နှလုံးမဖေါက်ကြရအောင်
ညမအိပ်ခင် ရေသောက်ကြပါ။
လူအတော်များများက
ညအိပ်ယာဝင်ခါနီး ရေသောက်ဖို့ဝန်လေးတတ်ကြပါတယ်။ အိပ်ယာထဲကနေ ထပြီး အပေါ့စွန့်ရတဲ့ကိစ္စကို
မလိုလားတာ ဒါမှမဟုတ် အိပ်ရေးပျက်မခံချင်တတ်ကြလို့ပါ။ဒါကြောင့် ရေသောက် တာနဲ့ နှလုံးရောဂါ
ဘယ်လိုဆက်စပ်နေသလဲ ဆိုတာ ဆက်ဖတ်ကြည့်ကြပါ။
ညမအိပ်ခင်
ရေများများသောက်မိရင် ဘာကြောင့် သေးမကြာခဏ ထပြီးပေါက်ရသလဲ။ နေ့အခါမှာ ကမ္ဘာ့ ဆွဲငင်အား
သက်ရောက်မှုကြောင့် ကျနော်တို့ ကိုယ်ခန္ဒာတွင်းရှိ ရေတွေ အောက်ပိုင်းမှာ သွားပြီး စုစည်း
နေတတ်ပါတယ်။ညပိုင်း လဲလျောင်းအိပ်စက်ချိန်မှာတော့ ကျောက်ကပ်နဲ့ အခြားကိုယ်ခန္ဒာ အစိတ်ပိုင်း
အားလုံး တပြေးညီတည်းရှိနေကြပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းထက်ပြီး အညစ်ကြေးတွေကို
ပိုစွန့်ပြစ်လို့ ညဖက်မှာ လူတွေ ခဏခဏ သေးထပေါက်ကြရတဲ့
သဘောပါပဲ။
ရေပိုသောက်မယ်ဆိုရင်
ကိုယ်တွင်းအညစ်ကြေးတွေပို စွန့်ထုတ်ပြစ်နိုင်လို့တော့ လူအများစုက ယေဘူယျ အားဖြင့် လက္ခံနားလည်ယုံကြည်
ထားကြပါတယ်။
ဒါပေမယ့်
ရေသောက်တဲ့အခါ သောက်တဲ့အချိန်ကို လိုက်ပြီး ကျမ္မာရေးအတွက် အကျိုးအာနိသင် ရှိပုံခြင်း
ကွာခြား ချက်တွေကိုလည်း သိထားဖို့လိုအပ်ပါသေးတယ်။
ကိုယ်တွင်းအင်္ဂါတွေ
အထောက်ကူပြုဖို့ဆိုရင် မနက်အိပ်ယာက ထပြီးတာနဲ့ ရေ (၂) ခွက်သောက်ပါ။
အစာမစားမီ
ရေဖန်ခွက် တခွက်ကိုသောက်မယ်ဆိုရင် အစာကြေညက်စေပါမည်။
ရေမချိုးမီ
ရေဖန်တခွက် ကြိုတင်သောက်ခြင်းဖြင့် သွေးတိုးတက်တာကို လျော့ကျစေနိုင်ပါတယ်။
အိပ်ယာမ၀င်ခင်
ရေတခွက် သောက်မယ်ဆိုရင် နှလုံးဖေါက်ပြန်ခြင်းကို ကာကွယ်ပေးပါတယ်။
ပြီးတော့
အိပ်နေတုံး ခြေသလုံး ကြွက်တက်တာတွေ မဖြစ်စေဖို့လည်း ညအိပ်ယာဝင်ခါနီးမှာ ရေသောက်ကြ ဖို့လိုပါတယ်။
ကမ္ဘာကျော်
Mayo ဆေးခန်းက Dr Virend Somer အဆိုအရ နှလုံးရောဂါဖေါက်တဲ့ ကိစ္စတွေအများစုဟာ အထူးသဖြင့်
နေ့ပိုင်းအချိန်တွေ(မနက် ၆ နာရီမှ နေ့လည်ပိုင်းအတွင်း)မှာ ဖြစ်ပွားလေ့ ရှိတယ်လို့ ဆိုပါတယ်။
ညပိုင်းသောက်တဲ့ ရေတခွက်ကြောင့် နှလုံးကိုပိုအနားရပြီး အားရှိစေပါလိမ့်မယ်။တနေ့တကြိမ်
အက်စပရင် Aspirin သောက်နေရတဲ့ နှလုံးသမားတွေလည်း ညအိပ်ချိန် ကျမှ ဆေးသောက်သင့်ကြ ပါတယ်။လူ့ခန္ဒာကိုယ်အတွင်းမှာ
ဆေးအာနိသင်ဟာ ၂၄ နာရီ ကြာရှိနေမှာမို့ မနက်စောပိုင်း/
နေ့လည်ပိုင်းချိန် ဖြစ်တတ်တဲ့ နှလုံးဖေါက်ပြန်မှုများ ကိုဟနှ့်တားပေးနိုင်ပါလိမ့်မယ်။
By-------W L 4 ( Youth For Future Inlay)
No comments:
Post a Comment