HOME

Monday, October 28, 2013

ဗေဒါရှင်းသူရဲကောင်းလေးများ,

 


                                         ဗေဒါ ရှင်း သူရဲကောင်းလေးများ

                            
ကမ္ဘာ့လုံးဆိုင်ရာ ပူနွေးလာမှုကြောင့် သဘာဝ ပါတ်ဝန်းကျင် အပူချိန်မြင့် တက်လာပြီး မိုးရေချိန် နည်းပါး လာခြင်း ၊ အင်းနံဘေး ပါတ်ဝန်းကျင်ဒေသ သစ်တောပြုန်းတီးမှု ကိစ္စတို့အပါအ၀င် အင်းလေး ကန် ကို ရေ ခမ်းခြောက်စေတဲ့ နောက်ထပ်ပြသနာ တရပ်ကတော့အင်းထဲမှာရေမှော်နှင့်ဗေဒါများ တစ်စတစ်စတိုးပွား လာ တာပဲဖြစ်ပါတယ်။နှစ်စဉ် အင်းလေးကန် ထဲကဗေဒါပင်များနဲ့ ကျွန်းမျောအဟောင်း တို့ကြောင့် ခရီး သွား လာမှု ခက်ခဲကြ တဲ့အပြင် ကန်ရေထု ကို ဗေဒါ၊ ကျွန်းမျောနဲ့ ရေမှော်တွေဝင် အစားထိုးပြီး နေ ရာယူထား တာမို့ ချောင်းငယ်(၂၉) ခုကနေ အင်းကြီးထဲစီးဝင်မယ့် မိုးရေတွေ အကုန်လုံးကို လက္ခံပြီး သိုေ လှာင် မထားနိုင်တော့ပါဘူး။ အင်းလေးကန် တောင်ဖက် ၁၆၀ ကီလိုမီတာ အကွာရှိ မိုးဗြဲဆည်ကြီးကနေပြီး လွှိုင်ကော်လောပိတ ရေအားလျပ်စစ် (၂၂၄မီဂါဝပ်)အတွက် လိုအပ်တဲ့ ရေပမာဏကို နေ့စဉ် ထုတ်ပေးနေ ရ တာကြောင့်လည်း ရေနည်းတဲ့အထဲ လောပိတပို့ဆိုသလိုမျိုး အင်းလေးကန် ထဲမှာ ရေခြောက်တဲ့ အဖြစ် မျိုးနဲ့  နှစ်ခြားရာကနေ နှစ်စဉ်နီးပါး ဖြစ်လို့လာနေပါပြီ။ဒါကြောင့် အင်းလေးကန် ထဲက ဗေဒါ ရေမှော်နဲ့ ကျွန်းမျော ပျက်တွေကို ဖယ်ရှားရေး ဟာလည်း အင်းလေးကန် ရေရှည်တည် တံ့ဖို့ လုပ်ငန်းတခုပါပဲ။ ၁၉၉၇ခုနှစ်တုံးက တောင်ကြီး (ရပခ) တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် မောင်ဘို ကတော့ ညောင်ေ ရွှလှေ ဆိပ်ကို လာဆိုက်တဲ့ စက်လှေတိုင်း ရေမှော်ဗေဒါတွေ ဆယ်ယူလာခဲ့ရမယ် မဆယ်တဲ့ စက်လှေ သမား ရေနှစ်အပြစ်ပေးတဲ့ အာဏာရှင်နည်းနဲ့ဖြေရှင်းခဲ့ဖူးပေမယ့် ဒီနည်းနဲ့ အလုပ်မဖြစ်ခဲ့ပါဘူး ။မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ၊နော်ဝေနဲ့ အမေရိကန် ။နိုင်ငံတို့ကနေ မတည်ကူညီငွေ ဒေါ်လာ၂သန်းေ ကျာ် လက္ခံရရှိ ထားပြီး အင်းလေးကန်ေ ရခမ်းခြောက်မှု ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေတာမို့ ဒီကိစ္စတွေနဲ့ ပါတ်သက်လို့ လက်တွေ့ကျပြီး အကျိုးလည်း ရှိနိုင်မယ့် နိုင်ငံခြားက ဥပမာတွေကို နမူနာယူ ကြည့်ရအောင်။







ကမ္ဘာ့အရှည်ဆုံးမြစ် နိုင်းမြစ်ကြီး စီးဝင်ရာ အာဖရိက ဗစ်တိုရီးယားရေကန်ကြီိးဟာ နိုင်ငံ၃နိုင်ငံ (ယူဂန်ဒါ၊ ကင်ညာ၊ တန်ဇန်နီးယား) တို့နဲ့ထိစပ် နေပါတယ်။ အဲဒီကန်ကြီးဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံးရေချိုကန် ကြီး တခုဖြစ်သလို စတုရန်း မိုင်ပေါင်း(၂၆၆၀၀) ကျယ်ဝန်းပါတယ်၊၊နှစ်ပေါင်း (၄)သိန်း သက်တမ်း ရှိပါ တယ်။ (၃)ကြိမ်လောက်ကို ကန်ရေတွေ ခမ်းခဲ့ ဖူးပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၇၃၀၀) ၀န်းကျင်မှာရေခမ်း    ခြောက် တုံးကဆိုရင် (၁၄၇၀၀) ခုနှစ်လောက် ကိုရောက်မှ ရေတွေပြန် ပြည့်နိုင်ခဲ့တာမို့ နှစ်ပေါင်း ၂၆၀၀ နီးပါး ရေပြတ်တောက်လို့ နေခဲ့ဖူးပါတယ်။အဲဒီလိုမျိုး ၀ိသေသထူးတဲ့ ကန်ကြီးထဲက ဗေဒါပင်များအရေး ဟာလည်း ကမ္ဘာကျော် ပြသနာတခုပါပဲ။ ဗစ်တိုးရီးယား ကန်ကြီး ထဲက ရေမှော်နဲ့ ဗေဒါပြသနာ ဘယ်ေ လာက်ကြီးမား သလဲဆိုရင် အရင် လူစည်းကားခဲ့တဲ့ လှေသင်္ဘော ဆိပ်ကမ်းတွေ ဗေဒါပိတ်ဆို့ ကုန်ြ ပီး ကျေးရွာဝင်ထွက် လမ်းတွေပျောက် ရပ်ပျက်၊ ရွာပျက်ကုန်တဲ့ အဖြစ်မျိုး လူတွေ သန်းနဲ့ချီ စီးပွားပျက်   နေရာရွှေ့ပြောင်း ပြေးသွားကြကုန်တဲ့ အခြေအနေမျိုးပါ။ ဗစ်တိုးရီးယား ကန်ကြီးနဲ့ ဆက်စပ်ရာဒေသ  တွင်း လူသားသန်း(၃၀) ဆက်လက်ပြီး ရပ်တည်ရှင်သန်နိုင်ရေး အတွက် ဗေဒါ ၊ရေမှော်ဖုံးလွှမ်းမှု အန္တ ရယ်ကို ဖြေရှင်းဖို့ နည်းမျိုးစုံကို အာဖရိက ၃နိုင်ငံ အစိုးရတင် မကနိုင်ငံတကာ အနေနဲ့ပါ ၀ိုင်းဝန်းစဉ်း  စား လာရပါတော့တယ်။ ၁၉၈၈ခုနှစ် ကစပြီး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံလို့ ဗေဒါရှင်း လင်းေ ရး ဆောင်ရွက်ခဲ့ရာမှာ ယူဂန်ဒါနိုင်ငံ ကမ်ပါလာ  မြို့တော်မှာ ဗေဒါ ၊ရေမှော် နှိမ်နင်းရေး စူးစမ်းလေ့လာဖို့ အတွက် ကုမ္မဏီကြီးငယ် အသွယ်သွယ် လာရောက်ပြီးရုံး စိုက်ခဲ့ကြ ပါတယ်။ အဲဒီနည်းလမ်း အပြင် စက်ယန္တရားကြီး များသုံးပြီး ဗေဒါနဲ့ ရေမှော်တွေ ဆယ်ယူဖယ်ရှား ပြစ်ဖို့လည်း တမျိုးထပ် စီစဉ်ကြပြန် ပါတယ်။ ဒီစဉ်းစားမှု ကိုတော့ အာဖရိက ဆင်းရဲတွင်းကျ အစိုးရပိုင်း များက သိပ်ကို သဘောတွေ့ မနောေ ခွ့ ကြပါတယ်။ အာဏာအားပြု ပြီးတံစိုးနဲ့ လက်ဆောင် လဒ်စားရ တာကြောင့်မို့ပါ။
ကမ္ဘာ့ဘဏ် အနေနဲ့ ဗစ်တိုးရီးယား ကန်ကြီးထဲက ဗေဒါနဲ့ ရေမှော်တွေ ရှင်းဖို့ချည်း သက်သက် ဗစ်တိုးရီး ယား ကန်သဘာဝ ၀န်းကျင် စီမံခန့်ခွဲမှု ပရိုဂျက်အဖြစ် အမေရိကန် ဒေါ်လာ(၉.၃)သန်း ထုတ်ပေးခဲ့ ပါ တယ်။တကယ့်တကယ် အလုပ်ဖြစ်ခဲ့ သလား ဆိုရင်တော့ ၁၉၉၉ခုနှစ် အရောက် ကင်ညာနဲ့ ယူဂန်ဒါ ကမ်းခြေဖက်ဒေသ ရေပြင်ဧရိယာ ဟက်တာ (၁၂၀၀၀၀)  လောက်ကို ဗေဒါနဲ့ ရေမှော်တွေ ထပ်မံဖုံး  လွှမ်း ခံခဲ့ရသလို ရုတ်ခြည်း ရေခမ်းခြောက် တာတွေပဲ အဖတ်တင် ပါတယ်။
အဲဒီလို အခက်ခဲတွေ အောက်မှာပဲ ဗစ်တိုးရီးယား ကန်ကြီးအတွက် ကယ်တင်ရှင်အဖွဲ့တဖွဲ့ မထင်မှတ် ပဲ ပေါ် ထွက်လာခဲ့ပါ တော့တယ်။ ဒါကတော့ သြစတေးလျ ကုမ္မဏီတခုရဲ့ လူသိမများတဲ့ ဇီဝထိန်းသိမ်း
ရေး ဆိုင်ရာရေမှော် ၊ဗေဒါ တားဆီးနှိမ်နင်းရေး အဖွဲ့ငယ်လေး တခုပါ။ သူတို့မှာ (Neochetina weevil )လို့ ခေါ်တဲ့ တောင်အမေရိကတိုက် ဒေသဇာတိ အပင်စား ပိုးတောင်မာ တမျိုးကို သုံးပြီး ပါပူဝါ နယူးဂီနီ ရှိစီိပစ်မြစ်ထဲက ပိတ်ဆို့ ဗေဒါနဲ့ ရေမှော်တွေ ဖယ်ရှားပြစ်နိုင်ခဲ့တဲ့ လုပ်ဆောင် အောင်မြင်မှု  အတွေ့အကြုံ အများကြီးရှိပါတယ်။
၁၉၉၆  ခုနှစ်လောက် ကတည်းကစက်ယန္တရားကြီးတွေ ဓါတုဆေးဝါး တွေအသုံးပြုပြီး ဗစ်တိုးရီးယား ကန်ကြီးထဲက ဗေဒါ ၊ရေမှော် ရှင်းလင်းရေး အစီအစဉ်အစား ဇီဝထိန်းသိမ်းခြင်း နည်းနာကို ပြောင်းလဲ
အသုံးချဖို့ ဓနသဟာယ သိပ္ပံနှင့် စက်မှုနည်း ပညာအဖွဲ့ (CSIRO) ဇီဝပညာရှင် ဒေါက်တာမိုက်ဂျူလီယံ ကိုယ်တိုင် သူတို့ရဲ့ ပါပူဝါ နယူးဂီနီက စီပစ်မြစ် အတွင်း ဗေဒါရှင်းလင်းရေးစီမံကိန်း အောင်မြင်ချက်
တွေကို ရှင်းလင်း မပြီးမီနဲ့ ရှင်းပြီးနောက်ပိုင်း ဓါတ်ပုံတွေနဲ့ နှိုင်းယှဉ်ကာ ရေရှည်မှာ အကျိုးရှိပြီး ဒီထက် ပို ကောင်းဖွယ်ရာ နည်းလမ်းမမြင်လို့ အာဖရိက ခေါင်းဆောင်တွေကို သဘောပေါက်အောင် ရှင်းလင်း
ပြခဲ့ပါတယ်။




ဗေဒါတွေမရှင်းမီ Port Blea ဆိပ်ကမ်း



ဗေဒါတွေရှင်းပြီးနောက်



(Neochetina weevil) ခေါ် အပင်စားတဲ့ ပိုးတောင်မာ လေးတွေဟာ အခြားရွက်စား အင်းဆက်ပိုးတွေလို အရွက်သက်သက် စားသုံးတာ မဟုတ် အပင်ဖြစ်မယ့် အစိတ်အပိုင်း တွေအားလုံးကို စားသုံးတတ်တဲ့ သဘော သဘာဝ ရှိပါတယ်။ပထမ အရွက်တွေကို စားရာကနေ နောက်ပိုင်းမှာ အရွက်၊ ရိုးတံ၊ ပင်စည်နဲ့ အဖူးအပွင့် တွေပါအကုန် စားပြစ်လိုက် တာမို့ အဲဒီအပင် ဆက်လက် မရှင်သန်နိုင်တဲ့ ဘ၀ရောက်သွား ရပါတော့တယ်။ပြီးတော့လည်း ဒီပိုးတောင်မာလေးတွေက ရေထဲက ဗေဒါနဲ့ ရေမှော် ပင်တွေကိုသာ အရမ်း ကြိုက်ပါတယ်။ဒီတော့ ကင်ညာက သိပ္ပံပညာရှင် တွေကို သြစတေးလျ ကိုခေါ် သင်တန်းတချို့တက်ခိုင်းသ လို အရပ်သားများကိုလည်း ပိုးတောင်မာ လေးတွေကို ပြုစုပျိုးထောင် နည်းများနဲ့ ဆက်လက် မျိုးပွားစေ ဖို့ ရေကန်။ အိုင်များကို ဘယ်လို စီမံပေးရလဲ ဆိုတဲ့ လက်တွေ့လုပ်ငန်း တွေကို (C S I R O) အဖွဲ့က ပို့ချပေးပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၇ ခုနှစ် လောက်ကစပြီး ဗစ်တိုးရီးယား ရေကန်ကြီးရဲ့ ကင်ညာနိုင်ငံ ဖက်နဲ့ ယူဂန်ဒါ နိုင်ငံဖက် ခြမ်းတွေမှာ ပိုးတောင်မာလေး တချိ့ကို စလွှတ်ခဲ့နိုင်ခဲ့ပါပြီ။

၁၉၉၉ခုနှစ်မှာ (CSIRO) ဇီဝပညာရှင် ဒေါက်တာ မိုက်ဂျူလီယံ ကိုယ်တိုင် ပိုးတောင်မာလေးတွေရဲ့ တိုး တက် မှုအခြေ အနေ အရပ်ရပ်ကို လာကြည့်တဲ့ အခါမှာ အဲဒီဖက်အပိုင်း မှာရှိတဲ့ဗေဒါတွေ သိသိသာ သာကြီး ပျောက်ကွယ်လို့ သွားတာ ကို တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီလို ပါမွှား ပိုးတောင်မာလေးရဲ့ စွမ်းအားကို ယုံကြည်မှု မရှိပဲ ပျက်ရယ်ပြု ကြတဲ့ အစိုးရပိုင်း ကတော့ စက်ယန္တရားကြီးတွေ အားကိုးနဲ့ ဗေဒါတွေကို အချိန်တို အတွင်းရှင်းလင်းဖို့ပဲ ဆက်လက် ဆန္ဒပြင်းပြ နေကြဆဲပါ။ ဒါကြောင့် အမေရိကန်နိုင်ငံ ကနေ စက်ယန္တရားကြီး များတင်သွင်းပြီး ဗေဒါတွေ ရှင်းကြည့်ပါတယ်။ ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စက်ကြီးတွေ ဗစ်တိုးရီးယား ကန်စောင်းသို့ ရောက်လာပြီး ဗေဒါပင် ဟက်တာ (၃၀၀)လောက် ကိုသာ ရှင်းလင်းနိုင် ခဲ့ပေမယ့်လည်း သိပ်မကြာခင် မှာကိုဗေဒါတွေ ပြန်ဖုံးလွှမ်း ပိတ်ဆို့သွား ကုန်တဲ့ အဖြစ်နဲ့ ထပ်ကြုံရ ပြန်ပါတော့တယ်။

ဗေဒါရှင်း စက်ယန္တရား တွေဝယ်ယူ စရိပ်ငွေ ဒေါ်လာ တစ်သန်းခွဲ လောက်လည်း အလဟသ ဖြစ်သွာြး ပန်ပါပြီ။ ဒေါ်လာ ၁ သန်းခွဲ ဆိုတဲ့ငွေဟာ အာဖရိကရှိ ဆင်းရဲတွင်း ကျနိုင်ငံတွေ အဖို့တော့ အင်မတန်ကို နစ်နာဆုံးရှုံး မှုကြီးတရပ်ပါပဲ။(မြန်မာပြည်က အင်းလေးကန် ထိန်းသိမ်းရေး အတွက်ကုလသမဂ္ဂ နဲ့  နော်ဝေအစိုးရ တို့ရဲ့ အကူအညီ ဒေါ်လာ၂ သန်းခွဲ ကျော်ကိုလည်း ဒီအဖြစ်မျိုးတွေနဲ့ ကြုံပြီး အလဟသ မဆုံးရှုံးသွား ရလေအေင် နှိုင်းဆဆင်ခြင် သုံးသပ်ပြီး တကယ် အကျိုးရှိအောင် သုံးဖို့ကြ လိုပါလိမ့်မယ်။)

ဒါကြောင့်မို့ စက်ယန္တရားကြီးတွေနဲ့ ဓါတုဆေးဝါးတွေအစား ဇီဝထိန်းသိမ်းမှုနည်းပညာ (တနည်းအားဖြင့် ပိုးတောင်မာ ကောင်လေးတွေ) ကိုသုံးပြီး ဗေဒါ၊ရေမှော်တွေဆက်ရှင်းကြဖို့ ကမ္ဘာ့သိပ္ပံ ပညာရှင် အတော် များများက အာဖရိက ၃ နိုင်ငံ ခေါင်းဆောင်တွေကို ၀ိုင်းဝန်း အကြံပြုပါတယ်။ တဖက်ကလည်း ဗစ်တိုး ရီးယား ကန်ကြီးကို မှီပြီး ကန်ပါတ်လည် မှာတောင်ယာ စိုက်ပျိုးလုပ်ကိုင် သူများနဲ့ ပရဆေးဝါး ရှာဖွေေ ရာင်းချ အသက်မွေး နေကြရတဲ့ ဒေသခံ တိုင်းရင်း သား တွေကိုယ်တိုင် ကပါ အစိုးရ အနေနဲ့ ဓါတုဆေး ၀ါးတွေ ကိုသုံးပြီး ဗေဒါရှင်း ခဲ့ရင် ဆေ၀ါး များရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ကန်ကြီးအပေါ် မှီတည်နေ ရတဲ့ သူတို့ဘ၀တွေ ပျက်စီး ကုန်ကြလိမ့်မယ်လို့ စာဒကတက် လာကြပါတယ်။ နောက်ဆုံးမှာတော့ အစိုးရ နဲ့ ကျန်တဲ့အင်အား စုတွေကြားက (၁၀)နှစ်ကြာ အယူအဆ တိုက်ပွဲတခု ကနေပြီး ဓနသ ဟာယ သိပ္ပံနဲ့ စက်မှုနည်းပညာ အဖွဲ့(C S I O ) ရဲ့ Neochtina weevilခေါ် အပင်စားတဲ့ ပိုးတောင်မာ လေးတွေ အသုံြး ပုတဲ့ ဇီဝထိန်းသိမ်းခြင်း နည်းပညာ အသုံးပြုရေး အဆို အောင်မြင်သွား ပါတော့တယ်။ ထိထိရောက်ရောက် အလုပ်ဖြစ်နိုင်တဲ့ အကြောင်းရင်း ကိုလည်း လက်တွေ့မှာ သက်သေပြ နိုင်ခဲ့ပါပြီ။ ဗေဒါနဲ့ ရေမှော်ပြသနာ အပေါ်မှာ အာဖရိက ၃နိုင်ငံ အစိုးရပိုင်း တို့ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပိုင်းရဲ့စဉ်းစားမှု တွေနဲ့ လူသား တို့ရဲ့ သိပ္ပံပညာအပေါ် တိမ်းညွတ်မှု တို့ အကြားက  (၁၀)နှစ်ကြာ အယူအဆ တိုက်ပွဲကြီးတခုလည်းပြီးဆုံး လို့သွားခဲ့ပါပြီ။

အခု ဆိုရင်ဖြင့် ဗစ်တိုးရီးယား ကန်ကြီးထိန်းသိမ်းရေး အတွက် နိုင်ငံတကာက ပေးလာတဲ့ နောက်ထပ် အကူ အညီငွေ အမေရိကန် ဒေါ်လာ(၇၇)သန်းကို ငါးဖမ်းအစားထိုး လုပ်ငန်းများ ဖေါ်ဆောင်ဖို့၊ ရွှံ့၊နွံ့
တားဆီး ရှင်းလင်းရေးနဲ့ ချို့တဲ့အဟာရ တိုက်ကျွေးရေး တို့လို  ခေါင်းစဉ်မျိုးတွေ အောက်မှာ လူထုအများ စု အကျိုးအတွက် ဆက်လက် အသုံးချသွား နိုင်ခဲ့ပါပြီ။
အာဏာရှိ သူအစိုးရ တွေကိုယ်တိုင် တံစိုးမဖက် လဒ်မစားပါမှ လူသားနဲ့ သဘာဝပါတ်ဝန်းကျင် စိမ်းလန်း ရှင်သန်နိုင်ကြမယ့် အဖြစ်ပါ ။မြန်မာနိုင်ငံက အင်းလေးကန် ကြီးကိုရေတွေ ခမ်းခြောက်ကာကန်ကောကြီး ဘ၀မျိုးနဲ့ ပျောက်ကွယ် လို့ ဖြင့်မသွားရ လေအောင် အချိန်မီ ၀ိုင်းထိန်းသိမ်း နိုင်ကြပါစေ။

by----------W L 4 (youth for futur Inlay )



No comments:

Post a Comment