HOME

Wednesday, January 8, 2014

ဘယ်သန် တို့ရဲ့ ကမ္ဘာကြီး

                                    ဘယ်သန် တို့ရဲ့ ထူးခြားချက်များ





လူသားတွေထဲမှာ ၅% ကနေ ၁၅ %ဟာ ဘယ်သန်တွေပါ။အခုနောက်ဆုံး အမေရိကန်သမ္မတ ၇ ဦး အနက် ၄ယောက်က ဘယ်သန်တွေပါပဲ။(အိုဘားမား၊ဘီလ်ကလင်တန်၊ဂျော့လ် ဒဗလျူ ဘွတ်ရှ် ၊ ဂျရယ်ဖို့ဒ်   တို့ပါ)
အရင် ထင်ရှားကျော်ကြားခဲ့ကြသူ နပိုလီယံ ဘိုနာပါတ်၊အလက်ဇန္ဒြီးယား ဂရိတ်၊ လီယိုနာဒိုလ် ဒါဗင်ချီ နဲ့ မိုက်ကယ်အင်ဂျလို တို့ဟာ လည်း ဘယ်သန်များပါပဲ။
အမေရိကန် စိတ်ပညာဂျာနယ် ထဲက လေ့လာဖေါ်ပြချက်တခုမှာ ဘယ်သန်တွေဟာ ညာသန်တွေထက် ပို တီထွင် ဖန်တီးနိုင်စွမ်းရှိပြီး  ပြသနာဖြေရှင်း ဖေါ်ထုတ်ဖို့ နည်းစနစ်ကျကျ တွေးဆနိုင်စွမ်းရှိကြသလို အများနဲ့ မတူ တမူထူးခြားစွာ တွေးတောတတ်ကြသူတွေလို့ ဆိုထားပါတယ်။
ဘယ်သန်သူ မိဖ ၂ ပါးက မွေးဖွားလာမယ့် သားသမီး ထက်ဝက် ၅၀% ဟာ ဘယ်သန်တွေပဲ ဖြစ်လာနိုင် တယ်လို့ သိထားသင့်ပါတယ်။အဖေ အမေ ၂ယောက်စလုံးက ညာသန်တွေ ဖြစ်နေရင်တော့ သူတို့သားသမီး တွေထဲက ၂ %လောက်ပဲ  ဘယ်သန်ဖြစ်လာနိုင်ဖွယ်ရှိနိုင်ပါတယ်။

ဘယ်သန်တို့နဲ့ပါတ်သက်လို့ စိတ်ဝင်စားဖို့ ကောင်းပြီး လူတွေမသိသေးတဲ့ အချက်အလက်တချို့


 


၁။ Sceintific American လေ့လာချက်အဆိုရ  လူ ၁၅%ဟာ ဘယ်ကျော် ဘယ်သန်တွေဖြစ်ပြီး  မိမ္မ ဘယ်သန် တွေ ထက် ယောင်္ကျား ဘယ်သန်ဦးရေက ၂ ဆ လောက် ပိုလို့များပါတယ်။
၂။ဘယ်ကျော်တွေကနေ ညဏ်ကြီးရှင်တွေ ပိုဖြစ်လာနိုင်ပါတယ်။ ( ကမ္ဘာ့ ညဏ်ရည်မြင့်သူများ အဖွဲ့ (MENSA )  အဖွဲ့ဝင် ၂၀ %  ရဲ့ ဟာ ဘယ်လက်နဲ့ပဲ မှတ်တမ်း- စာတမ်းတွေ ရေးထားခဲ့ကြပါတယ်။)
၃။ တက္ကသိုလ် အဆင့်ရောက်ခဲ့သူ ဘယ်ကျော် တွေဟာ ညာသန်တွေထက် ၁၅% ပိုချမ်းသာကြွယ်ဝပြီး၊ ဘွဲ့ရသူတွေအထဲက  ညာသန်တွေထက် ဘယ်သန်သူ ( ၂၆%)လောက်က  ပြီး သူဌေးဖြစ်နေကြကြောင်း တွေ့ရပါတယ်၊၊
၎။ဒါပေမယ့် ဘယ်သန်တွေဟာ ညာသန်တွေထက် စာရင် (၃) ဆလောက်ပိုပြီး အရက်စွဲ သမားတွေ ဖြစ်နိုင်ပြန် ပါသေးတယ်။
၅။မိဖ ၂ပါးစလုံး ဘယ်သန် ဆိုရင် သူတို့ရဲ့ သားသမီး ၅၀%  လောက်က ဘယ်သန်ဖြစ်နိုင်ပြီး ၊ ညာသန် မိဖ ၂ ပါးကနေ ဘယ်သန် ကလေး မွေးဖွားလာဖို့ကတော့ ၂ % လောက်သာဖြစ်နိုင်ခြေရှိပါတယ်။
၆။ ဘယ်သန် - ညာသန် ကြတဲ့ ကြောင် အထီး အမ တွေကို မျိုးစပ်ကြည့် ရင်လည်း မွေးလာတဲ့ ကြောင်တွေ အထဲက အမတွေက ဘယ်သန် ပိုဖြစ်နိုင်ခြေရှိသလို အထီးလေးတွေကတော့ ညာသန်တွေ အဖြစ်နဲ့သာ မွေးလာနိုင်ကြောင်း Belfast Queen’s University  စိတ်ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
၇။ကနေဒါ ရော့ အဆိုတော် Rik Emmett ရဲ့ spiral note book  ဆိုတဲ့ အခွေကိုတော့ ညာသန် တွေ ထက် စာရင်ဘယ်သန်တွေကပိုပြီးမုံးတီးကြမှာပါပဲ။
ကြည့်ချင်ရင် (http://www.youtube.com/watch?v=YKjgxjh18-o)
၈။ ဗွီဒီယိုဂိမ်းတွေ ကစားကြတဲ့အခါ ဘယ်သန်တွေက ညာသန်တွေထက် ဂိမ်းစက်ခလုတ်တွေ ကိုင်တွယ် ထိန်းချုပ်ကစား နိုင်ခွင့်ပိုရှိပြီး အသာစီးရတယ်လို့  ဒီသုတေသနကို  ဦးစီးခဲ့သူ Dr Nick Cherbusin က ထုတ် ဖေါ်ပြောဆိုပါတယ်။
၉။စာရင်းဇယားများအရ သက်ကြီးမိခင်တို့ကနေ ဘယ်သန်သားသမီးတွေကို မွေးဖွားလာနိုင်ခြေ ပိုများ ကြောင်းသိရပါတယ်။
၁၀။ ဘယ်သန်တဲ့ ခလေးတွေဟာ ညာသန်ခလေးထက် ၄-၅ လ လောက်နောက်ကျပြီးမှ အပျို - လူပျိုဖေါ် ၀င်တတ်ကြပါတယ်။
၁၁။ ညာသန်တို့လွှမ်းမိုးနေတဲ့ကမ္ဘာပေါ်က လူ့အသုံးဆောင်ပစ္စည်းအများစုဟာ ဘယ်သန်တို့အတွက် အဆင်မပြေကြပါ။ကွန်ပြူတာက မောက်စ် သုံးရတာ ခက်ခဲလို့က ၅၀% ။ကပ်ကြေးနဲ့ပါတ်သက်လို့ ၆၈% နဲ့ ဒါးသုံးရတာ  ၇၄% လောက် အဆင်မပြေကြလို့ ဘယ်သန်တို့က တိုင်ကြားတဲ့စာတွေ တင်ကြပါတယ်၊၊
၁၂။ ယခင် Mac ကွန်ပြူတာ ဒီဇိုင်းနာ ၅ ဦးအနက် ၄ ယောက်က ဘယ်သန်တွေဖြစ်သလို နောက်ဆုံး အမေရိကန်သမ္မတ ၅ ယောက် အထဲက  ၃ယောက်ဟာ  ဘယ်သန်တွေပါ။ (အိုဘားမား၊ကလင်တန်။ဂျော့ဘုရှ် အကြီး)
၁၃။ စူးစမ်းမှုတခုအရ ဘယ်သန်တွေရဲ့ သက်တမ်းဟာ ညာသန်တွေထက် (၉)နှစ်လောက် ပိုပြီး တိုတောင်းကြ တယ်လို့ ဆိုပါတယ်။

                                       By--------- W L 4 ( Youth For Future Inlay )
From----------- http://positivemed.com/2012/09/21/being-left-handed/

No comments:

Post a Comment