေတည် အောင် လုပ်မရနိုင်သူတွေ အတွက် ကိုအခွင့်အလမ်း ရအောင် အများကြီး ထောက် ကူပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို သန္ဒေအောင်စေတဲ့ လုပ်ဆောင်ချက်မျိုး အပြင် အခြားအသုံးဝင်တဲ့ အလားအလာကောင်းတို့လည်း ရှိပါ သေးတယ်။ကင်ဆာ ဆဲလ်တွေထိန်းချုပ်ဖို့ ကိုယ်ခန္ဒာတွင်း ရှိ ဆဲလ်တွေမှာ အဆက်စပ်မရှိ တွင်း ငယ်လေးတွေ ဖေါက်ဖို့ အတွက်၊နောက်ပြီး ဒီသတ်မှတ်ထားတဲ့ နေရာတွေအထိ ဆေးဝါးတွေ သယ်ခိုင်း ဖို့လို ကိစ္စမျိုးတွေပါ။ ဒီလို ရောဂါဖြစ်နေတဲ့ ကိုယ်ခန္ဒာထဲက အစိတ်အပိုင်းနေရာအထိ ဆေးဝါးတွေကို သယ်ဆောင်ပေးဖို့ အတွက်လည်း Sparm လို့ခေါ်တဲ့ နာနိုနည်းပညာ ပြွန်ငယ်လေးတွေရဲ့ နံရံအမြှေးကို အထူးစီမံပြုလုပ် ထားပါတယ်။ သုတေသီများကတော့ ဒီ သုတ်ပိုး ခေါ် စပမ်းကောင်လေးတွေ သယ်ဆောင်ပေးမယ့် နာနိုစက် ရုပ်ပြွန် လေးတွေဟာ အခြား နာနိုနည်းပညာ အပိုင်းစလေးဖြင့် ဖွဲ့စည်းပြီး စပမ်း(သုတ်ပိုး) နဲ့ မောင်းနှင်တဲ့ စက်ရုပ်လေးတွေ ထက်စာရင် ပိုတိုးတက်မှုရှိတယ်လို့ဆိုကြပါတယ်။
စပမ်း(Sperm) ဆိုတာ က ခလေးမွေဖို့အတွက်သာ သက်ဆိုင်တဲ့ ဝေါဟာရ သက်သက် မဟုတ်တော့ပါလား၊၊
နမူနာ အဖြစ်လေ့လာလိုကြသူတွေအတွက် ဗွီဒီယိုလင့် တခုကတော့
http://www.youtube.com/watch?v=O9fJx1Y7vaQ ဒီမှာပါ။
By----------- W L 4 (Youth For Future Inlay )
From---------- http://blogs.discovermagazine.com/d-brief/2013/12/12/robo-sperm-could-be-the-drug-delivery-mechanism-of-the-future/#.UrPxhuJ5eBf
နမူနာ အဖြစ်လေ့လာလိုကြသူတွေအတွက် ဗွီဒီယိုလင့် တခုကတော့
http://www.youtube.com/watch?v=O9fJx1Y7vaQ ဒီမှာပါ။
No comments:
Post a Comment