အင်ဒိုနီးရှားက လောင်စာဆီ ဂယက်

အင်ဒိုနီးရှားက လူလတ်တန်းစားနဲ့ ချမ်းသားတဲ့သူတွေ အသုံးများတဲ့ LPG ဓါတ်ငွေ့လောင်စာ ဈေးနှုံးတွေ လတ်တလော မြင့်တက်လာတဲ့ ပြသနာကြောင့် အင်ဒိုအစိုးရ ခေါင်းခဲရပါတော့တယ်။နိုင်ငံပိုင် ရေနံ သဘာဝဓါတ်ငွေ့ကုမ္မဏီ Pertamina က ဇန္တွဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့) နေ့ကစပြီး သဘာဝဓါတ်ငွေ့ရည်
L P G ဈေးနှုံး ကို တစ်လီတာ မှာ တဒေါ်လာနီးပါး($0.80 per kilogram) ထပ်မံတိုးမြင့်လိုက်လို့ပါ။ အထူးသဖြင့် ၃ ကီလိုဝင် ဓါတ်ငွေ့အိုးတွေ ထက် ၁၂ ကီလိုဝင်ဓါတ်ငွေ့ရည်အိုးတွေကို ဈေးတက်သွားလို့ သုံးစွဲကြသူ အလယ်လတ်လူတန်းစား အများစု မခံမရပ်နိုင်ဖြစ်လာစေမှာမို့ပါ။
နကိုမူရင်းဈေး ရူပီး ၇သောင်းကျော်ကနေ လက်ရှိ ရူပီး တစ်သိန်းတစ်သောင်းကျော် ဈေးဖြစ်လာသလို ဈေးကွက်ထဲက တချို့နေရာတွေမှာတော့ ရူပီး တစ်သိန်းလေးသောင်းမို့ (မူရင်းဈေး ရဲ့ နှစ်ဆ )နီးပါး အထိမြင့်တက် လာခဲ့ပါပြီ။( 1 US $ = 12114 Indonesian Rupiah)
ဒါကြောင့်မို့ ဘဏ္ဏာရေး ဒုဝန်ကြီး Mr Bambang P S Brodjonegoro ကနေပြီး နိုင်ငံတော်ပိုင် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ကုမ္မဏီ ဖြစ်တဲ့ Pertamina ကုမ္မဏီကို LPG လက်လီရောင်းချဈေးတွေကို နကိုအတိုင်း တည်ငြိမ်အောင် ကြိုးစားပေးဖို့ ဇန်(၃) သောကြာနေ့မှာ အကြောင်းကြားပါတယ်။

Pertamina ကုမ္မဏီဖက်ကတော့ သူတို့အနေနဲ့ တကယ့်ဆင်းရဲသားတွေသုံးနေတဲ့ ၃ ကီလိုဝင် ဓါတ်ငွေ့ရည်ဈေးနှုံးကို မတိုးပဲ လူလတ်တန်းစားနဲ့ ချမ်းသာသူတွေ သုံးတဲ့ ၁၂ ကီလိုဝင် အိုးတွေကိုသာ တိုးမြှင့်တာဖြစ်ကြောင်း ၊ဓါတ်ငွေ့ထုတ်လုပ်စရိပ်နဲ့ အင်ဒိုရူပီးငွေဈေး ကျဆင်းနေတာတွေကြောင့်မို့ အခုလို ဈေးတက်ရပါကြောင်း ပြန်လည်ထုချေပါတယ်။
နိုင်ငံတော်အစိုးရနဲ့ အစိုးရပိုင် ကုမ္မဏီကြားက ပြသနာဟာ ဒီအဆင့်လောက်နဲ့ ညှိနှိုင်း ပြီးပြတ်မသွား ပါဘူး။ဒါကြောင့်လည်း အင်ဒိုသမ္မတ Susilo Bambang Yudhoyono ကိုယ်တိုင် အရှေ့ဂျာဗါး ခရီးစဉ်က ပြန်အလာ ဇန်(၅)ရက် တနင်္ဂနွေနေ့ ကက်ဘိနက်အစည်းဝေးခေါ်ပြီး ၂၄ နာရီအတွင်း ဒီကိစ္စကို ကုမ္မဏီဖက်က ဥပဒေ လုပ်ထုံးများ နဲ့အညီ ပြန်လည်သုံးသပ်ပေးဖို့ ညွှန်ကြားရပါတော့တယ်။
လောလောဆယ် အဆင်မြင့် စာရင်းစစ်အေဂျင်စီ BPK ရဲ့ထောက်ခံချက်နဲ့ ပြည်တွင်းသုံးဖို့ LPG ဓါတ်ငွေ့ရည် ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းမှာ ကုမ္မဏီအနေနဲ့ နှစ်စဉ် ရူပီးငွေ ၇.၇ တြီလီယံလောက် ရှုံးရကြောင်း စောဒက တက်ပြထားပါတယ်။

အင်ဒိုနီးရှားနဲ့ Pertamina ကုမ္မဏီဆိုတာက
၁၉၅၇ ခုနှစ် ဒတ်ခ်ျ ပိုင်ရေနံလုပ်ငန်းကို အစိုးရက ပြည်သူပိုင်သိမ်းပြီး စစ်တပ်က ချယ်လှယ်လုပ်ကိုင်ခဲ့တဲ့ ကုမ္မဏီတခုဖြစ်လာခဲ့တာပါ။စစ်တပ်က ဒုဗိုလ်ချုပ်ကြီး Ibnu Sutwo ကိုယ်တိုင် ဦးစီးခဲ့ပါတယ်။၁၉၇၃ ခုနှစ်တုံးက အင်ဒိုနီးရှား ရေနံလုပ်ငန်းရဲ့ ထုတ်ကုန် ၂၈.၂%ကို ထုတ်လုပ်နိုင်ခဲ့သလို Caltex ကုမ္မဏီပြီးရင် ဒုတိယအကြီးဆုံး ရေနံကုမ္မဏီကြီး အဆင့်သို့ ရောက်ရှိလာခဲ့ပါတယ်။၂၀၁၃ခုနှစ် ထုတ် Fortune Global 500 စာရင်းများအရ ရင်းနှီးမြှုပ်နှံမှု ၇၀.၉ ဘီလီယံဒေါ်လာ နဲ့ ကမ္ဘာ့အဆင့် ၁၂၂ ရှိ ကုမ္မဏီ တခု ဖြစ်လာခဲ့ပါတယ်။ရေနံလုပ်ငန်းအပြင် ရေနံချက်စက်ရုံများ၊ရေနံတင်ပို့ဆိပ်ကမ်းများ၊ရေနံတင် သင်္ဘောကြီး ၁၁၆ စီး။ လေယဉ်လိုင်းများ အပြင် ဘိလပ်မြေ-မြေသြဇာ စက်ရုံများ၊ သဘာဝဓါတ်ငွေ့ရည် စက်ရုံများ ။စတီးလုပ်ငန်း၊ အိမ်ခြံမြေ-စပါးလုပ်ငန်းများနဲ့ ဆက်သွယ်ရေး လုပ်ငန်းစုံမှာပါ ပါဝင်မြှုပ်နှံပြီး လုပ်ကိုင် နေ တာပါ။
ခုတော့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်ပိုင်လို့ အမည်တပ်ထားပြီး စစ်တပ်ချယ်လှယ်နေတဲ့ အခွင့်ထူးခံ စီးပွားရေးအုပ်စုတို့ရဲ့ ပဋိပက္ခကြားမှာ အင်ဒိုနီးရှားပြည်သူတွေ ဘယ်လောက် သည်းခံနေနိုင်ကြမလဲ ကိုသာ စောင့်ကြည့်ကြဖို့ပဲ ကျန်ပါတော့တယ်။
From----- The Jakarta Globe
By-------- W L 4 (Youth For Future Inlay )
No comments:
Post a Comment