HOME

Saturday, January 11, 2014

စဉ်းစားတတ်ကြမယ်ဆိုရင်

                   အချက်အလက် ရှိပါလျှက် အခြေမဲ့အောင်သာ


      

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားမြို့ကြီးမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ၁၀၀၀ မီဂါဝပ် လျပ်စစ်စွမ်းအင် သုံးဖို့ အနည်းဆုံး နှစ်၃၀ လောက်အချိန်ယူခဲ့ရပါတယ်။ဒီနောက် ၂၀၁၃ ခုနှစ် တခုတည်းမှာကို လျပ်စစ် ဆိုလာပြား ၂၀၀၀ မီဂါဝပ်အထိ ထပ်တိုးတပ်ဆင်သုံးစွဲလာနိုင်ခဲ့ကြလို့ ဆိုလာ လျပ်စစ်စွမ်းအင် အရာမှာတော့ ကာလီဖိုးနီးယားဟာ အမေရိကန်နိုင်ငံရဲ့ ခေတ်ရှေ့ဆောင်မြို့ကြီး တမြို့ဖြစ်လာ ခဲ့ပါပြီ။ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြို့ပေါ်က အိမ်ပေါင်း ၂ သိန်းလောက်ရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ ဆိုလာလျပ်စစ် စွမ်းအင်တွေကို တပ်ဆင်နိုင်ခဲ့ပါတယ်။  လျပ်စစ်စွမ်းအင် ၃၀၀၀ မီဂါဝပ်အထိ ဆိုလာစွမ်းအင်ကို ပြောင်းလဲ အသုံးပြုနိုင် မယ်ဆိုရင် ကျောက်မီးသွေး လောင်စာသုံး လျပ်စစ် စက်ရံ ၄-၅ ရုံလောက်ကို အစားထိုးပြီး ပိတ်ပြစ် လိုက်လို့ ရပါတယ်။ လက်ရှိ အရှိန်အဟုန် အတိုင်း ရှေ့ ဆက်လုပ်မယ်ဆိုရင် လာမယ့် ၂၀၁၄ ခုနှစ်မှာ မီဂါဝပ် ၅၀၀၀ အထိ သုံးစွဲနိုင်ပါလိမ့်မယ်။ နကိုရည်မှန်းထားတဲ့  ၂၀၁၆ ခုနှစ် မီဂါဝပ် ၃၀၀၀ အထိဖြစ်လာရေးနဲ့ အိမ်ပေါင်း တစ်သန်း မှာ ဆိုလာပြားအိမ်ခေါင်မိုး တပ်ဆင်ရေး စီမံကိန်းကိုလည်း မကြာခင်ပြည့်မီစေတော့မှာပါ။

 

နှိုင်းယှဉ်လေ့လာထားချက်တွေအရ လွန်ခဲ့တဲ့ ဆယ်စုနှစ် တချို့အတွင်း ဆိုလာတပ်ဆင်သုံးစွဲလို့ လျပ်စစ် တယူနစ် ၁၉၇၇ ခုနှစ်မှာ ၇၆.၆ ဒေါ်လာကုန်ကျခဲ့ရာကနေ အခု၂၀၁၃ ခုနှစ်မှာ လျပ်စစ်တယူနစ်အတွက် တဒေါ်လာတောင်မကုန်ကျတော့ပါဘူး(လျပ်စစ်တယူနစ်  ၀.၇၄ ဒေါ်လာနှုံးပါ)။
တဖက်ကလည်း ဆိုလာလျပ်စစ် နဲ့ သဘ၀ ဓါတ်ငွေ့လောင်စာ တို့ကြား ထုတ်လုပ် ကုန်ကျမှု အချိုး စားတွေက နကို(၁၉၈၀ ခုနှစ်လောက်က ထပ်တူနီးပါးရှိခဲ့ရာက ၂၀၁၂ ခုနှစ်မှာ ဆိုလာလျပ်စစ် ထုတ်လုပ်မှုဂဏ္ဍက သဘာဝ လောင်စာ အသုံးပြုတာထက် ၂ ဆ နီးပါးမျှ သက်သာလာခဲ့ပါပြီ။
ဆိုလာလျပ်စစ် ထုတ်လုပ်မှုနဲ့ တပ်ဆင်သုံးစွဲလို့ ကုန်ကျစရိပ် သက်သာမှုပိုရှိလာနေတဲ့အချက်တွေက လည်း သုံးစွဲသူတွေ ဆက်တိုးများလာစေတာပါ။
သဘာ၀၀န်းကျင်ထိခိုက်မှုနဲ့ လူထုအကျိုးကို ကြည့်တတ်တဲ့ အမေရိကန် ကာလီဖိုးနီးယား အုပ်ချုပ်သူတွေက အဲဒီလို ကျောက်မီးသွေးလောင်စာလျပ်စစ် သဘာဝဓါတ်ငွေ့လျပ်စစ်တွေအစား ဆိုလာလျပ်စစ် ခေါင်မိုးတွေနဲ့ ကာလီဖိုးနီးယား မြို့ကြီးကို အလှဆင်နေကြချိန်မှာ ကျနော်တို့မြန်မာအပါ အရှေ့တောင် အာရှဒေသမှာ ဒါတွေနဲ့ ပြောင်းပြန် လုပ်နေကြသလိုမျိုး ခံစားမိပါတယ်။


       

လာမယ့် ၂၀၃၅ ခုနှစ် အရောက်မှာ အရှေ့တောင်အာရှ ဒေသအတွက် အနာဂါတ်စွမ်းအင် လိုအပ် ချက်ပြည့်မီစေဖို့ အမေရိကန် ဒေါ်လာ သန်း (၄၄၀ ) ဖိုး သုံးစွဲကြရပါလိမ့်မယ်။ သဘာဝ ဓါတ်ငွေ့ စွမ်းအင်နဲ့  ဖြည့်တင်းပေးနိုင်တာက လိုအပ်ချက်ရဲ့ ၂၈ %လောက်သာရှိပါတယ်။ နှိုင်းယှဉ်ကြည့်ရင် လည်း သဘာဝ ဓါတ်ငွေ့လောင်စာဟာ ကျောက်မီးသွေ စွမ်းအင်ထက်ကို ၄၄ %လာက် ငွေပိုကုန်ကျစေ ပါတယ်။ ဒါကြောင့် လျပ်စစ်လိုအပ်ချက်ရဲ့  ၄၀ % လောက်ကို ကျောက်မီးသွေး စွမ်းအင် ထုတ်လုပ်ရမှာ မို့လည်း ဒေသတွင်း ကျောက်မီးသွေးတွင်းတွေ ပိုပြီးများလာဖွယ် တနည်းအားဖြင့် ကျောက်မီးသွေး ပိုထုတ်လာဖွယ်ရှိတဲ့ အနေထားပါ။လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကျောက်မီးသွေး ဈေးနှုံးတွေက သဘာဝ ဓါတ်ငွေ့ထက်ကို ၃၀% လောက် ဆက်ပြီး သက်သာလို့နေပါဦးမယ်။
ဒီလိုအနေအထားအောက်မှာ မြန်မာနိုင်ငံအတွက် ကျောက်မီးသွေး စက်ရုံတွေ ပိုတည်ဆောက်ဖို့အခြေ ဆိုက်လာခဲ့ပါပြီ။ အိန္ဒိယ နဲ့ စင်္ကာပူတို့က လည်း ကျောက်မီးသွေးလျပ်စစ်စက်ရုံတွေ တည်ဆောက်ဖို့ လာရောက်မြှုပ်နှံရေး စိုင်းပြင်းနေကြကြောင်း ၊ ရန်ကုန်-ကျောက်တန်း ဖက်မှာ အိန္ဒိယ တာတာကုမ္မဏီရဲ့ ၅၀၀ မီဂါဝပ် ကျောက်မီးသွေး လောင်စာစက်ရုံတခု ။ နောက် ဧရာဝတီတိုင်း  အခြားစက်ရုံတခု တို့ တည်ဆောက်ဖို့ ရှိတယ်လို့တရုပ်သတင်းတွေထဲမှာ ဖေါ်ပြထားပါတယ်။
ပုသိမ်မြို့ ငြုပ်ကောင်း အနီးမှာ အိန္ဒိယ တာတာကုမ္မဏီရဲ့  ၆၆၀ မီဂါဝပ် စက်ရုံ(ဒေါ်လာ ၁.၈သန်း ဖိုး) ဆောက်ဖို့ စာချုပ်ချုပ်ခဲ့ ပြီး ၂၀၂၀ မှာ စတင်ထုတ်လွှတ်နိုင်မှာ။လိုအပ်တဲ့  ကျောက်မီးသွေးကိုတော့ ပုသိမ် ရေနက်ဆိပ် ကနေတဆင့် အင်ဒိုနီးရှားနိုင်ငံ ဆီက တင်သွင်းဝယ်ယူမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားက နိုင်ငံပိုင် ကုမ္မဏီ PTBA(P T Bukit Asam)ကိုယ်တိုင်လည်း မြန်မာနိုင်ငံတွင်း 2x100  မီဂါဝပ် ပထမ ပရိုဂျက်အဖြစ် စက်ရုံတခု (ဒေါ်လာသန်း၃၂၀ ဖိုး)  နောက် 2x200 မီဂါဝပ်ထွက် ဒုတိယ ပရိုဂျက်တခု လုပ်ဖို့ကြိုးပမ်းလို့နေပါသေးတယ်။

   

မြန်မာနိုင်ငံမှာ  အင်းလေးကန်မှ ၁၃ မိုင်အကွာက မီဂါဝပ် ၁၂၀ ထွက် လုပ်ငန်းလည်ပါတ်နေတဲ့ တီကျစ် ကျောက်မီးသွေး စက်ရုံအပြင် ထားဝယ်ဖက်က ၄၀၀၀ မီဂါဝပ်ထွက်မယ့် စက်ရုံအပါ အ၀င် ကျောက်မီး သွေးစက်ရုံ ၃ ရုံကို ထပ်မံဆောက်ဖို့လည်း အလားအလာတွေ ရှိနေပါသေးတယ်။ တီကျစ် ကျောက်မီးသွေး စက်ရုံ စွန့််ပြစ်-ဘေးထွက် ပစ္စည်းတွေကြောင့် သဘာ၀၀န်းကျင်ကို ထိခိုက်စေလို့ ဒေသခံတွေ က  ကန်ကွက် နေကြရပါတယ်။
ကော့သောင် ဖက်က ပုဂ္ဂလိက ကုမ္မဏီတခုဖြစ်တဲ့ သန်ဖြိုးသူ ကုမ္မဏီရဲ့( ၈ ) မီဂါဝပ်ထွက်ပြီး ဒေသခံ လျပ်စစ်တယူနစ် ၄၅၀ ကျပ် နဲ့ပြန်ရောင်းပေးတဲ့ ကျောက်မီးသွေး စက်ရုံကိုတောင် ပိတ်ပြစ်ဖို့ လူထုကိုယ် တိုင် တောင်းဆိုနေတာကို တွေ့ရပါသေးတယ်။
၂၀၁၂ ခုနှစ်အတွင်း အီတာလျံ-ထိုင်းဖက်စပ် ထားဝယ်စီးပွားရေးဇုံမှာ မီဂါဝပ် ၄၀၀၀ ထွက် မယ့် ကျောက်မီးသွေးလောင်စာ စက်ရုံသည်လည်း ကန့်ကွက်မှုမျိုး စုံနဲ့ ရှေ့ဆက် ဖို့ခက် နောက် ဆုတ်တော့ရမယ့် အခြေအနေရှိပါတယ် ။ကျောက်မီးသွေး လောင်စာ စက်ရုံ သေးသေးလေးပဲ ဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် ပါတ်ဝန်းကျင် နဲ့အဆင်မပြေ ထိခိုက်မှုဖြစ်တတ်တာ မျိုးချဉ်းပါပဲ။
ကမ္ဘာပေါ်မှာ ကျောက်မီးသွေး လောင်စာ အသုံးများတဲ့ တရုပ်ပြည်မှာ အစိုးရကိုယ် တိုင် လေထုတွင်းညစ်ညမ်းမှု ထိပ်ဆုံး အဆင့်နဲ့  အသက်ရှူကြပ်နေ တဲ့ မြို့ပြတွေ ရဲ့ ပြသနာတွေ ကို ဖြေ ရှင်းနိုင်ဖို့ ကျောက်မီးသွေးသုံးတာကို လျော့ဖို့ စဉ်းစားနေရတဲ့ အခြေအနေကိုလည်း ကျနော်တို့ သင်ခန်းစာယူသင့်ပါတယ်။။မြန်မာအစိုးရ အတွက် ပြင်ပကမ္ဘာက ကိုယ့်ကိုအသိမှတ်ပြုရေးထက် တိုင်းပြည်နဲ့လူထုအကျိုးရှိမယ့်  ကောင်းတဲ့ အတွေ့ကြုံတွေ နည်းနာယူ လုပ်ဆောင်ဖို့ အရေး ပိုအာရုံစိုက်သင့်ပါပြီ။အပြကောင်းဖို့ထက် အလုပ်တွေကောင်းနေဖို့သာ အဓိကပါ။
လူထုရဲ့ သဘာ၀၀န်းကျင်အပေါ် အလေးထားလာတဲ့ တိမ်းညွတ်မှုကို ဂရုမစိုက်လို့ မဖြစ်တော့ တာကိုလည်း  အစိုးရတိုင်း နားလည်ကြဖို့လိုပါလိမ့်မယ်။
ဒါကြောင့်မို့ နောက်နောင် လျပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြေရှင်းရာမှာ မြန်မာအစိုးရ အနေနဲ့ သဘာဝ ထိခိုက်စေမယ့် နည်းလမ်းတွေသုံးပြီး ဆောင်ရွက်ဖို့ကြိုးပမ်းမှုတိုင်း လူထုရဲ့ ကန့်ကွက်တွန်းခြင်းခံရမှာ အသေချာပါ။

 

 ရေအား နဲ့ သဘာဝလောင်စာ စွမ်းအင်တွေသုံးပြီး လျပ်စစ် ပေါကြွယ်စွာ ထုတ်လုပ်လို့ ရနိုင်ပါလျှက်နဲ့ ဒီစွမ်းအင်တွေအားလုံး ပြည်ပရောင်းပြီး ကျောက်မီးသွေးလောင်စာ စက်ရုံတွေ ထူထောင်မယ်ဆိုရင်ဖြင့် အဲဒီလို မိုက်မဲတဲ့ စဉ်းစားမှုတွေကြောင့် တိုင်းပြည်ဒုက္ခရောက်ရတယ်လို့ပဲ ဆက်မှတ်ယူ ရတော့မယ်လို့ ထင်မိပါ ရဲ့။ဘယ်နှယ့်ဗျာ အချက်အလက်တွေ အပြည့်ရှိပါရက်နဲ့ တိုင်းပြည်ကို အခြေနေ မဲ့ ဖြစ်အောင်လုပ်ရတယ်လို့ ။

                                                             By----------  W L 4 (Youth For Future Inlay)