သင်မသိသေးတဲ့
အိမ်မက် (၈) မျိုးအကြောင်း

အိမ်မက်ဆိုတာ မသိစိတ်ရဲ့ဖေါ်ပြချက်များသာဖြစ်သလို
ပြီးပြည့်စုံတဲ့ ရောက်တတ်ရာရာ ရည်မှန်းချက်မဲ့ ကိစ္စတချို့လည်း ဖြစ်နိုင်ပါသေးတယ်။ညစဉ်ညတိုင်း
လူသားတွေအဖို့ အိမ်မက် ၃ ခုကနေ ၇ ခုအထိ မြင်မက်လေ့ရှိပါတယ်။ ညအိပ်ချိန် ထဲက ၂ နာရီ
ကနေ ၃ နာရီလောက်အထိ အိမ်မက်တွေ မြင်မက်ကြပါတယ်။ဒါပေမယ့်
မြင်မက်ပြီးတဲ့ အိမ်မက် ၉၀% လောက်ဟာ အိပ်ယာက ထလာတာနဲ့ တပြိုင်နက် မေ့ပျောက်သွားတတ်ပြန်ပါတယ်။ဟောက်တတ်သူတွေ
အဖို့ ဟောက်ခြင်း နဲ့ အိမ်မက်မက်ခြင်း ကို တပြိုင်နက်ထဲ လုပ်လို့မရနိုင်ပါဘူး ။ ဟောက်ရင်း
အိမ်မက်မမက်တဲ့သဘောပါ။
အိမ်မက်နဲ့ ပါတ်သက်ပြီး အပျော်တမ်း
လေ့လာထားချက်တချို့ကတော့
၁။
အိမ်မက်ထဲမှာ လူစိမ်း သူစိမ်း တယောက်မှမပါ

ကျနော်တို့ မမှတ်မိ ပြန်စဉ်းစားလို့မရတာတောင် အိမ်မက်ထဲမှာ မက်တဲ့သူတွေဟာ ကျနော်တို့ တွေ့ဖူးနေကျ
မြင်နေ ကျသူတွေ ဒါမှမဟုတ် အရင်မြင်တွေ့ခဲ့ဖူးပြီးသား သူတွေသာဖြစ်ကြပါတယ်။သင့်ဘ၀ထဲ အကျိုးသက်ရောက်မှု
ကြီးကြီး မားမား မပြုခဲ့သူတွေ ကို အိမ်မက်ထဲ မမက်နိုင်ပါ။တွေ့ဆုံခဲ့သူတွေရဲ့ ပုံရိပ်နဲ့စရိုက်လက္ခဏာတွေ
ကျနော်တို့ရဲ့ မသိစိတ် ထဲစွဲထွင် ကျန်ရစ်ပြီး အိမ်မက်အဖြစ်ပြန်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။
၂။
မှားယွင်းတဲ့ အိပ်တ၀က် နိုးတ၀က်
ဒီ နိုး-အိပ် အနေအထားလေးမှာ
အိမ်မက်မက်တတ်ကြတာပါ။ဒါကို ထောက်ကူပေးတဲ့ ကြွက်သားတွေ တုံ့ဆိုင်းနေခဲ့ရင် အိမ်မက်ဖို့မဖြစ်နိုင်သလို
အိမ်မက်ဆိုးတွေက နိုးထလာခဲ့ရင်လည်း ဒီကြွက်သားတွေဟာ
နကိုပုံမှန် အလုပ်ပြန် လုပ်နိုင်ကြဖို့ မိနစ်အနည်းငယ်လောက် အချိန်ယူရပါတယ်။
၃။
စိတ်ခံစားမှု နဲ့ သင်္ကေတများ
အိမ်မက်တွေထဲက စိတ်ခံစားမှုအများစုဟာ
စိုးရိမ်ထိတ်လန့်တာတွေပဲဖြစ်ပါတယ်။ အကောင်းဖက်နွယ်တဲ့ အိမ်မက် တွေနဲ့စာရင် အပျက်သဘောကို
ဆောင်တဲ့အိမ်မက်တွေကို ပိုပြီးမက်တတ်ကြပါတယ်။အိမ်မက်တိုင်းဟာ သင်္ကေတ တွေပါ ပဲ။ရိုးရှင်းတဲ့
ရောက်တတ်ရာရာ အိမ်မက်လေးတခုရဲ့ နောက်ကွယ်မှာတောင် သင်္ကေတ တခုခုကို ဖေါ်ပြလို့နေမှာပါ။
၎။
စိတ်ကြည်နူးဖွယ်ရာ အိမ်မက်များ
ဒါမျိုးက အဖြစ်မှန်ကို ကိုယ်စားပြုတဲ့အိမ်မက်မျိုးဖြစ်သလို
သင်အိပ်ပျော်ပြီး အိမ်မက်မက်နေတဲ့အချိန်မှာတောင် ဒီအိမ်မက် အကြောင်းကို သင်ကောင်းကောင်း
သိရှိ နားလည်နေမှာပါပဲ။ တခါတရံမှာ အိမ်မက်ထဲက တချို့ကောင်းတဲ့ အပိုင်းလေး တွေကို သင်ကိုယ်တိုင်
သိသိကြီးနဲ့ ထိန်းချုပ် ဆက်မက်နေနိုင်ပါသေးတယ်။
၅။
ဆန္ဒဖြေဖျောက်မှု အိမ်မက်များ
ဒီလိုအိမ်မက်မျိုးတွေကို
ကျား /မ ဆန္ဒပြေပျောက်ဖို့ရာအတွက် မြင်မက်တတ်ပါတယ်။ ဒီလိုအိမ်မက်မျိုးကို
မြင်မက်လို့ပဲဖြစ်ဖြစ် မမြင်မက်ဘဲဖြစ်ဖြစ်
ယောင်္ကျားတွေကတော့ အိပ်မပျော်မီ နိုးတ၀က် အနေအထားမျိုးမှာတင် လိင်စိတ်ကြွလာတတ်ပါတယ်။အမျိုးသမီးတွေမှာတော့
လိင်ဖြေဖျောက်တဲ့ အိမ်မက်တွေကြောင့် ဆန္ဒနိုးကြား မှုရရှိကြပါ တယ်။
၆။ ယောင်္ကျား- မိမ္မ အိမ်မက်များ
ထူးထူးဆန်းဆန်းအိမ်မက်တွေ၊
လိင် ဆက်ဆံတဲ့အိမ်မက်တွေ ၊အောင်မြင်တဲ့အိမ်မက်မျိုးတွေနဲ့ အိမ်ပြင်က အကြောင်း ကိစ္စများကိုတော့
ယောင်္ကျားတွေသာ အထူးသဖြင့် မြင်မက်လေ့ရှိပါတယ်။
ထူးခြား စရိုက်လက္ခဏာတွေနဲ့
နည်းနည်းလေး ပေပိုရှည်လျားတဲ့ အိမ်မက်မျိုးတွေလို အိမ်မက်များစွာကို အမျိုးသမီး တွေမှာ
မြင်မက်လေ့ ရှိတတ်ပါတယ်။အမျိုးသမီးတွေရဲ့ အိမ်မက်အများစုဟာ သားသမီးတွေ၊ မိသားစု နဲ့ အိမ်ထောင် ပရိဘောဂ အိမ်သုံး ပစ္စည်းများနဲ့
ဆက်နွယ်နေတဲ့ အိမ်မက်တွေသာ ဖြစ်ပါတယ်။
၇။
ရှေ့ဖြစ် အိမ်မက်များ
ပြန်လည် ဖေါ်ပြနိုင်တာပဲဖြစ်ဖြစ်
မဖေါ်ပြနိုင်ရင်ပဲဖြစ်ဖြစ် ကျနော်တို့မသိစိတ်ထဲက
ထိတ်လန့်မှုတွေနဲ့ အနီးစပ်ဆုံး မျှော်လင့်ချက်တွေလို အချက်အလက်တွေကို အခြေခံပြီး
အမှန်ဖေါ်ပြပေးတာဖြစ်လို့ အိမ်မက်တွေဟာ သင့်အနာဂါတ် ဟောကိန်းနဲ့ သက်ဆိုင်နေတဲ့ စိတ်တွင်း အာရုံခံစားမှုတချို့ ကို အိမ်မက်တွေက
သင့်ကို ခံစားစေ မှာပါ ။
၈။
ရက်စက်ကြမ်းကြုတ် တဲ့အိမ်မက်
တခါတရံ အိမ်မက်မက်သူတွေကို အိမ်မက်မက်နေရင်း ကန်ကျောက် အော်ဟစ်ကြုံးဝါး တဲ့အပြုအမူတွေပါ
ဖြစ်စေ တတ်လို့ ဒါကို ကြမ်းကြုတ် အိမ်မက်ဆိုးများလို့ လူတွေသိကြပါတယ်။စူးစမ်းလေ့လာမှုတွေအရ
ပါကင်ဆန်ရောဂါများ အပါအ၀င် ဦးနှောက်တုံ့ပြန်မူမမှန်တဲ့ရောဂါ နဲ့ ရူးသွပ်ခြင်းတို့လို့
ရောဂါအပေါင်းရဲ့ ရှေ့ပြေးလက္ခဏာမှာ ရက်စက်ကြမ်းကြုတ် တဲ့ အိမ်မက်တွေကို မက်လေ့ရှိတတ်ကြပါတယ်။
By-------- W L 4 ( Youth For Future Inlay )
From----------------------------http://positivemed.com/2013/07/11/really-cool-facts-about-dreams/
No comments:
Post a Comment