HOME

Wednesday, January 1, 2014

လမ်းမပေါ်နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ခေတ်ပေါ်စီးပွားရေး လုပ်ငန်းသစ်


                                ဗန်ကောက် လမ်းမပေါ် ဆန္ဒပြ စီးပွားရေး




 

                                     

Anti-government protesters from the Dhamma Army make homemade bulletproof vests from used X-ray film at their protest site on Makkawan Rangsan bridge. The vests are on sale for 700 baht. THITI WANNAMONTHA


ထိုင်းနိုင်ငံ ဗန်ကောက်မြို့လမ်းမတွေပေါ်က အစိုးရဆန္ဒပြပွဲတွေကနေ  အသက်အန္တရယ် လုံခြုံရေး လိုအပ်ချက် အရ ပေါ်ထွက်လာတဲ့ ခေတ်ပေါ်ပျံကျ စီးပွားရေးတခုကတော့ ကျည်ကာအင်္ကျီ ချုပ်ပြီးရောင်းချတဲ့ လုပ်ငန်းပါ။
ဒီကျည်ကာအင်္ကျီတွေကတော့ ထိုင်းရဲတွေသုံးနေကျ အဆင့်မြင့်ကျည်ကာအင်္ကျီလိုမျိုးနဲ့မတူပါဘူး။ ဈေး သက် သာအောင်လို့ဆေးရုံတွေကနေစွန့်ပြစ် အိပ်စရေးဓါတ်မှန်ပြား(ပလပ်စတစ်) တွေကို တထပ်ပြီးတထပ် ထပ်ချုပ် ထားတာပါ။
အိပ်စရေး ဓါတ်မှန်ဖလင်ပြားကို ကျည်ဆံ မထိုးဖေါက်နိုင်တဲ့အစွမ်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် အဲဒီဖလင်တွေကို အထပ်ထပ် ချုပ်ထားရင် ပိုလုံခြုံမှုရှိကြောင်း ကျည်ကာနိုင်ကြောင်း သိရှိခဲ့ရပါတယ်။
လက်တွေ့စမ်းသပ်ချက်အရ ဆိုရင် ၅မီတာ အကွာကနေပစ်ခတ်မယ့်  M16 ကျည်ဆံကိုကာကွယ်ဖို့ အိပ်စရေး ဖလင် အချပ် ၃၅ ခု ထပ်ချုပ်ထားရမှာဖြစ်ပြီး ပွိုင့် .357 mm  ကျည်ဆံအတွက် ၂၈ထပ်။ ပွိုင့်.38 ကျည်ဆံ အတွက်  ၁၂ ထပ်။ပွိုင့်.22 ကျည်ဆံအတွက် ၉ ချပ်လောက်ထပ်ချုပ်ထားရုံနဲ့ ကျည်ဆံကာဝတ်စုံ ချုပ်လုပ်နိုင် တယ်လို့ရောင်းချသူတွေက ဆိုပါတယ်။ အရင်တုံးက အ၀တ်စတွေ စတီးပလိပ်ပြားတွေနဲ့ ဘတ် ၁၂၀၀ တန် ၀တ်စုံတွေ ချုပ်ခဲ့ကြတာဖြစ်ပြီး အခု အော်ဒါ မှာသူတွေအကြိုက် စတီးပလိပ်ပြားမပါ ရင်နဲ့ကျော ရှေ့ နောက် ၂ ဖက်စလုံးမှာ  အိပ်စရေးဖလင် ချပ် ၄၀ စီ ထည့်ချုပ်ထားတဲ့ ကျည်ကာဝတ်စုံ တစုံကို ဘတ် ၄၅၀ နဲ့ရောင်းချ ပေးနေကြပါတယ်။
 လိုအပ်တဲ့ အိပ်စရေးဖလင် ကုန်ကြမ်းကိုတော့ ဖလင် တစ်ကီလို ဘတ် ၁၀၀ လောက် နဲ့ဝယ်ယူရနိုင်ပါတယ်။ ကျည်ကာဝတ်စုံရောင်းနေတဲ့ ပျံကျဈေးသည်ရဲ့ ကိုယ်မှာ ၀တ်ထားတဲ့ ၀တ်စုံကတော့ ဘတ် ၇၀၀ တန်လို့ ဆိုပါတယ်။အရေးအခင်းထဲမှာ  ပုလိပ်တွေပြစ်တဲ့ကျည်ဆံ ထိမှန်တာ သူ့ကိုယ်အထဲကို ကျည်ဆံမဖေါက်နိုင်ပဲ ကျည်ကာဝတ်စုံမှာ ချိုင့်ရာလောက်သာ ထင်တယ်လို့ သူက သူ့ရောင်းကုန်ပစ္စည်းကို ညွှန်းပါတယ်။
လောလောဆယ် ကျည်ကာဝတ်စုံပေါင်း ၂၀၀၀ လောက်တော့ ရောင်းချပြီးပြီလို့လည်း  သူကပြောပြပါတယ်။ အဲဒါကလည်း ပုလိပ်တွေပြစ်ခတ်မှုကိုကာကွယ်ဖို့ ငွေကြေးထောက်ပံသူတွေ ၀ယ်ယူအားပေးကြလို့ပါတဲ့။
နောက်ထပ်ပြီး ကျည်ကာဝတ်စုံတွေ ရောင်းရလိမ့်ဦးမယ်လို့လည်း ရောင်းတဲ့သူတွေက မျှော်လင့်နေကြ ဆဲပါ။၂၀၀၈ ခုနှစ်တုံးက အနီတွေ ဆန္ဒပြတော့လည်း ရောင်းကောင်းခဲ့သလို အခု အ၀ါတွေ ဆန္ဒပြတော့လည်း ဒီကျည်ကာဝတ်စုံတွေ ရောင်းကောင်းနေတာပါပဲ။
အတိုက်အခံ ဆန္ဒပြတာတွေငြိမ်သက်နေတဲ့ အချိန်မျိုးမှာဆိုရင်တော့ ပုလိပ်တွေ နဲ့ ထိုင်းတောင်ပိုင်းက စစ်သား တွေအတွက် ချုပ်လုပ်ရောင်းချပါတယ်။ဒီကျည်ကာဝတ်စုံမျိုးတွေမှာ ကျည်ကာဖို့ အိပ်စရေးဓါတ်မှန်ချပ် ၅၀လောက် အများဆုံး ထည့်ချုပ်ပြီးရောင်းချပေးတာပါ။
ဒီလို အသင့်ချုပ်ပြီးသား ကျည်ကာဝတ်စုံမျိုးတွေကို ခင်ဗျားအလိုရှိတယ်ဆိုရင်ဖြင့် ဗန်ကောက် ဆန္ဒပြလမ်းမတွေပေါ်မှာ အလွယ်လေး ရှာပြီးဝယ်နိုင်ပါလိမ့်မယ်။

                                                         By-------- W L 4 (Youth For Future Inlay)

from--------- http://www.bangkokpost.com/news/local/387340/the-new-frontline-fashion-statement

No comments:

Post a Comment