လူမြင်ကွင်း အပေါ့စွန့်တဲ့ကိစ္စကို နိုင်ငံအတော်များများမှာ ပြစ်ဒါဏ်ချမှတ်တတ်ပါတယ်။နိုင်ငံတခုနဲ့တခု အပြစ်ပေး တာခြင်းမတူပေမယ့် အပြစ်ပေးတာမခံရတာတောင် အနည်းဆုံး နိုင်ငံကြီးသား မပီသသူ အဖြစ် သတ်မှတ်ခံရမှာ မေးငေါ့ခံရမှာ အသေချာပါပဲ။
ဒါပေမယ့် ဒတ်ခ်ျ နိုင်ငံ အက်စတာဒမ် မြို့တော်က အများအပန်းဖြေရာ ဥယျဉ်ထဲမှာတော့ မြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ကိုယ်တိုင် လူထုကိုသေးလာပေါက်ကြဖို့ ဖိတ်ခေါ်စည်းရုံးလို့နေတဲ့ ထူးခြား ဖွယ် မြင်ကွင်း လေးတခုကို တွေ့မြင်ရပါလိမ့်မယ်။
အကြောင်းကတော့ ဒေသရေအရင်းမြစ်ဌာနကနေ မြေထုထဲစီးဝင် ပျောက်ကွယ်သွားမယ့် လူ့ကျင် ငယ်ရည် တွေကနေ မြေသြဇာအဖြစ် အသွင်ပြောင်းပြီး စိုက်ပျိုးရေးသမားတွေ အတွက်အသုံးချဖို့ သဘာ၀၀န်းကျင် ထိန်းသိမ်းမှုစီမံချက်တခုကြောင့်ပါ။လူဦးရေ သန်းဂဏန်း ပမာဏ ရှိတဲ့ အက်စတာဒမ် မြို့က စုဆောင်းရရှိမယ့် ကျင်ငယ်ကနေပြီး ဘော်လုံးကွင်းပေါင်း တစ်သောင်းစာလောက် အကျယ်အ၀န်းနဲ့ညီမျှတဲ့ စိုက်ပျိုးခြံတွေ အတွက် မြေသြဇာလုံလောက်စေလို့ပါ။
လူ့ကျင်ငယ်ရည်ကနေပြီး ဖေါ့စဖေါရပ် နဲ့ အမိုးနီးယား ထုတ်လုပ်နိုင်လို့ သတ္တုမိုင်းတွေလည်း တူးဖေါ်နေစရာ မလိုတော့တဲ့အတွက် သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အကျိုးကျေးဇူးများအပြင် လူတွေစွန့်ပြစ် ထုတ်လိုက်တဲ့ ကျင်ငယ်ရည်ကနေ အတုံးအခဲတွေဖြစ်ပြီး ပိတ်ဆို့နေတဲ့ မိလ္လာရေဆိုးပိုက်တွေကို အစဉ် ဖယ်ရှားရှင်းလင်းပြစ်ပေးနေစရာ မလိုတော့တဲ့ အတွက်ကြောင့်လည်း ဒီစိတ်ကူးကို အကောင် အထည် ဖေါ်ရတာပါ။ ဖေါ့စဖေါရပ် မိုင်းတွေလည်း အနားရ ရေဆိုးမိလ္လာ ဌာနအဖို့လည်း အဆင်ပြေစေတဲ့ စီမံကိန်းပါ။
လူသားတို့အတွက်လိုအပ်တဲ့ ဖေါ့စဖေါရပ်ထုတ်လုပ်ခြင်းဟာ သဘာဝ ပါတ်ဝန်းကျင်ကို အမှန်တကယ် ညစ်ညမ်း ပျက်စီးစေပါတယ်၊၊ဒါအပြင် လေထုထဲကို လူ့ကျင်ငယ်ရေ ကနေတဆင့် ဖေါ့စဖေါရပ်နဲ့ အမိုးနီး ယားတွေ ပျံ့လွှင့်ခြင်းစေတာလည်း မကောင်းပါဘူး။

အခုလို တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုလည်းမဖြစ် အသွင်ပြောင်း အသုံးချလို့လည်း အကျိုးရှိစေတော့ အက်စတမ်ဒမ် မြို့ခံတွေ ဂုဏ်ယူစရာတောင်ဖြစ်နေပါပြီ။
သူတို့စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရေကြောင့် ဒေသမြေသြဇာ ဖြစ်စေပြီး သီးနှံတွေ ဖွံ့ဖြိုး လို့ ရေဆိုးသန့်စင်ဖို့ လျပ်စစ်ဓါတ်အားခလည်းသက်သာတဲ့အပြင် အခုလို လူမြင်ကွင်းက Green Urine အပေါ့စွန့်သန်စင်ခမ်းလေး တွေကို သုံးကြတဲ့အခါတိုင်း သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးတဲ့သူများအဖြစ်နဲ့လည်း ခံယူနိုင်ပါသေးတယ်။
By--------------- W L 4 (Youth For Future Inlay)
Ref-------- http://www.fastcoexist.com/3022496/these-urinals-turn-pee-into-fertilizer-for-local-food
အသေအချာလေ့လာလိုသူများအတွက်----
No comments:
Post a Comment