HOME

Wednesday, January 8, 2014

အဟာရ နဲ့ အန္တရယ် ရွှေးချယ်ကြရအောင်


                        မျိုးဗီဇပြောင်း သီးနှံ ရှောင်ကြဉ် လိုသူတွေအတွက်

  
"/>

မြန်မာ့ကျေးလက်က ပြည်သူတွေ နေ့စဉ်စားသုံးနေကြတဲ့ သီးနှံနဲ့ဟင်းသီးဟင်းရွက် အများ စုဟာ ဒေသန္တရ ထွက်ကုန် တို့သာဖြစ်ကြလို့ ကျမ္မာရေး အန္တရယ်ရှိဖွယ် သိပ်မမြင်တွေ့ ရပါဘူး။ဒါပေမယ့် မြို့ပြတွေမှာ နေထိုင်ကြသူတိုင်း မျိုးဗီဇပြောင်း စားသုံးကုန်တချို့နဲ့ လုံးဝကင်းလွတ် လို့မရနိုင်ပါ။အထူးသဖြင့် ကုန်တိုက်ကြီး တွေ ပေါ်ရောက်လာတဲ့ ပြည်တွင်းပြည်ပ ထုတ်သီးနှံတွေပါ။  တံဆိပ်လှလှ ပါကင်လှလှလေး တွေနဲ့မို့လည်း လူတိုင်းအတွက် စားချင့်စဖွယ်ပါ။

ဒီကနေ့ကမ္ဘာရဲ့ စားသောက်ကုန် အမယ်စုံဟာ မျိုးဗီဇပြောင်းတွေ သာ ဖြစ်ကြပါတယ်။ သီးနှံ ပင်စည်ထဲ ဆေးထိုး ထည့်တာ သို့မဟုတ် ဓါတုဆေးဝါးတွေ ပိုးသတ်ဆေးတွေ နဲ့ ပြုပြင်သီးပွုင့်ခိုင်းတဲ့ နည်းပေါင်းစုံသုံးပြီး ဈေးကွက် ထဲ ရောက်လာခဲ့ကြတာပါ။

ဒါကြောင့်မို့ မျိုးဗီဇပြောင်းသီးနှံတွေကို ရှောင်ပြီး စားသုံးနိုင်တဲ့ နည်းတချို့ကို ဖေါ်ပြပေးလိုပါတယ်။

၁။ပိုးသတ်ဆေး နဲ့ ဓါတုမြေသြဇာ တွေမပါဘဲ သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ သီးနှံတွေကိုပဲ ရွှေးချယ်စား သုံးကြပါ။


 
"/>


၂။တကယ်လို့ ကုန်တိုက်ကြီးတွေပေါ်က သီးနှံတွေဟာ မျိုးဗီဇပြောင်း သီးနှံဟုတ်မဟုတ် ခွဲခြားပြီး ၀ယ်ယူ စားသုံး လိုကြသူတွေအတွက်တော့ ကိုယ်ဝယ်တဲ့သီးနှံတိုင်းမှာ တံဆိပ်နဲ့ ပူးတွဲကပ်ထားတဲ့ ဘားကုဒ်တွေ ကို သာကြည့်လိုက်ပါ ။ အထူးသဖြင့် ဂဏန်း ၄-၅ လုံးလောက်ပါတတ်ပါတယ်။ဒီဂဏန်းတွေရဲ့ အစမှာ ၉ ဂဏန်းဆို ရင် ဒါဟာ လုံးဝကို မျိုးဗီဇပြောင်း အရောအနှောမပါ သဘာဝသီးနှံစစ်စစ်ပါ။ ၄-၈ ဂဏန်းတွေနဲ့ စထားတဲ့ ဘားကုဒ်ပါ သီးနှံမျိုးတွေကတော့ မျိုးဗီဇပြောင်းတွေသက်သက်ပါပဲ။

၃။ တိုက်ရိုက်မဟုတ်တဲ့ အင်အော်ဂဲနစ် နည်းဖြင့် မျိုးဗီဇ အခါခါပြန် မြင့်ထားတဲ့ ပဲပိစပ်၊ ပြောင်း ၊သကြား မုံလာ ၊သင်္ဘောသီး တို့လိုမျိုး သီးနှံနဲ့ ထုတ်ကုန်တွေမှာတော့  မျိုးဗီဇ ခွဲခြားဖေါ်ပြ ထားတဲ့ ဘားကုဒ်တွေ မပါရှိတတ် ပါဘူး ။

 
"/>



၎။သေချာတာကတော့ မျိုးဗီဇပြောင်း မဟုတ်တဲ့ သဘာဝ စစ်စစ်သီးနှံ အရောင်းဆိုင်တွေကို ရွှေးချယ်ပြီး ၀ယ်ယူခြင်းပါပဲ။မြောက်အမေရိက နိုင်ငံတချို့မှာတော့ ဒီလို သဘာဝသီးနှံထွက်ကုန်တွေ ၀ယ်ယူဖို့ရာ အားပေးပြီး စားသုံးသူတွေအတွက် စိတ်ချလုံခြုံမှု ရှိအောင် မျိုးဗီဇပြောင်း ဟုတ်မဟုတ် စမ်းသပ်ပေးနေတဲ့ အကျိုးမြတ်မယူ လူမှုအဖွဲ့အစည်းတွေ ပရိုဂျက်စီမံကိန်းတွေ ရှိနေကြပါပြီ ။

၅။အမြောက်များထွက်အောင်နဲ့ စနစ်တကျ ထုတ်လုပ်တင်ပို့ကြတဲ့ ကုန်ပစ္စည်း အများစု (၇၀%)လောက်ဟာ မျိုးဗီဇမြှင့်စေတဲ့ ဓါတုအရောပစ္စည်းတွေကို သုံးကြတာပါပဲ။ ၂ထပ်စည်း ကာဗွန်   မော်လီကျူး နဲ့ပေါင်းစပ်ထားပြီး လူ့နှလုံးကို ဒုက္ခပေးနိုင်တဲ့ အဆီဓါတ်( trans-fats ) တွေ ၊ကင် ဆာရောဂါ ဖိုမျိုးမအောင်မှု နဲ့အခြား ရောဂါတချိုကို ဖြစ်ပွားစေတဲ့ (acrylamide )ဆိုတဲ့ ဓါတုပစ္စည်း များပါဝင်နေတတ်ပါတယ်။

 
"/>



၆။ မသေချာရင်မေးပါ
ကုန်တိုက်ကြီးတွေပေါ်က သင်ဝယ်ယူလိုတဲ့ စားသောက်ကုန်ဟာ မျိုးရိုးဗီဇပြောင်း ဟုတ်မဟုတ် မသဲကွဲဘူး ဆိုရင်  မန်နေဂျာထံ တိုက်ရိုက်မေးမြန်းပါ။ သီးနှံနဲ့ စားသောက်ကုန်တွေပေါ်မှာ အမှတ်တံဆိပ်နဲ့ မျိုးဗီဇ ဘားကုဒ်တွေ ထည့်သွင်းမထားဘူးဆိုရင်လည်း ဆိုင်ရာကုမ္မဏီဆီကို ချက်ခြင်း မေးမြန်းကြည့် လိုက်ပါ။ တုံ့ဆိုင်းလို့မနေပါနဲ့ ဒါဟာ စားသုံးသူ တိုင်းရဲ့ အခွင့်အရေးပါ။

၇။ သကြားအတု (ဆေးသကြား) ပါဝင်တဲ့ စားသောက်ကုန်များ
ဆေးသကြား ပါဝင်တဲ့ စားသောက်ကုန် အမယ်တချို့ဟာ ကယ်လိုရီပမာဏ နည်းအောင် မျိုးဗီဇပြောင်းလဲ ထားတာပါ။ ဒီကနေ့ခေတ် စားသောက်ကုန်ပစ္စည်း မျိုးစုံမှာပါဝင်တဲ့ aspertame (သို့) Nutra-sweet တို့ လိုဆေးသကြား အများစုဟာ အနုဇီဝပိုးမွှားအကူညီဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး လူသားတို့ အတွက် ဘေးထွက် ဆိုးကျိုး အန္တရယ် သိပ်မရှိပါဘူး။


                                                               By--------- W L 4 ( Youth For Future Inlay )

No comments:

Post a Comment