HOME
Friday, January 3, 2014
အိမ်မက်ပုစ္ဆာများ
                                အိမ်မက်များကို နားလည်ကြပါ 
                               (သင့်အိမ်မက်များက ဘယ်အရာတွေကို ရည်ညွှန်းလို့နေပါသလဲ)
 အိမ်မက်ဆိုတာ ထူးဆန်းတဲ့အရာတခုပါပဲ။လူတချို့ကတော့ ဦးနှောက်ထဲ စွဲထင်ကျန်နေရစ်တဲ့ ပုံရိပ် နဲ့အချက် အလက် များကို ကျနော်တို့ရဲ့ မသိစိတ်ကနေပြီး ပြန်လည်စုစည်းပုံဖေါ်ပေးတဲ့ ဖန်တီးချက်တခုလို့လည်း ယုံကြည်ထားကြ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုံးက အိမ်မက်နဲ့ အိမ်မက်မက်ခြင်းဟာ သဘာဝလွန် စွမ်းအားရှင်တွေနဲ့ ဆက်စပ် နေတယ်၊လူသားတို့ မြင်နိုင်စွမ်းမရှိတာတွေ ဂရိုစိုက်အလေးထားရမယ့် ကိစ္စတွေအားလုံးရဲ့ သင်္ကေတဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။တကယ်လို့များ မြင်မက်တဲ့ကျနော်တို့ရဲ့ အိမ်မက်တွေကို သေချာစွာသတိထားပြီး ကြည့်တတ်မယ် ဆိုရင်ဖြင့် ကျနော် တို့ ကြောင့်ကြနေကြရတဲ့ကိစ္စ အတော်များများကို  အိမ်မက်တွေထဲကနေ အဖြေထုတ်ယူနိုင်မှာပါပဲ။
အခု လူအတော်များများမှာ မြင်မက်လေ့ရှိကြတဲ့ အိမ်မက်တွေ အကြောင်းနဲ့ အိမ်မက်အဓိပ္ပါယ် ညွှန်းဆိုချက်တွေ အကြောင်း တင်ပြထားတာလေးကို ကြည့်လိုက်ကြရအောင်။
                                               ပြုတ်ကျတဲ့အိမ်မက်များ
မြင့်မားတဲ့နေရာ အသီးသီးကနေ ပြုတ်ကျသွားတာကို မြင်မက်ပြီးနောက် ရုတ်တရက် ထိတ်လန့်တကြား လန့််ပြီး အိပ်ယာက နိုးလာတဲ့ အဖြစ်မျိုးကို  ကျနော်တို့ အိမ်မက်မက်ဖူးကြမှာပါပဲ။အဲဒီအိမ်မက်ရဲ့ ဆိုလိုရင်းက  သောကဗျာပါဒ နဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကို ညွှန်းဆိုပါတယ်။ ဒီအိမ်မက်ဟာ သင်နဲ့ ဆက်စပ်နေတဲ့ အကြောင်းကိစ္စတခုမှာ မအောင်မြင်ဘူးဆိုတဲ့ သင်္ကေတကို ညွှန်ပြတာပဲဖြစ်တယ်။ဒီလို အိမ်မက်မျိုးကို မက်ကြသူတွေမှာ ပြသနာတွေတက်တာ၊ ထိန်း ချုပ်ကွပ်ကဲမှု ပျက်ပြားသွားရတာမျိုး သြဇာအာဏာကျဆင်း သွားတာမျိုးနဲ့ကြုံတွေ့လေ့ ရှိတတ်ကြပါတယ်။
                                        ဖြေဆိုဖို့မေ့လျော့သွားတဲ့ အဖြစ်များ
ကျနော်တို့အားလုံး ကျောင်းနေတဲ့ အရွယ်မဟုတ်ကြတော့ပါဘူး။ဒါပေမယ့် တခါတရံမှာတော့ အိမ်မက်တွေကနေပြီး ကျနော်တို့ကို  စာသင်ကျောင်း ပရ၀ုဏ်တွေနဲ့ စာမေးပွဲခန်းမတွေထဲ ဆွဲခေါ်သွားတတ်ပါတယ်။အဲဒီလို အိမ်မက်တွေထဲမှာ စာမေးပွဲဖြေဖို့ မေ့လျော့သွားမိတာမျိုး၊ဒါမှမဟုတ် စာမေးပွဲ မဖြေဆိုနိုင်တဲ့ အဖြစ်မျိုးနဲ့ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့ကြရ ပါလိမ့်မယ်။ အဲဒီအိမ်မက်မျိုးရဲ့  သင်္ကေတဖေါ်ပြချက်ကတော့ ပြင်ဆင်မှုနည်းပါးနေတာ  ၊ ငြင်းပါယ်ခြင်း ခံရမှာကို ထိတ်လန့်နေမိတယ်လို့ ဆိုလိုတဲ့အဓိပ္ပါယ်ပါ။ ဒီလိုအိမ်မက်မျိုးကို မက်မိကြတဲ့သူတွေမှာ လူ့ပါတ်ဝန်းကျင်က လက်မ ခံမယ့်အရေး ကို ကြောက်လန့်လို့ သွားတာမျိုးလည်း  ဖြစ်လေ့ရှိတတ်ကြပါတယ်။
                                                  အချစ်ရဆုံးသူ သေဆုံးခြင်း
ဒီလို ကိုယ်ချစ်ရတဲ့သူ တယောက်သေဆုံးသွားတာကို မြင်မက်ရတာ ထိတ်လန့်စရာ အကောင်းဆုံးပါပဲ။ ပုံစံမျိုးစုံနဲ့ အဲဒီအိမ်မက်မျိုးကို မက်လေ့ရှိကြပါတယ်။ အိမ်မက်ထဲမှာ သေဆုံးတယ်ဆိုတာဟာ သင့်ဘ၀ထဲက ကိစ္စတစုံတရာ ဟာ နိဂုံးချုပ်သွားတော့မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။တစုံတရာသော အကူးအပြောင်း အဆင့်တခုမှာ ရောက်ရှိနေတဲ့ သူတွေဟာ အဲဒီလို အိမ်မက်မျိုးကို မက်တတ်ကြပါတယ်။ ပြီးတော့လည်း လူသစ် စိတ်သစ် ဘ၀အသစ်ကို ကူးပြောင်းဖို့ သင်ရဲ့ နကိုဘ၀ဟောင်းထဲက  ယုံကြည်ချက်အဟောင်း အမူအကျင့် ဟောင်းတွေ နိဌိတံသင့်ပြီလို့ သတိပေးနေတာ မျိုးလည်း ဖြစ်တတ်ပါသေးတယ်။
                                                       သွားကျွတ်ကျတဲ့အဖြစ်မျိုး
ကိုယ့်ရဲ့သွားတွေ ပြုတ်ကျသွားတဲ့ အိမ်မက်မျိုး လူအတော်များများ မက်တတ်ကြပါတယ်။ဒါဟာ ကြောက်စရာကောင်းလို့  လူတွေက နိမိတ်မကောင်းဘူးလို့လည်း ထင်မြင်ပြီး လူအချင်းချင်းကြား ဆက်ဆံရေးကိုပါ အနှောင့်ယှက်ပေး တတ်ပါတယ်။ သွားပြုတ်ကျ ကျွတ်ထွက်တာကို မြင်မက်ခြင်းဟာ ကျနော်တို့ ကိုယ့်စိတ်အာရုံနဲ့ ဆက်သွယ်ပြောဆိုဖို့ မတတ်နိုင်စွမ်းဖြစ်ပြီး စိတ်ဓါတ်ခွန် အားနည်းနေတယ် ဆိုတဲ့အခြေအနေကို ကိုယ်စားပြုပါတယ်။ဒီအိမ်မက်မျိုး မကြာခဏ မက်တတ်သူတွေမှာ သြဇာအာဏာ လျော့ပါးသွားတယ်လို့ ကိုယ့်ကိုယ်ကို ခံစားရတတ်လေ့ရှိပြီး လက်ရှိ ကိုယ့်ရဲ့ ပကတိရုပ်ပိုင်း အခြေအနေ အရပ်ရပ်ကို မကျေနပ်နိုင်ကြသူတွေလည်း ဖြစ်ကြပါတယ်။
                                                    သဘာဝဘေးအန္တရယ်များ
ရေကြီးတဲ  မုန်တိုင်းကျတဲ့ နေရာမျိုးတွေကြားထဲမှာ ပိတ်မိနေတဲ့ အိမ်မက်မျိုးကို လူအတော်များများ မက်လေ့ရှိတတ် ကြပါတယ်။လူတချို့ကတော့ ငလျင်ဒါဏ်ကြောင့် သေလောက်ဖွယ်ခံရတဲ့ အိမ်မက်မျိုးတောင် မြင်မက်ကြပါတယ်။ဒီလို သဘာဝ ဘေးအန္တရယ် အိမ်မက်တွေ မြင်မက်သူတွေဟာ တသီးပုဂ္ဂလ စိုးရိမ်ပူပန်မှု ကြောင့်ကြဗျာပါဒ တွေရှိနေတယ် ဆိုတဲ့ အဓိပ္ပါယ်ကို  အိမ်မက်ကနေ တဆင့်ဖေါ်ပြပေးနေတာပါပဲ။ အဲဒီလို အိမ်မက်တွေကို မြင်မက်ကြတဲ့အခါ ရှေ့ဆက် ဖြစ်လာမယ့် အရေးကိုတွေးပြီး လူတွေထိတ်လန့်တတ်ကြပါတယ်။အထူးသဖြင့် အပြောင်းအလဲကို ကြောက်တတ်တဲ့ လူစားမျိုးတွေ လုံခြုံစိတ်ချမှုကင်းမဲ့တယ်လို့ ခံစားနေကြသူတွေဟာ  အဲဒီလိုအိမ်မက်မျိုးကို မကြာခဏ  မြင်မက် တတ်ကြပါတယ်။
လူမြင်ကွင်းထဲမှာ ၀တ်လစ်စလစ် အဖြစ်မျိုးနဲ့ ကြံရတဲ့ အိမ်မက်မျိုးကို ထိခိုက်ခံစား လွယ်တတ်ကြသူတွေမှာ အထူးသဖြင့် မြင်မက်လေ့ရှိပါတယ်။ဒီလို လူမြင်ကွင်းထဲ ၀တ်လစ်စလစ် နဲ့ ရှိနေတဲ့ဖြစ်ရပ်ကိုက သူတို့ အိမ်မက်တွေရဲ့ အဖြေ ပါပဲ။ဆိုကြပါဆို့ သင်ဟာ လုပ်ငန်းခွင်ထဲမှာ ၀တ်လစ်စလစ် အဖြစ်နဲ့ အိမ်မက်မက်ခဲ့ရင် ဒါဟာ အလုပ်ထဲမှာ တခုခု မှားယွင်းလို့ နေတာကို ဖေါ်ပြနေပါတယ်။ပြီးတော့လည်း သူတပါးကို မသိစေချင်တဲ့ သင့်နှလုံးသားတွင်း လျှိုဝှက်ချက်ကို ထိန်းချုပ်သိမ်းဆည်းထားတာမျိုးရဲ့ သင်္ကေတဟာလည်း အဲဒီလို အိမ်မက်မျိုးတွေကို မြင်မက်တတ်ခြင်းပါပဲ။
                                              သားကောင်အဖြစ် အလိုက်ခံရခြင်း
ကိုယ့်ကို သားကောင်သဖွယ် အမဲလိုက်ခံရသလိုမျိုး  အိမ်မက်မက်တာဟာ အင်မတန်ကို ထိတ်လန့်စရာပါ။ ဒီအိမ်မက်ကတော့  အဲဒီအိမ်မက်မက်တဲ့ ပုဂ္ဂိုလ်ဟာ  သူ့ကြုံတွေ့ရင်ဆိုင်နေတဲ့ ပြသနာတွေထဲက ထွက်ပြေးရှောင်ခွာဖို့ ကြိုးပမ်းနေတာကို ရည်ညွှန်းပါတယ်။ဒီအိမ်မက်ထဲက ကိုယ့်ကို သားကောင်အဖြစ် လိုက်လံသတ်ဖြတ်နေသူဟာ သင်ပုန်း ရှောင်ဖို့ ကြိုးစားနေတဲ့ ပြသနာတွေကို ကိုယ်စားပြုပါတယ်။ပုဂ္ဂိုလ်ရေး ဒါမှမဟုတ် ဆွေမျိုးသားချင်းများနဲ့ ပါတ် သက်နေ တဲ့ ကိစ္စတွေဖြစ်နိုင်ပါတယ်။ဆေးလိပ်ကြောင့် ပြသနာကြုံနေသူတွေမှာတော့ လူမြင်ကွင်းထဲ ဆေးလိပ်သောက်လို့ ပုလိပ်ဖမ်းတာကို ပြေးလွှားနေရတဲ့ အိမ်မက်မျိုးမက်တတ်ကြပါတယ်။
                                      By--------- W L 4 ( Youth For Future Inlay )
From---------http://positivemed.com/2013/12/02/understanding-dreams-dreams-mean/
No comments:
Post a Comment